ဆွဲချွတ်လိုက်တာနဲ့ ရဲစခန်းကို အရေးပေါ်ဖုန်းခေါ်ပေးပြီး ချွတ်တဲ့သူရဲ့မျက်နှာကို ပုံရိုက်ယူထားမယ့် အတွင်းခံလေး

ဆွဲချွတ်လိုက်တာနဲ့ ရဲစခန်းကို အရေးပေါ်ဖုန်းခေါ်ပေးပြီး ချွတ်တဲ့သူရဲ့မျက်နှာကို ပုံရိုက်ယူထားမယ့် အတွင်းခံလေး






[UNICODE FONT]

Seenu Kumari ဆိုတဲ့ကောင်မလေးဟာ 68 ဒေါ်လာတန် အမျိုးသမီးအတွင်းခံဘောင်းဘီဒီဇိုင်းကို မုဒိန်းမှုတွေ အလွယ်တကူမကျူးလွန်နိုင်အောင် ကျူးလွန်လည်း ဒီလိုလူကို အရေးယူနိုင်အောင် ထွင်လိုက်တာဖြစ်ပါတယ်။

ဒီမှာ ပါတဲ့ အဆင်အပြင်တွေကတော့ ဘောင်းဘီကို ချွတ်လိုက်တာနဲ့ အရေးပေါ်ဖုန်းကို ခေါ်ပြီးသားဖြစ်မှာဖြစ်ပြီး GPS ခြေရာခံနိုင်ပြီး ရဲတွေဟာ အမြန်ဆုံးရောက်လာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ပထမဆုံး သူမ ထုတ်လိုက်တဲ့ ဒီပန်းရောင် အောက်ခံဘောင်းဘီကို အိန္ဒိယမှာသာမက နိုင်ငံတော်တော်များများက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အခြေအနေနှစ်ရပ်ရှိလာနိုင်တာက ဒီအတွင်းခံသာ တွင်တွင်ကျယ်ကျယ် ဈေးကွက်မှာ ရောင်းဝယ်လာရင် မုဒိန်းကောင်တွေဟာ ဒီအတွင်းခံကို အမျိုးသမီးတွေ ဝတ်ထားနိုင်တယ်လို့ ထင်ပြီး လက်တွန့်ကာ နောက်ဆုတ်သွားကြမှာဖြစ်ပါတယ်။

အခြားအကြောင်းတရပ်ကတော့ ဒီအတွင်းခံဟာ နိုင်ငံခြားဈေးကွက်ကို ရောက်ခဲ့ရင်တော့ သုံးစရာအနေနဲ့ သူတို့ဟာ Porn ရုပ်ရှင်တွေထဲ ထည့်သုံးသွားနိုင်ပါတယ်။

အမျိုးသမီးလုံခြုံရေးအတွက် သီးသန့်အကြောင်းပြချက်နဲ့ ဖြန့်ချိဖို့သာ အလားအလာရှိပြီး အကြမ်းဖက်မှုကို လျှော့ချမယ်လို့ ဆိုပါတယ်တကယ်လို့သာ ဒီအတွင်းခံတွေ အမျိုးသမီးတိုင်း တော်တော်များများဝတ်လာနိုင်တာဆိုရင် ရဲစခန်းမှာ ဖုန်းတွေလာတာရပ်ပါတော့မလားလို့ တချို့က လှောင်ပြောင်ကြတာဖြစ်ပါတယ်။

Comments are closed.