အိမ္ေထာင္က်ၿပီးမွ အခ်စ္ေတြနဲ႕ တစ္ေန႕ တျခားပိုလို႔လွေသြးႂ ကြယ္လာတဲ့ အေခ်မင္းသမီးေလး ေ႐ႊမႈန္ရတီ

အိမ္ေထာင္က်ၿပီးမွ အခ်စ္ေတြနဲ႕ တစ္ေန႕ တျခားပိုလို႔လွေသြးႂ ကြယ္လာတဲ့ အေခ်မင္းသမီးေလး ေ႐ႊမႈန္ရတီ

အႏုပညာေလာကမွာ ထိပ္တန္းစာရင္းက ရပ္တည္ေနၿပီး အႏုပညာေၾကးအျမင့္ဆုံးမင္းသမီးေကာင္းတစ္လက္ျဖစ္တဲ့ ေ႐ႊမႈန္ရတီ ဟာ အႏုပညာပ်ိဳးခင္းရဲ႕ ေျမေတာင္ေျမာက္ေပးမႈကေန ဆင့္ သူမရဲ႕ ပိုင္နိုင္လွတဲ့ သ႐ုပ္ေဆာင္အရည္အခ်င္းတို႔ကိုပါ ေပါင္းစပ္လို႔ ေက်ာက္ရိုင္းတပြင့္လို အေရာင္တလက္လက္ ေတာက္ပလာခဲ့တဲ့ ေငြၾကယ္ပြင့္ေလးျဖစ္ၿပီး မၾကာေသးခင္ကမွ သူမရဲ႕ ခ်စ္သူျဖစ္တဲ့ အဆိုေတာ္ ေ႐ႊထူးနဲ႕ လက္ထပ္ခဲ့တာျဖစ္ပါတယ္။

အိမ္ေထာင္က်တာမၾကာေသးသလို ညားခါစပူပူႏြေးႏြေး အိမ္ေထာင္ေရးေလးနဲ႕အတူ ခ်စ္ရသူနဲ႕ လက္တြဲရခ်ိန္မွာ သဲတစ္ေယာက္ အေပ်ာ္ႀကီးေပ်ာ္ေနခဲ့သလို သူမရဲ႕ ခင္ပြန္းျဖစ္တဲ့ ေ႐ႊထူးကလည္း သူမကို မ်က္စိေအာက္ကအေပ်ာက္မခံနိုင္ေအာင္ ဂ႐ုစိုက္ပါတယ္လို႔ ဆိုပါတယ္။

အႏုပညာရွင္ေတြမို႔ နယ္အလုပ္ေတြနဲ႕ ခရီးေတြထြက္ရတိုင္း တစ္ေယာက္ရွိတဲ့ ေနရာတစ္ေယာက္ သြားေရာက္ဆုံေတြ႕ၾကတာ အရမ္းကို ခ်စ္ၾကလြန္းတဲ့သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေတြဟာလည္း တကယ့္ကို အားက်စရာျဖစ္ပါတယ္။

ေ႐ႊစုံတြဲလို႔ အသိမ်ားတဲ့ သူတို႔ႏွစ္ေယာက္ကို “ဧည့္သည္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီး ရိုက္ကူးအခါမွာ ခ်စ္ႀကိဳးသြယ္ကာ ဖူးစာဆုံေစခဲ့ၿပီး သူတို႔ရဲ႕ ႏွစ္ေယာက္တစ္ဘဝေလးကို ျဖစ္ေစခဲ့တဲ့ အမွတ္တရ ႐ုပ္ရွင္ဇာတ္ကားႀကီးလည္းျဖစ္ပါတယ္။ အိမ္ေထာင္က်သြားၿပီးေနာက္ အခ်စ္ေတြနဲ႕အတူ ႏုပ်ိဳလန္းဆန္းၿပီး တေန႕တျခားပိုလို႔လွေသြးႂကြယ္လာတဲ့ အေခ်မင္းသမီးေလး ေ႐ႊမႈန္ရတီ ရဲ႕ Yangon အဝစား Hot Pot ဆိုင္ဖြင့္ပြဲ တက္ေရာက္တဲ့ အခမ္းအနားမွ ပုံရိပ္ေလးေတြကို ေဖာ္ျပလိုက္ရပါတယ္။

source :Shwe Mhone yati

[Unicode]

အနုပညာလောကမှာ ထိပ်တန်းစာရင်းက ရပ်တည်နေပြီး အနုပညာကြေးအမြင့်ဆုံးမင်းသမီးကောင်းတစ်လက်ဖြစ်တဲ့ ရွှေမှုန်ရတီ ဟာ အနုပညာပျိုးခင်းရဲ့ မြေတောင်မြောက်ပေးမှုကနေ ဆင့် သူမရဲ့ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်အရည်အချင်းတို့ကိုပါ ပေါင်းစပ်လို့ ကျောက်ရိုင်းတပွင့်လို အရောင်တလက်လက် တောက်ပလာခဲ့တဲ့ ငွေကြယ်ပွင့်လေးဖြစ်ပြီး မကြာသေးခင်ကမှ သူမရဲ့ ချစ်သူဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်ကျတာမကြာသေးသလို ညားခါစပူပူနွေးနွေး အိမ်ထောင်ရေးလေးနဲ့အတူ ချစ်ရသူနဲ့ လက်တွဲရချိန်မှာ သဲတစ်ယောက် အပျော်ကြီးပျော်နေခဲ့သလို သူမရဲ့ ခင်ပွန်းဖြစ်တဲ့ ရွှေထူးကလည်း သူမကို မျက်စိအောက်ကအပျောက်မခံနိုင်အောင် ဂရုစိုက်ပါတယ်လို့ ဆိုပါတယ်။ အနုပညာရှင်တွေမို့ နယ်အလုပ်တွေနဲ့ ခရီးတွေထွက်ရတိုင်း တစ်ယောက်ရှိတဲ့ နေရာတစ်ယောက် သွားရောက်ဆုံတွေ့ကြတာ အရမ်းကို ချစ်ကြလွန်းတဲ့သူတို့နှစ်ယောက်ရဲ့အချစ်တွေဟာလည်း တကယ့်ကို အားကျစရာဖြစ်ပါတယ်။

ရွှေစုံတွဲလို့ အသိများတဲ့ သူတို့နှစ်ယောက်ကို “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးအခါမှာ ချစ်ကြိုးသွယ်ကာ ဖူးစာဆုံစေခဲ့ပြီး သူတို့ရဲ့ နှစ်ယောက်တစ်ဘဝလေးကို ဖြစ်စေခဲ့တဲ့ အမှတ်တရ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ အိမ်ထောင်ကျသွားပြီးနောက် အချစ်တွေနဲ့အတူ နုပျိုလန်းဆန်းပြီး တနေ့တခြားပိုလို့လှသွေးကြွယ်လာတဲ့ အချေမင်းသမီးလေး ရွှေမှုန်ရတီ ရဲ့ Yangon အဝစား Hot Pot ဆိုင်ဖွင့်ပွဲ တက်ရောက်တဲ့ အခမ်းအနားမှ ပုံရိပ်လေးတွေကို ဖော်ပြလိုက်ရပါတယ်။

source :Shwe Mhone yati

Comments are closed.