ေငြေၾကးစီမံခန္႔ခြဲမႈမွာ ၿပိဳင္စံရွားတဲ့ ဘီလ်ံနာႀကီးေတြက ဘယ္သူေတြလဲ

ေငြေၾကးစီမံခန္႔ခြဲမႈမွာ ၿပိဳင္စံရွားတဲ့ ဘီလ်ံနာႀကီးေတြက ဘယ္သူေတြလဲ

ဝန္ထမ္းတစ္ေယာက္ဟာ လစာ (၃) သိန္းရတယ္။ အဲဒီအခ်ိန္တုန္းက ရုံးျပန္ရင္ လက္ဖက္ရည္ဆုိင္ ထုိင္တဲ့အက်င့္ပဲ ရွိေသးတယ္။ တစ္လ (၅) သိန္းရလာေတာ့ လက္ဖက္ရည္ဆုိင္ထုိင္တဲ့အက်င့္ကေန ဘီယာဆုိင္ထုိင္တဲ့ အက်င့္ကုိ ေျပာင္းသြားတယ္။ အခ်ိန္ၾကာလာတာနဲ႔အမ်ွ ဝင္ေငြလစာတုိးလာတာ မွန္ေပမယ့္ အသုံးစရိတ္ကလည္း “က်ားႀကီး ေျခရာႀကီး” ျဖစ္လာၾကတယ္။ ဒါ့ေၾကာင့္ လစာတုိးလာေပမယ့္ ပုိက္ဆံပုိ မစုမိေတာ့ဘူး။ သာမန္လူေတြဟာ ဝင္ေငြေကာင္းလာရင္ အသုံးစရိတ္ပုိလာေပမယ့္ ကုိယ့္ထူးကုိယ္ခြ်န္ဘီလ်ံနာေတြမွာေတာ့ ေငြေၾကးစီမံခန္႔ခြဲမႈအပုိင္းမွာ အတုယူစရာေတြ အမ်ားႀကီးပါ။ ဘယ္သူေတြဆီက အတုယူရမလဲ။

(၆) Mark Zuckerberg

Mark Zuckerberg ဆုိတဲ့ပုဂၢိဳလ္က နာမည္ေက်ာ္လူမႈကြန္ရက္ Facebook ကုိ တည္ေထာင္ထားသလုိ အသားတင္ၾကြယ္ဝမႈ ေဒၚလာ ၅၃.၁ ဘီလီယံ (ေဒၚလာ ၅၃,၁ဝဝ သန္း) အထိ ပုိင္ဆုိင္သူပါ။ ဘီလ်ံနာဆုိေပမယ့္ ၾကြားၾကြားဝါဝါ မေနထုိင္ဘဲ မီးခုိးေရာင္တီရွပ္နဲ႔ ဂ်င္းေဘာင္းဘီကုိသာ ဝတ္ဆင္ေလ့ရွိပါတယ္။ ဘယ္ေလာက္အထိ ၿခိဳးၿခိဳးျခံျခံေနထုိင္လဲဆုိရင္ သူ႕ေမာ္ေတာ္ကားက ေဒၚလာသုံးေသာင္းပဲ က်သင့္တဲ့ Volkswagen GTI အမ်ိဳးအစားျဖစ္ပါတယ္။

(၅) Warren Buffett

စီးပြားေရးဂုရုႀကီး Warren Buffett ဆုိရင္ ပုိက္ဆံကုိ မလုိအပ္တဲ့ေနရာမွာ မသုံးဘူး။ “မလုိအပ္တာေတြ ဝယ္ေနရာ လုိအပ္တာေတြ ထုတ္ေရာင္းရမယ္” ဆုိတာ သူ႕လက္သုံးစကား။ Berkshire Hathaway လုပ္ငန္းစုႀကီးရဲ႕ CEO ျဖစ္ေပမယ့္ သူေနတဲ့အိမ္က ေဒၚလာသုံးေသာင္းေက်ာ္ပဲရွိတယ္။ ၁၉၅၈ခုႏွစ္တုန္းက (၆,ဝဝ၀) စတုရန္းေပရွိတဲ့ အိမ္ေလးကုိ ၃၁,၅ဝဝ ေဒၚလာေပးဝယ္လုိက္တယ္။ လက္ရွိအခ်ိန္မွာ ေဒၚလာ ၈၃.၆ ဘီလီယံ (ေဒၚလာ ၈၃,၆ဝဝ သန္း) အထိ ၾကြယ္ဝေနေပမယ့္ အိမ္ေဟာင္းမွာပဲ အေျခခ်တုန္းပါ။

