ထာဝရထက္နွစ္ဆ ဇာတ္လမ္းအေ ၾကာင္းေျပာလာတဲ႕ ျမင့္ျမတ္

ထာဝရထက္နွစ္ဆ ဇာတ္လမ္းအေ ၾကာင္းေျပာလာတဲ႕ ျမင့္ျမတ္

ျမန္မာနုိင္ငံရဲ႕ထိပ္တန္းမင္းသားျဖစ္တဲ့ျမင့္ျမတ္ဟာ ဘယ္ဇာတ္ရုပ္ကုိပဲသရုပ္ေဆာင္လိ္ုက္ေဆာင္လိုက္ တကယ္အျပင္မွာျဖစ္ေနသလို ပီျပင္ေအာင္သရုပ္ေဆာင္နိုင္တဲ့မင္းသားတစ္လက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြက အခ်စ္ပုိရတာပါ။ ျမင့္ျမတ္ဟာ ဇာတ္ကားေတြဇယ္ဆက္သလုိရုိက္ေနရင္းက မိသားစုကုိလည္းအခ်ိန္ေပးဖို႔မပ်က္ကြက္သူတစ္ဦးပါ။ ျမင့္ျမတ္က မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ လတ္တေလာလူေျပာမ်ားေနတဲ့ ထာဝရထက္နွစ္ဆဇာတ္ကားၾကီးျပႆနာနဲ႔ လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကုိ ေျပာျပသြားပါတယ္။

ျမင့္ျမတ္က လက္ရွိရုိက္ေနတဲ့ က်ားက်ားၾကိဳက္ၾကိဳက္ဇာတ္ကားၾကီးအေၾကာင္း “ဒီကားက ဆန္းေတာ့ဆန္းမွာပါ။အျမင္ကေတာ့ ဆန္းေနျပီေလ။ အခုလက္ရွိကေတာ့ ကြ်န္ေတာ္ ကုိေက်ာ္နဲ႔နွစ္ေယာက္ေပါ့ေနာ္။ သူငယ္ခ်င္းနွစ္ေယာက္ဆံုတယ္။ခရီးထြက္တယ္ အဲ့ scene ေတြေလာက္ပဲ ေလာေလာဆယ္ရိုက္ရေသးတယ္”လို႔ ေျပာျပထားပါတယ္။

ဂ်င္းေကာင္ေပါက္စေလးကုိ နာမည္ေပးဖို႔ျပင္ဆင္ေနေၾကာင္းကုိလည္း “ကြ်န္ေတာ္ နာမည္ေပးဖို႔ေဗဒင္သြားေမးတယ္။ နာမည္က သိပ္မၾကိဳက္လို႔ပါ။ ေန႔နံနဲ႔ေတာ့ကိုက္တာေပါ့ေနာ္။အားလံုးေတာ့ ေကာင္းတယ္။ ဒါေပမယ့္ ကြ်န္ေတာ္သိပ္မၾကိဳက္တာနဲ႔ပဲ ကုိယ့္ဟာကုိယ္နာမည္ေလးေပးၾကည့္မယ္။ ျပီးမွအဲဒီနာမည္အဆင္ေျပလားလို႔သြားျပန္ေမးဖို႔ကြ်န္ေတာ္စီစဥ္ထားတယ္”လို႔ ေျပာျပထားသလို သားေလးကုိခ်စ္စနိုးနဲ႔ေခၚတဲ့နာမည္ကုိလည္း “အိမ္မွာကေတာ့ ကြ်န္ေတာ္က ဆရာၾကီးလို႔ပဲေခၚတယ္။ အားလံုးကလည္း ဆရာၾကီးလို႔ပဲေခၚတယ္”လို႔ ျပံဳးတံု႔တံု႔နဲ႔ေျပာျပသြားပါတယ္။

လတ္တေလာ လူမႈကြန္ယက္မွာေပါက္ေနတဲ့ ထာဝရထက္နွစ္ဆ ကားကုိ အိႏိၵယကားကုိကူးခ်ထားတယ္လို႔ေျပာေနၾကတဲ့အေပၚကုိေတာ့ ျမင့္ျမတ္က “ဟုတ္တယ္ဗ်၊အဲ့ကားက ေတာ္ေတာ္ေကာင္းတယ္။ ကြ်န္ေတာ္လည္း ရိုက္ျပီးသြားတဲ့အခ်ိန္မွာ ဇာတ္ကားေတာ့မၾကည့္ရေသးပါဘူး။ ရုိက္တဲ့အခ်ိန္တုန္းက အဲ့ဇာတ္လမ္းက အရမ္းေကာင္းတယ္။ပါဝင္တဲ့သရုပ္ေဆာင္ေတြလည္းေကာင္းတယ္။ ဇာတ္ဝင္သီခ်င္းေတြလည္းေကာင္းတယ္။ အိႏိၵယ movie ျဖစ္ေနမွန္းေတာ့မသိဘူး၊ ကြ်န္ေတာ့္ကုိခုနက တစ္ေယာက္လာေမးေတာ့မွသိတာ။ဇာတ္လမ္းေတာ့ေတာ္ေတာ္ေကာင္းတယ္။ၾကိဳက္တယ္”လို႔ ေျဖသြားပါတယ္။ပရိသတ္ၾကီးေရာ ျမင့္ျမတ္ကုိအားေပးၾကလား။ဇန္နဝါရီလ 18 ရက္မွာ ရံုတင္မယ့္ ျမင့္ျမတ္ရဲ႕ ထာဝရထက္နွစ္ဆ ဇာတ္ကားၾကီးကုိေရာ သြားေရာက္အားေပးၾကမွာလား။

