အစာအဆိပ်​ဖြစ်​လို့ အလုပ်​​တွေအကုန်​နားလိုက်​ရတဲ့ စူးရှထက်

အစာအဆိပ်​ဖြစ်​လို့ အလုပ်​​တွေအကုန်​နားလိုက်​ရတဲ့ စူးရှထက်






credit- momolay

စူးရှထက်လို့ဆိုလိုက်ရင်တော့ ညှို့အားပြင်းတဲ့ကောက်ကြောင်းအလှတွေနဲ့ ရိုးရှင်းရဲ့သူမရဲ့မျက်နှာအပြင် ခိုင်မာတဲ့စိတ်ဓာတ်ရှိတဲ့ အမိုက်စားမော်ဒယ်တစ်ဦးလို့ ပရိသတ်တွေအားလုံးက သိထားကြတာပါ။ လတ်တလောမှာတော့ မော်ဒယ်စူးရှထက်ကတော့ အစာအဆိပ်ဖြစ်လို့ အလုပ်တွေအကုန်ဖျက်လိုက်ရတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ သူမကတော့ အလုပ်တွေများလို့ အစားမမှန်ပဲ အခုလိုဖြစ်သွားတာလို့လည်း သိရပါတယ်။

ပရိသတ်တွေအတွက် အစားအဆိပ်ဖြစ်လို့ အလုပ်တွေအကုန်နားထားရတဲ့ စူးရှထက်ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စူးရှထက်ကတော့ ” အလုပ်တွေများ မိုးတွေမိ အစားတွေမစားနိုင် စားလို့ရတဲ့အချိန်ကြတော့ စားလိုက်တာ အစားအဆိပ်ဖြစ်တာနေမယ် အခုတော့အိပ်ယာထဲမှာ မထနိုင်သေးလို့ပါ။ အလုပ်တွေ ပြောထားတာတွေအတွက်တောင်းပန်ပါတယ်နော်🙏🏻🙏🏻🙏🏻နေကောင်းတာနဲ့ ပြန်လုပ်ပါ့မယ်😢” ဆိုပြီး စိတ်မကောင်းစွာ သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

ရူးခါနေအောင်မိုက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ စူးရှထက်ကတော့ မကြာခဏဆိုသလို သူမရဲ့အလန်းစားပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်လေ့ရှိသူတစ်ဦးမို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အကြည့်အဝ ရရှိထားတာပါ။

စူးရှထက်ကတော့ နာကျင်ခဲ့တဲ့အတိတ်တွေကိုမေ့ထားပြီး လတ်တလောမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ မိဘကိုသိတတ်တဲ့ သမီးလိမ္မာလေး စူးရှထက်ကတော့ သူမရဲ့လုပ်အားခနဲ့ မိဘကိုလုပ်ကျွေးနေသူလေးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နေမကောင်းတဲ့ စူးရှထက် တစ်ယောက် အမြန်ဆုံး သက်သာပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

credit- momolay

Comments are closed.