(၄) Charlie Ergen

ေယာက္်ားေလးအမ်ားစုက ရုံးကုိ ထမင္းခ်ိဳင့္ ယူမသြားခ်င္ဘူး။ အျပင္မွာပဲ ဝယ္စားခ်င္ၾကတယ္။ မလုိအပ္ဘဲ ေငြထြက္ေပါက္ျဖစ္ကုန္တာေပါ့။ Dish Network ရဲ႕ တည္ေထာင္သူျဖစ္တဲ့ Charlie Ergen ဆုိရင္ ေဒၚလာ ၉.၆ ဘီလီယံ (ေဒၚလာ ၉,၆ဝဝ သန္း) အထိကုိ ခ်မ္းသာတယ္။ ဒါေပမယ့္ အမ်ိဳးသမီးထုတ္ေပးလုိက္တဲ့ ထမင္းခ်ိဳင့္ကုိ ရုံးကုိ သယ္သြားတုန္းပဲ။ ေန႔လယ္စာအတြက္ အပုိေငြကုန္မခံႏုိင္တဲ့ ဘီလ်ံနာႀကီးပါ။

(၃) John Caudwell

Phones 4u ဖုန္းအေရာင္းဆုိင္ေတြကုိ တည္ေထာင္ထားတဲ့ John Caudwell ဟာ ေဒၚလာ ၂.၄ ဘီလီယံ (ေဒၚလာ ၂,၄ဝဝ သန္း) အထိကုိ ၾကြယ္ဝသူပါ။ တျခားဘီလ်ံနာေတြ ပုိက္ဆံေခြ်တာတယ္လုိ႔သာ ေရးရတာ John Caudwell က ႏွာတစ္ဖ်ားသာတယ္။ အရင္တုန္းကဆုိရင္ ဆံပင္ညွပ္ခကုိေတာင္ အပုိမကုန္ခံႏုိင္လုိ႔ ဆံပင္ကုိေတာင္ ကုိယ္တုိင္ညွပ္တဲ့ ဘီလ်ံနာႀကီးပါ (ဆီဖုိးကုန္မွာေၾကာက္လုိ႔လား မသိ၊ အခုေတာ့ ကတုံးနဲ႔ျဖစ္သြားၿပီ)။ အဝတ္အစားနဲ႔ ပတ္သက္ရင္လည္း Marks & Spencer ကေနပဲ ဝယ္ယူပါတယ္္တဲ့။

(၂) Amancio Ortega

Low Profile နဲ႔ ေနထုိင္တဲ့ ဘီလ်ံနာကုိ လက္ညွိဳးထုိးျပပါဆုိရင္ Zara သူေဌးႀကီး Amancio Ortega ပဲ။ သူဟာ မီဒီယာေတြကုိ အင္တာဗ်ဴးလက္ခံေလ့မရွိဘဲ ထင္ထင္ေပၚေပၚလည္း မေနတဲ့အတြက္ သူ႕ ဓာတ္ပုံကုိ သိပ္မေတြ႕ ရဘူး။ ဒါေပမယ့္ သူဟာ ေဒၚလာ ၆၅.၉ ဘီလီယံ (ေဒၚလာ ၆၅,၉ဝဝ သန္း) အထိကုိ ခ်မ္းသာတယ္။ ပုိက္ဆံအကုန္အက်မ်ားမွာစုိးလု႔ိ သူပုိင္တဲ့ Zara အထည္ေတြကုိေတာင္ မဝတ္ဖူး။ ေန႔လယ္စာ စားမယ္ဆုိရင္ ဝန္ထမ္းေတြနဲ႔အတူ ရုံးကန္တင္းမွာပဲ ဝုိင္းဖြဲ႕ စားျဖစ္တယ္။