[Unicode]

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားဖြစ်တဲ့မြင့်မြတ်ဟာ ဘယ်ဇာတ်ရုပ်ကိုပဲသရုပ်ဆောင်လိ်ုက်ဆောင်လိုက် တကယ်အပြင်မှာဖြစ်နေသလို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့မင်းသားတစ်လက်ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုရတာပါ။ မြင့်မြတ်ဟာ ဇာတ်ကားတွေဇယ်ဆက်သလိုရိုက်နေရင်းက မိသားစုကိုလည်းအချိန်ပေးဖို့မပျက်ကွက်သူတစ်ဦးပါ။ မြင့်မြတ်က မီဒီယာတွေနဲ့အင်တာဗျူးမှာ လတ်တလောလူပြောများနေတဲ့ ထာဝရထက်နှစ်ဆဇာတ်ကားကြီးပြဿနာနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပြောပြသွားပါတယ်။

မြင့်မြတ်က လက်ရှိရိုက်နေတဲ့ ကျားကျားကြိုက်ကြိုက်ဇာတ်ကားကြီးအကြောင်း “ဒီကားက ဆန်းတော့ဆန်းမှာပါ။အမြင်ကတော့ ဆန်းနေပြီလေ။ အခုလက်ရှိကတော့ ကျွန်တော် ကိုကျော်နဲ့နှစ်ယောက်ပေါ့နော်။ သူငယ်ချင်းနှစ်ယောက်ဆုံတယ်။ခရီးထွက်တယ် အဲ့ scene တွေလောက်ပဲ လောလောဆယ်ရိုက်ရသေးတယ်”လို့ ပြောပြထားပါတယ်။

ဂျင်းကောင်ပေါက်စလေးကို နာမည်ပေးဖို့ပြင်ဆင်နေကြောင်းကိုလည်း “ကျွန်တော် နာမည်ပေးဖို့ဗေဒင်သွားမေးတယ်။ နာမည်က သိပ်မကြိုက်လို့ပါ။ နေ့နံနဲ့တော့ကိုက်တာပေါ့နော်။အားလုံးတော့ ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်သိပ်မကြိုက်တာနဲ့ပဲ ကိုယ့်ဟာကိုယ်နာမည်လေးပေးကြည့်မယ်။ ပြီးမှအဲဒီနာမည်အဆင်ပြေလားလို့သွားပြန်မေးဖို့ကျွန်တော်စီစဉ်ထားတယ်”လို့ ပြောပြထားသလို သားလေးကိုချစ်စနိုးနဲ့ခေါ်တဲ့နာမည်ကိုလည်း “အိမ်မှာကတော့ ကျွန်တော်က ဆရာကြီးလို့ပဲခေါ်တယ်။ အားလုံးကလည်း ဆရာကြီးလို့ပဲခေါ်တယ်”လို့ ပြုံးတုံ့တုံ့နဲ့ပြောပြသွားပါတယ်။

လတ်တလော လူမှုကွန်ယက်မှာပေါက်နေတဲ့ ထာဝရထက်နှစ်ဆ ကားကို အိန္ဒိယကားကိုကူးချထားတယ်လို့ပြောနေကြတဲ့အပေါ်ကိုတော့ မြင့်မြတ်က “ဟုတ်တယ်ဗျ၊အဲ့ကားက တော်တော်ကောင်းတယ်။ ကျွန်တော်လည်း ရိုက်ပြီးသွားတဲ့အချိန်မှာ ဇာတ်ကားတော့မကြည့်ရသေးပါဘူး။ ရိုက်တဲ့အချိန်တုန်းက အဲ့ဇာတ်လမ်းက အရမ်းကောင်းတယ်။ပါဝင်တဲ့သရုပ်ဆောင်တွေလည်းကောင်းတယ်။ ဇာတ်ဝင်သီချင်းတွေလည်းကောင်းတယ်။ အိန္ဒိယ movie ဖြစ်နေမှန်းတော့မသိဘူး၊ ကျွန်တော့်ကိုခုနက တစ်ယောက်လာမေးတော့မှသိတာ။ဇာတ်လမ်းတော့တော်တော်ကောင်းတယ်။ကြိုက်တယ်”လို့ ဖြေသွားပါတယ်။ပရိသတ်ကြီးရော မြင့်မြတ်ကိုအားပေးကြလား။ဇန်နဝါရီလ 18 ရက်မှာ ရုံတင်မယ့် မြင့်မြတ်ရဲ့ ထာဝရထက်နှစ်ဆ ဇာတ်ကားကြီးကိုရော သွားရောက်အားပေးကြမှာလား။

Comments are closed.