အိေခ်ာပိုကို ခ်ီးက်ဴးလုိက္တဲ့ သရုပ္ေဆာင္ ခန္႔စည္သူ

အိေခ်ာပိုကို ခ်ီးက်ဴးလုိက္တဲ့ သရုပ္ေဆာင္ ခန္႔စည္သူ

သ႐ုပ္ေဆာင္အိေခ်ာ ပိုသည္ အႏုပညာပ်ိဳးခင္းကစတင္ စင္တင္ေပးကတည္းက ယခုအ ထိ စိတ္ဓာတ္မေျပာင္းလဲသည့္ မင္းသမီးျဖစ္ေၾကာင္း ပ်ိဳးခင္းအစီ အစဥ္ ဦးေဆာင္သူခန္႔စည္သူက ေျပာသည္။‘‘အႏုပညာပ်ိဳးခင္းကေန ေရြးခ်ယ္လိုက္တုန္းက စတက္ လာတဲ့အရင္အေနအထားနဲ႔ အခု အေနအထားဆုိေအာင္ျမင္မႈက ေတာ့ကြာျခားတယ္။ စိတ္ဓာတ္ ကေတာ့အရင္လိုပါပဲ။ ေျပာရင္ နားေထာင္တယ္။ ႀကိဳးလည္းႀကိဳး စားပါတယ္’’ ဟု ၎ကေျပာ သည္။

လက္ရွိတြင္ အိေခ်ာပိုသည္ ေအာင္ျမင္သည့္ မင္းသမီးျဖစ္ သည့္အျပင္ မိဘအေပၚသိတတ္ သူျဖစ္ေသာေၾကာင့္ ေလးစား ေၾကာင္း ခန္႔စည္သူကေျပာ သည္။

‘‘မိဘကိုလုပ္ေကြၽးေနတဲ့သူ ျဖစ္တဲ့အတြက္ ေကာင္းပါတယ္။ ေလးစားပါတယ္။ ကိုယ္ေတြ လည္းအေဖေရာ၊အေမေရာရွိေန ေသးတယ္။ ဒီအေဖနဲ႔အေမသက္ ရွိထင္ရွားရွိစဥ္မွာလုပ္ေကြၽးခြင့္ရ တာ နည္းတဲ့ကုသိုလ္မဟုတ္ပါ ဘူး။ အဲဒီကုသိုလ္ရဲ႕ အက်ိဳးေက်း ဇူးကိုလည္း အိေခ်ာပိုျပန္ရမွာပါ’’ ဟု ၎ကေျပာသည္။

အိေခ်ာပိုကို အႏုပညာပ်ိဳး ခင္း၌ မင္းသမီးမျဖစ္မီ ၂၀၀၇ ေလာက္ကတည္းက ဇာတ္ကား မ်ား႐ိုက္ေပးဖူးသျဖင့္ ႀကိဳးစားသူ တစ္ဦးျဖစ္ေၾကာင္း ခန္႔စည္သူက ေျပာသည္။

‘‘အိေခ်ာပိုက အရမ္းႀကိဳး စားပါတယ္။ ဟိုး…အရင္အခု ေလာက္မေအာင္ျမင္ခင္ကတည္း ကလည္း ႀကိဳးစားပါတယ္။ အဲဒီ အတြက္ေၾကာင့္ ပရိသတ္ကအသိ အမွတ္ျပဳခဲ့လို႔ေနရာေလးတစ္ေန ရာရခဲ့တာပါ’’ ဟု ခန္႔စည္သူက ေျပာသည္။လက္ရွိတြင္ ၎ပါ၀င္သ႐ုပ္ ေဆာင္ထားသည့္ သမီးကေလးရဲ႕ ရြာျဖစ္ရပ္မွန္႐ုပ္ရွင္ဇာတ္ကားကို ဇန္န၀ါရီ ၄ ရက္ လြတ္လပ္ေရးေန႔ ကစတင္၍ ႐ံုတင္ျပေနသည္။

Credit – Seven Day

[UNICODE FONT]

သရုပ်ဆောင်အိချော ပိုသည် အနုပညာပျိုးခင်းကစတင် စင်တင်ပေးကတည်းက ယခုအ ထိ စိတ်ဓာတ်မပြောင်းလဲသည့် မင်းသမီးဖြစ်ကြောင်း ပျိုးခင်းအစီ အစဉ် ဦးဆောင်သူခန့်စည်သူက ပြောသည်။‘‘အနုပညာပျိုးခင်းကနေ ရွေးချယ်လိုက်တုန်းက စတက် လာတဲ့အရင်အနေအထားနဲ့ အခု အနေအထားဆိုအောင်မြင်မှုက တော့ကွာခြားတယ်။ စိတ်ဓာတ် ကတော့အရင်လိုပါပဲ။ ပြောရင် နားထောင်တယ်။ ကြိုးလည်းကြိုး စားပါတယ်’’ ဟု ၎င်းကပြော သည်။

လက်ရှိတွင် အိချောပိုသည် အောင်မြင်သည့် မင်းသမီးဖြစ် သည့်အပြင် မိဘအပေါ်သိတတ် သူဖြစ်သောကြောင့် လေးစား ကြောင်း ခန့်စည်သူကပြော သည်။

‘‘မိဘကိုလုပ်ကျွေးနေတဲ့သူ ဖြစ်တဲ့အတွက် ကောင်းပါတယ်။ လေးစားပါတယ်။ ကိုယ်တွေ လည်းအဖေရော၊အမေရောရှိနေ သေးတယ်။ ဒီအဖေနဲ့အမေသက် ရှိထင်ရှားရှိစဉ်မှာလုပ်ကျွေးခွင့်ရ တာ နည်းတဲ့ကုသိုလ်မဟုတ်ပါ ဘူး။ အဲဒီကုသိုလ်ရဲ့ အကျိုးကျေး ဇူးကိုလည်း အိချောပိုပြန်ရမှာပါ’’ ဟု ၎င်းကပြောသည်။

အိချောပိုကို အနုပညာပျိုး ခင်း၌ မင်းသမီးမဖြစ်မီ ၂၀၀၇ လောက်ကတည်းက ဇာတ်ကား များရိုက်ပေးဖူးသဖြင့် ကြိုးစားသူ တစ်ဦးဖြစ်ကြောင်း ခန့်စည်သူက ပြောသည်။

‘‘အိချောပိုက အရမ်းကြိုး စားပါတယ်။ ဟိုး…အရင်အခု လောက်မအောင်မြင်ခင်ကတည်း ကလည်း ကြိုးစားပါတယ်။ အဲဒီ အတွက်ကြောင့် ပရိသတ်ကအသိ အမှတ်ပြုခဲ့လို့နေရာလေးတစ်နေ ရာရခဲ့တာပါ’’ ဟု ခန့်စည်သူက ပြောသည်။လက်ရှိတွင် ၎င်းပါဝင်သရုပ် ဆောင်ထားသည့် သမီးကလေးရဲ့ ရွာဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ ကစတင်၍ ရုံတင်ပြနေသည်။

Credit – Seven Day

Comments are closed.