(၁) Bill Gates

Bill Gates လုိ႔ေျပာလုိက္ရင္ Microsoft Corporation ရဲ႕ ပဲ့ကုိင္သူႀကီး၊ ပရဟိတသူရဲေကာင္းႀကီးလုိ႔ သိၾကမွာပါ။ သဒၶါတရားထက္သန္တဲ့ေနရာမွာ ႏွစ္ေယာက္မရွိသူျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ေဒၚလာ ၃၅.၈ ဘီလီယံ (ေဒၚလာ ၃၅,၈ဝဝ သန္း) အထိကုိ လွဴဒါန္းခဲ့ၿပီးပါၿပီ။ အလွဴအတန္းကိစၥမွာသာ လက္မတြန္႔ေပမယ့္ ေငြေၾကးသုံးစြဲမႈအပုိင္းမွာေတာ့ ေခြ်တာလွသူပါ။ အသားတင္ၾကြယ္ဝမႈ ေဒၚလာ ၉၅.၁ ဘီလီယံ (ေဒၚလာ ၉၅,၁ဝဝ သန္း) ပုိင္ဆုိင္တဲ့သူေဌးႀကီးအေနနဲ႔ သူဆႏၵရွိရင္ Patek Philippe ၊ Audemars Piguet ၊ Vacheron Constantin နဲ႔ Rolex တုိ႔လုိ နာရီေတြကုိ ဝတ္ဆင္ႏုိင္သူပါ။ ဒါေပမယ့္ သူကေတာ့ ဆယ္ေဒၚလာပဲ ေပးရတဲ့ Casio နာရီကုိပဲ ဝတ္ဆင္ပါတယ္။ Bill Gates ဝတ္တဲ့ နာရီက ျမန္မာေငြႏွစ္ေသာင္းက်ပ္ မရွိပါဘူးေနာ္။

အခုေဖာ္ျပခဲ့တဲ့ ဘီလ်ံနာေတြကေတာ့ ပုိက္ဆံေခြ်တာတဲ့ ေနရာမွာ ၿပိဳင္စံရွားၿပီး  အတုယူထုိက္တဲ့သူေတြပါ။ ဒါေပမယ့္ သူတုိ႔ေတြဟာ လူသားအက်ိဳးနဲ႔ ပတ္သက္လာရင္ ႏွေျမာတြန္႔တုိမေနဘဲ လွဴဒါန္းတတ္သူေတြပါ။

Reference and Photo Credit – Time

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[UNICODE FONT]

ဝန်ထမ်းတစ်ယောက်ဟာ လစာ (၃) သိန်းရတယ်။ အဲဒီအချိန်တုန်းက ရုံးပြန်ရင် လက်ဖက်ရည်ဆိုင် ထိုင်တဲ့အကျင့်ပဲ ရှိသေးတယ်။ တစ်လ (၅) သိန်းရလာတော့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အကျင့်ကနေ ဘီယာဆိုင်ထိုင်တဲ့ အကျင့်ကို ပြောင်းသွားတယ်။ အချိန်ကြာလာတာနဲ့အမျှ ဝင်ငွေလစာတိုးလာတာ မှန်ပေမယ့် အသုံးစရိတ်ကလည်း “ကျားကြီး ခြေရာကြီး” ဖြစ်လာကြတယ်။ ဒါ့ကြောင့် လစာတိုးလာပေမယ့် ပိုက်ဆံပို မစုမိတော့ဘူး။ သာမန်လူတွေဟာ ဝင်ငွေကောင်းလာရင် အသုံးစရိတ်ပိုလာပေမယ့် ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာတွေမှာတော့ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းမှာ အတုယူစရာတွေ အများကြီးပါ။ ဘယ်သူတွေဆီက အတုယူရမလဲ။

