ျပိဳင္ပြဲမွာ ဝင္းနားရတဲ့သူေတြ ကိုယ္ပိုင္အေခြထြက္ျပီးမွ ပြဲေတြလိုက္ဆိုသင့္တယ္ ဆိုတဲ့ ဥာဏ္လင္းေအာင္

ျပိဳင္ပြဲမွာ ဝင္းနားရတဲ့သူေတြ ကိုယ္ပိုင္အေခြထြက္ျပီးမွ ပြဲေတြလိုက္ဆိုသင့္တယ္ ဆိုတဲ့ ဥာဏ္လင္းေအာင္

သူငယ္ခ်င္းသီခ်င္းေလးနဲ႔ ပရိသတ္ေတြၾကားထဲ ပ်ံ႕ႏွံ႕လာျပီး ပထမဆံုးတစ္ေခြနဲ႔တင္ ေအာင္ျမင္သြားခဲ့တဲ့ ဥာဏ္လင္းေအာင္ကေတာ့ ယခုေနာက္ပိုင္းမွာ အႏုပညာလွုပ္ရွားမွုေတြနည္းသြားသေလာက္ျဖစ္ခဲ့ပါတယ္။ ေရာ့ခ္ဂီတဘက္ကို ပုိမိုအားသန္တဲ့ ဥာဏ္လင္းေအာင္တစ္ေယာက္ သူဖန္တီးထားတဲ့ အႏုပညာေတြကို ခ်ျပတဲ့အခ်ိန္မွာေတာ့ အင္မတန္ေျပာင္ေျမာက္ေနတာကို ေတြ႔ရပါတယ္။

ဥာဏ္လင္းေအာင္ဟာ ေအးခ်မ္းျပီးနားလည္မွုအျပည့္ရွိတဲ့ ခ်စ္သူဘဝေလးကို ဖန္တီးတည္ေဆာက္ထားျပီးေတာ့ ယေန႔အခ်ိန္ထိ လူပ်ိဳၾကီးဘဝနဲ႔ ရပ္တည္ေနဆဲျဖစ္ပါတယ္။ အဆုိေတာ္ ဥာဏ္လင္းေအာင္က ျပိဳင္ပြဲျပီးဆံုးျပီးေနာက္မွာေတာ့ ရွိုးပြဲေတြမွာ လိုက္သီဆုိရင္ မိမိကုိယ္ပိုင္သီခ်င္းေခြထြက္ရွိျပီးမွ သီဆိုသင့္တယ္လို႔ မွတ္ခ်က္ေပးေျပာဆုိခဲ့ပါတယ္။ ထို႔အတူ သီခ်င္းတစ္ပုဒ္ကို ဖန္တီးသူ သူ႔အေနနဲ႔ သူမ်ားသီခ်င္းေတြကို လိုက္ဆိုျပီးေတာ့ အက်ိဳးအျမတ္ရယူေနတာ မျဖစ္သင့္ဘူးထင္တယ္လို႔ ဆုိပါေသးတယ္။

ဥာဏ္လင္းေအာင္ကေတာ့ သူ႔ရဲ႕သီခ်င္းေတြကို အသံုးမျပဳဖုိ႔ ေျပာထားတာလည္းျဖစ္ပါတယ္။

” ျပိဳင္ပြဲဆုိတာေတာင္မွ ျပိဳင္ပြဲေတြတစ္ခုနဲ႔ တစ္ခုမတူဘူး။ လူကိုေပါက္ေအာင္လုပ္တဲ့ျပိဳင္ပြဲရွိတယ္။ သီခ်င္းေပါက္ေအာင္လုပ္တဲ့ျပိဳင္ပြဲေတြရွိတယ္။ သူမ်ားသီခ်င္းနဲ႔ ေပါက္သြားတဲ့အဲလိုျပိဳင္ပြဲေတြ ဒါေပမယ့္ ဒါက သူတုိ႔ တစ္က႑ေပါ့ေနာ္။ အျပင္မွာက်ေတာ့ ပြဲေတြဆိုတယ္ က်ေတာ္ျဖစ္ခ်င္တာ လုပ္ ေခြထြက္ျပီးမွ ပြဲဆုိလို႔ရမယ္ ဒါက်ေတာ္ေတြးထားတာေပါ့ေနာ္ ျပိဳင္ပြဲမွာျပိဳင္ျပီးတဲ့သူေတြက အျပင္မွာ ဆုိရင္ အေခြထြက္ျပီးမွဆုိတာ ပိုသင့္ေတာ္မယ္လို႔ က်ေတာ္ထင္တယ္ေပါ့ေနာ္။ ”

