အသည်းယားဖို့ကောင်းလောက်အောင် ရုပ်ပြောင်ပုံစံအမျိုးမျိုးကိုလုပ်ပြခဲ့တဲ့ အသည်းလေး ထိပ်ထားသခင်

အသည်းယားဖို့ကောင်းလောက်အောင် ရုပ်ပြောင်ပုံစံအမျိုးမျိုးကိုလုပ်ပြခဲ့တဲ့ အသည်းလေး ထိပ်ထားသခင်





[UNICODE FONT]

ထိပ်ထားသခင်ဆိုရင် ပရိသတ်တွေက စကားပြောတတ်လွန်းတဲ့ ကလေးလေးတစ်ယောက်မို့ ချစ်ခင်အားပေးခဲ့ကြတာပါ။ ချစ်စရာအမူအရာလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ ထိပ်ထားသခင်လေးဟာ ယခုဆိုရင်အနုပညာလောကမှာပါ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေပါပြီ။ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေဖြစ်ကြတဲ့ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်တို့နဲ့အတူ ရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တဲ့ ထိပ်ထားသခင်ဟာ နီနီခင်ဇော်၊ ဖွေးဖွေးတို့နဲ့အတူ ကြေငြာတွေလည်းရိုက်ကူးခဲ့ရပါတယ်။

အရွယ်လေးငယ်သလောက် မသင်ပေးဘဲ တတ်တဲ့ သူမရဲ့စကားပြောကြွယ်တဲ့စွမ်းရည်ဟာလည်း ပရိသတ်တွေအတွက် ချစ်စရာတစ်ခုဖြစ်နေပြန်ပါတယ်။ ထိပ်ထားသခင်လေးဟာ အရွယ်နဲ့မလိုက်အောက် စကားပြောတတ်တာကြောင့် ပရိသတ်အချို့ရဲ့ တိုက်ခိုက်မှုတွေကိုလည်း ကလေးတန်မဲ့ ခံနေရတာဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဒေါ်မြသင်းကြူတစ်ယောက် အပြောအဆိုခံနေရတဲ့ သမီးလေးအတွက် စိတ်မကောင်းဖြစ်ပြီး အနုပညာလောကထဲကနေ ထုတ်ပစ်ဖို့အထိ ကြိုးစာခဲ့တယ်လို့ ဆိုပါတယ်။

ထိပ်ထားသခင်လေးဟာ စကားပြောကြွယ်ရုံတင်မကဘဲ မျက်နှာအမူအရာအမျိုးမျိုးကိုလည်း ကြည့်ရှုသူပရိသတ်အသည်းယားအောင် လုပ်ပြတတ်သူဖြစ်ပါတယ်။ ရုပ်ပြောင်အမူအရာလေးတွေနဲ့ ပရိသတ်တွေကို အသည်းယားအောင်လုပ်ပြတတ်တဲ့ ထိပ်ထားသခင်ရဲ့ ရုပ်ပြောင်ဒီဇိုင်းအမျိုးမျိုးကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်။

Photos-We Love ထိပ်ထားသခင်

Comments are closed.