(၆) Mark Zuckerberg

Mark Zuckerberg ဆိုတဲ့ပုဂ္ဂိုလ်က နာမည်ကျော်လူမှုကွန်ရက် Facebook ကို တည်ထောင်ထားသလို အသားတင်ကြွယ်ဝမှု ဒေါ်လာ ၅၃.၁ ဘီလီယံ (ဒေါ်လာ ၅၃,၁ဝဝ သန်း) အထိ ပိုင်ဆိုင်သူပါ။ ဘီလျံနာဆိုပေမယ့် ကြွားကြွားဝါဝါ မနေထိုင်ဘဲ မီးခိုးရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်လေ့ရှိပါတယ်။ ဘယ်လောက်အထိ ခြိုးခြိုးခြံခြံနေထိုင်လဲဆိုရင် သူ့မော်တော်ကားက ဒေါ်လာသုံးသောင်းပဲ ကျသင့်တဲ့ Volkswagen GTI အမျိုးအစားဖြစ်ပါတယ်။

(၅) Warren Buffett

စီးပွားရေးဂုရုကြီး Warren Buffett ဆိုရင် ပိုက်ဆံကို မလိုအပ်တဲ့နေရာမှာ မသုံးဘူး။ “မလိုအပ်တာတွေ ဝယ်နေရာ လိုအပ်တာတွေ ထုတ်ရောင်းရမယ်” ဆိုတာ သူ့လက်သုံးစကား။ Berkshire Hathaway လုပ်ငန်းစုကြီးရဲ့ CEO ဖြစ်ပေမယ့် သူနေတဲ့အိမ်က ဒေါ်လာသုံးသောင်းကျော်ပဲရှိတယ်။ ၁၉၅၈ခုနှစ်တုန်းက (၆,ဝဝဝ) စတုရန်းပေရှိတဲ့ အိမ်လေးကို ၃၁,၅ဝဝ ဒေါ်လာပေးဝယ်လိုက်တယ်။ လက်ရှိအချိန်မှာ ဒေါ်လာ ၈၃.၆ ဘီလီယံ (ဒေါ်လာ ၈၃,၆ဝဝ သန်း) အထိ ကြွယ်ဝနေပေမယ့် အိမ်ဟောင်းမှာပဲ အခြေချတုန်းပါ။

(၄) Charlie Ergen

ယောက်ျားလေးအများစုက ရုံးကို ထမင်းချိုင့် ယူမသွားချင်ဘူး။ အပြင်မှာပဲ ဝယ်စားချင်ကြတယ်။ မလိုအပ်ဘဲ ငွေထွက်ပေါက်ဖြစ်ကုန်တာပေါ့။ Dish Network ရဲ့ တည်ထောင်သူဖြစ်တဲ့ Charlie Ergen ဆိုရင် ဒေါ်လာ ၉.၆ ဘီလီယံ (ဒေါ်လာ ၉,၆ဝဝ သန်း) အထိကို ချမ်းသာတယ်။ ဒါပေမယ့် အမျိုးသမီးထုတ်ပေးလိုက်တဲ့ ထမင်းချိုင့်ကို ရုံးကို သယ်သွားတုန်းပဲ။ နေ့လယ်စာအတွက် အပိုငွေကုန်မခံနိုင်တဲ့ ဘီလျံနာကြီးပါ။

(၃) John Caudwell

Phones 4u ဖုန်းအရောင်းဆိုင်တွေကို တည်ထောင်ထားတဲ့ John Caudwell ဟာ ဒေါ်လာ ၂.၄ ဘီလီယံ (ဒေါ်လာ ၂,၄ဝဝ သန်း) အထိကို ကြွယ်ဝသူပါ။ တခြားဘီလျံနာတွေ ပိုက်ဆံချွေတာတယ်လို့သာ ရေးရတာ John Caudwell က နှာတစ်ဖျားသာတယ်။ အရင်တုန်းကဆိုရင် ဆံပင်ညှပ်ခကိုတောင် အပိုမကုန်ခံနိုင်လို့ ဆံပင်ကိုတောင် ကိုယ်တိုင်ညှပ်တဲ့ ဘီလျံနာကြီးပါ (ဆီဖိုးကုန်မှာကြောက်လို့လား မသိ၊ အခုတော့ ကတုံးနဲ့ဖြစ်သွားပြီ)။ အဝတ်အစားနဲ့ ပတ်သက်ရင်လည်း Marks & Spencer ကနေပဲ ဝယ်ယူပါတယ်တဲ့။

