ဒုတိယကမာၻစစ္ႀကီး မၿပီးေသးဘူးထင္၍ ေတာထဲမွာ ၂၉ ႏွစ္ ၾကာ ပုန္းေအာင္းေနသည့္ ဂ်ပန္စစ္သည္

ဒုတိယကမာၻစစ္ႀကီး မၿပီးေသးဘူးထင္၍ ေတာထဲမွာ ၂၉ ႏွစ္ ၾကာ ပုန္းေအာင္းေနသည့္ ဂ်ပန္စစ္သည္

ဂ်ပန္စစ္သည္တစ္ဦးျဖစ္တဲ့ ဟီ႐ိုအိုႏိုဒါဆိုသူဟာ ဒုတိယကမာၻစစ္ႀကီး ၿပီးဆုံးၿပီ ဟူေသာအခ်က္ကို မယုံၾကည္ႏိုင္၍ ဖိလစ္ပိုင္ႏိုင္ငံလူဘန္ကြၽန္းရွိ ေတာနက္ ႀကီးအတြင္း ၂၉ ႏွစ္ၾကာ ပုန္းေအာင္း ေနထိုင္ခဲ့သူျဖစ္သည္။

ဟီ႐ိုအိုႏိုဒါသည္ ဂ်ပန္တပ္မေတာ္တြင္ ဒုဗိုလ္အဆင့္ရွိသူျဖစ္ၿပီး ၁၉၇၄ ခုႏွစ္အတြင္း သူ၏ ၅၂ ႏွစ္ျပည့္ ေမြးေန႔ေရာက္မွသာ ဖိလစ္ပိုင္သမၼတ မားကို႔စ္ထံတြင္ သူ၏ ဆာမူ႐ိုင္းဓားကိုအပ္ကာ လက္နက္ခ်ခဲ့ ျခင္းျဖစ္သည္။

လက္နက္ခ်ရာတြင္လည္း သူ၏ အႀကီးအကဲေဟာင္းကိုယ္တိုင္ ဂ်ပန္မွလိုက္လာ ၍ အမိန႔္ေပးမွသာ လက္နက္ခ်ခဲ့သူျဖစ္သည္။ အဆိုပါ အႀကီးအကဲသည္ ဟီ႐ိုအိုႏိုဒါအား အေမရိကန္ တပ္ဖြဲ႕ဝင္မ်ားကို ေထာက္လွမ္းရန္ အတြက္ ေနာက္ခ်န္ ေနခဲ့ရမည္ဟူ၍ အမိန႔္ေပးခဲ့သည္ဟု ဆိုသည္။

ယင္းေၾကာင့္ ဟီ႐ိုအိုႏိုဒါသည္ ဒုတိယကမာၻစစ္တြင္ ေနာက္ဆုံးမွ လက္နက္ခ်ခဲ့သည့္ ဂ်ပန္စစ္သည္ျဖစ္လာခဲ့သည္။

သူ၏ ခိုင္မာသည့္ စိတ္ဓာတ္ေၾကာင့္ ဂ်ပန္တြင္ သူရဲေကာင္းတစ္ဦးအျဖစ္ သတ္မွတ္ခံရၿပီး သူ၏ အေၾကာင္း စာအုပ္မ်ား ေရးသားထုတ္ေဝကာ၊ ႐ုပ္ရွင္မ်ား ႐ိုက္ကူးခဲ့ၾကသည္။

[UNICODE FONT]

ဂျပန်စစ်သည်တစ်ဦးဖြစ်တဲ့ ဟီရိုအိုနိုဒါဆိုသူဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီ ဟူသောအချက်ကို မယုံကြည်နိုင်၍ ဖိလစ်ပိုင်နိုင်ငံလူဘန်ကျွန်းရှိ တောနက် ကြီးအတွင်း ၂၉ နှစ်ကြာ ပုန်းအောင်း နေထိုင်ခဲ့သူဖြစ်သည်။

ဟီရိုအိုနိုဒါသည် ဂျပန်တပ်မတော်တွင် ဒုဗိုလ်အဆင့်ရှိသူဖြစ်ပြီး ၁၉၇၄ ခုနှစ်အတွင်း သူ၏ ၅၂ နှစ်ပြည့် မွေးနေ့ရောက်မှသာ ဖိလစ်ပိုင်သမ္မတ မားကို့စ်ထံတွင် သူ၏ ဆာမူရိုင်းဓားကိုအပ်ကာ လက်နက်ချခဲ့ ခြင်းဖြစ်သည်။

လက်နက်ချရာတွင်လည်း သူ၏ အကြီးအကဲဟောင်းကိုယ်တိုင် ဂျပန်မှလိုက်လာ ၍ အမိန့်ပေးမှသာ လက်နက်ချခဲ့သူဖြစ်သည်။ အဆိုပါ အကြီးအကဲသည် ဟီရိုအိုနိုဒါအား အမေရိကန် တပ်ဖွဲ့ဝင်များကို ထောက်လှမ်းရန် အတွက် နောက်ချန် နေခဲ့ရမည်ဟူ၍ အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

ယင်းကြောင့် ဟီရိုအိုနိုဒါသည် ဒုတိယကမ္ဘာစစ်တွင် နောက်ဆုံးမှ လက်နက်ချခဲ့သည့် ဂျပန်စစ်သည်ဖြစ်လာခဲ့သည်။

သူ၏ ခိုင်မာသည့် စိတ်ဓာတ်ကြောင့် ဂျပန်တွင် သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူ၏ အကြောင်း စာအုပ်များ ရေးသားထုတ်ဝေကာ၊ ရုပ်ရှင်များ ရိုက်ကူးခဲ့ကြသည်။

Credit – Original Uploader

Comments are closed.