သူဌေးကတော်တစ်ယောက်ဖြစ်ပေမယ့် ရိုးရှင်းတဲ့ဘဝ ကိုသာတပ်မက်တဲ့ နန္ဒာလှိုင်အကြောင်းကို ပြသလာတဲ့ ဇေသီဟ

ဗီဒီယိုခေတ်ကတည်းက မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကို လူကြီး၊ လူငယ် ပရိသတ်တိုင်းလိုလို ချစ်ကြမယ် ထင်ပါတယ်။ စွဲဆောင်မှုရှိပြီး ပြေပြစ်လှပလွန်းတဲ့ နန္ဒာလှိုင်က အိမ်ထောင်ကျပြီး ကလေးသုံးယောက် ရသွားသည့်တိုင် အခုချိန်ထိ လှသွေးကြွယ်နေဆဲ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး မိသားစုအတွက် အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်နဲ့သာမက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူဟာလည်း သူဌေးတစ်ယောက်ဖြစ်သလို သူမရဲ့မိဘမျိုးရိုးစဉ်ဆက်ကလည်း ချမ်းသာပြည့်စုံပြီးသားဖြစ်တဲ့ နန္ဒာလှိုင်ဟာ အစစအရာရာပြည့်စုံတဲ့ဘဝမှာရှိပေမယ့် ရိုးရှင်းမှုကိုသာ လိုလားကြောင်း ဇေသီဟက ပြောလာပါတယ်။ “တဖက်အိမ်က ပွင့်နေတဲ့ပန်းကို လိုချင်လို့ ခြံရှင်ကို လှမ်းအော်ပြောပြီး ကိုယ်တိုင်ခူးနေတဲ့ နန္ဒာ” ဆိုပြီး ဝယ်လိုက်ရင်ရတဲ့ပန်းကို ခက်ခက်ခဲခဲကိုယ်တိုင်ခူးတာမှလိုချင်တဲ့ ဇနီးဖြစ်သူနန္ဒာလှိုင်အကြောင်း ပြသလာတာပဲဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ အလှူအတန်းတွေများစွာကိုပြုလုပ်လို့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကိုတောင် ချီးမြှင့်ခံထားရပေမယ့် သူမရဲ့အပြင်ကနေထိုင်မှုပုံစံကတော့ အရမ်းကိုရိုးရှင်းလွန်းလှတာ ပရိသတ်ကြီးမြင်တဲ့အတိုင်းပါပဲ

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*