(၂) Amancio Ortega

Low Profile နဲ့ နေထိုင်တဲ့ ဘီလျံနာကို လက်ညှိုးထိုးပြပါဆိုရင် Zara သူဌေးကြီး Amancio Ortega ပဲ။ သူဟာ မီဒီယာတွေကို အင်တာဗျူးလက်ခံလေ့မရှိဘဲ ထင်ထင်ပေါ်ပေါ်လည်း မနေတဲ့အတွက် သူ့ ဓာတ်ပုံကို သိပ်မတွေ့ ရဘူး။ ဒါပေမယ့် သူဟာ ဒေါ်လာ ၆၅.၉ ဘီလီယံ (ဒေါ်လာ ၆၅,၉ဝဝ သန်း) အထိကို ချမ်းသာတယ်။ ပိုက်ဆံအကုန်အကျများမှာစိုးလု့ိ သူပိုင်တဲ့ Zara အထည်တွေကိုတောင် မဝတ်ဖူး။ နေ့လယ်စာ စားမယ်ဆိုရင် ဝန်ထမ်းတွေနဲ့အတူ ရုံးကန်တင်းမှာပဲ ဝိုင်းဖွဲ့ စားဖြစ်တယ်။

(၁) Bill Gates

Bill Gates လို့ပြောလိုက်ရင် Microsoft Corporation ရဲ့ ပဲ့ကိုင်သူကြီး၊ ပရဟိတသူရဲကောင်းကြီးလို့ သိကြမှာပါ။ သဒ္ဓါတရားထက်သန်တဲ့နေရာမှာ နှစ်ယောက်မရှိသူဖြစ်ပြီး လက်ရှိအချိန်ထိ ဒေါ်လာ ၃၅.၈ ဘီလီယံ (ဒေါ်လာ ၃၅,၈ဝဝ သန်း) အထိကို လှူဒါန်းခဲ့ပြီးပါပြီ။ အလှူအတန်းကိစ္စမှာသာ လက်မတွန့်ပေမယ့် ငွေကြေးသုံးစွဲမှုအပိုင်းမှာတော့ ချွေတာလှသူပါ။ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၉၅.၁ ဘီလီယံ (ဒေါ်လာ ၉၅,၁ဝဝ သန်း) ပိုင်ဆိုင်တဲ့သူဌေးကြီးအနေနဲ့ သူဆန္ဒရှိရင် Patek Philippe ၊ Audemars Piguet ၊ Vacheron Constantin နဲ့ Rolex တို့လို နာရီတွေကို ဝတ်ဆင်နိုင်သူပါ။ ဒါပေမယ့် သူကတော့ ဆယ်ဒေါ်လာပဲ ပေးရတဲ့ Casio နာရီကိုပဲ ဝတ်ဆင်ပါတယ်။ Bill Gates ဝတ်တဲ့ နာရီက မြန်မာငွေနှစ်သောင်းကျပ် မရှိပါဘူးနော်။

အခုဖော်ပြခဲ့တဲ့ ဘီလျံနာတွေကတော့ ပိုက်ဆံချွေတာတဲ့ နေရာမှာ ပြိုင်စံရှားပြီး  အတုယူထိုက်တဲ့သူတွေပါ။ ဒါပေမယ့် သူတို့တွေဟာ လူသားအကျိုးနဲ့ ပတ်သက်လာရင် နှမြောတွန့်တိုမနေဘဲ လှူဒါန်းတတ်သူတွေပါ။

Reference and Photo Credit – Time

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Comments are closed.