“အခုဟာ ဘာျဖစ္လို႔လဲဆိုေတာ့ ပြဲတစ္ပြဲျပီးသြားရင္ နယ္ပြဲကအစ ပိစိေကြးေသးေသးေလးေတြကအစ ဝင္းနားရတဲ့သူေခၚတယ္။ ဆိုတယ္။ အဆိုေတာ္ၾကီးေတြပါတဲ့သီခ်င္းေတြ သူတို႔ဆိုတယ္ေလ။ ဒါေပမယ့္ အဲ့အဆိုေတာ္ ပါပါ မပါပါ ဘယ္လိုပဲျဖစ္ျဖစ္ အက်ိဳးအျမတ္ရသြားတယ္ ဒီသီခ်င္းတစ္ပုဒ္နဲ႔။ ဒီသီခ်င္းကိုဖန္တီးလာရတဲ့သူက သူ႔ဘဝမွာအမ်ားၾကီးေပးဆပ္ခဲ့ရတယ္ေပါ့ေနာ္ အဆုိေတာ္ၾကီးက သူ႔ဘာသူ ဒီတစ္ပုဒ္ရဲ႕တန္ဖိုးကဘယ္ေလာက္ သူကေတာ့ ပြဲတုိင္းမွာ ဒီသီခ်င္းဆိုတယ္ အဲလူရဲ႕သီခ်င္းဆိုတယ္။ ပိုက္ဆံေတြယူတယ္။ ဒါေပမယ့္ ဒါသူ႔သမုိင္းပါ။ မျဖစ္သင့္ဘူးေပါ့ေနာ္ ကိုယ္ဆုိလည္း ကိုယ္ခံစားရမွာပဲ သီခ်င္းတစ္ပုဒ္ရဲ႕တန္ဖိုးေပါ့ေနာ္။ သီခ်င္းတစ္ပုဒ္ရဲ႕တန္ဖိုးရွိတယ္။ သီခ်င္းမွာလည္းဆန္းရွိတယ္။ လူနဲ႔မတူဘူး သီခ်င္းဆန္းက။ ကိုယ့္သီခ်င္းေတြ အရင္ကယူဆိုတာေတြလည္း အရင္တုန္းကေတာ့ ၾကံဳဖူးတယ္။ ဒါေပမယ့္ က်ေတာ္ေျပာထားတာေတြလည္းပါတယ္ေပါ့ေနာ္။ ဒါေပမယ့္ ျပိဳင္ပြဲမွာ ဆိုတာက အေၾကာင္းမဟုတ္ဘူး။ ျပိဳင္ပြဲျပီးလို႔ အျပင္မွာပြဲေတြမွာဆုိတာက ကာယကံရွင္ေတာ့မသိဘူး က်ေတာ္ေတာ့မခံစားႏိုင္ဘူး” လုိ႔ MC အင္တာဗ်ဴးကေနျပီးေတာ့ ေျဖၾကားေျပာဆုိသြားခဲ့တာျဖစ္ပါတယ္။

ဥာဏ္လင္းေအာင္ ဟာ ၂၀၁၈ ခုႏွစ္ထဲမွာပဲ တြန္းအားဆိုတဲ့တစ္ကုိယ္ေတာအေခြထြက္ရွိထားတာျဖစ္ပါတယ္။ ပရိသတ္ၾကီးေရ….ပရိသတ္ၾကီးကေရာ ဥာဏ္လင္းေအာင္အျမင္နဲ႔ ထပ္တူက်ပါလား? ပရိသတ္ၾကီးကေရာ ဘယ္လို ျမင္သလဲဆိုတာကို မွတ္ခ်က္ေလးေပးျပီး မ်ွေဝေပးခဲ့ပါဦးေနာ္။

Photos – Nyan Lin Aung

[UNICODE FONT]

သူငယ်ချင်းသီချင်းလေးနဲ့ ပရိသတ်တွေကြားထဲ ပျံ့နှံ့လာပြီး ပထမဆုံးတစ်ခွေနဲ့တင် အောင်မြင်သွားခဲ့တဲ့ ဉာဏ်လင်းအောင်ကတော့ ယခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေနည်းသွားသလောက်ဖြစ်ခဲ့ပါတယ်။ ရော့ခ်ဂီတဘက်ကို ပိုမိုအားသန်တဲ့ ဉာဏ်လင်းအောင်တစ်ယောက် သူဖန်တီးထားတဲ့ အနုပညာတွေကို ချပြတဲ့အချိန်မှာတော့ အင်မတန်ပြောင်မြောက်နေတာကို တွေ့ရပါတယ်။

ဉာဏ်လင်းအောင်ဟာ အေးချမ်းပြီးနားလည်မှုအပြည့်ရှိတဲ့ ချစ်သူဘဝလေးကို ဖန်တီးတည်ဆောက်ထားပြီးတော့ ယနေ့အချိန်ထိ လူပျိုကြီးဘဝနဲ့ ရပ်တည်နေဆဲဖြစ်ပါတယ်။ အဆိုတော် ဉာဏ်လင်းအောင်က ပြိုင်ပွဲပြီးဆုံးပြီးနောက်မှာတော့ ရှိုးပွဲတွေမှာ လိုက်သီဆိုရင် မိမိကိုယ်ပိုင်သီချင်းခွေထွက်ရှိပြီးမှ သီဆိုသင့်တယ်လို့ မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ ထို့အတူ သီချင်းတစ်ပုဒ်ကို ဖန်တီးသူ သူ့အနေနဲ့ သူများသီချင်းတွေကို လိုက်ဆိုပြီးတော့ အကျိုးအမြတ်ရယူနေတာ မဖြစ်သင့်ဘူးထင်တယ်လို့ ဆိုပါသေးတယ်။

ဉာဏ်လင်းအောင်ကတော့ သူ့ရဲ့သီချင်းတွေကို အသုံးမပြုဖို့ ပြောထားတာလည်းဖြစ်ပါတယ်။

” ပြိုင်ပွဲဆိုတာတောင်မှ ပြိုင်ပွဲတွေတစ်ခုနဲ့ တစ်ခုမတူဘူး။ လူကိုပေါက်အောင်လုပ်တဲ့ပြိုင်ပွဲရှိတယ်။ သီချင်းပေါက်အောင်လုပ်တဲ့ပြိုင်ပွဲတွေရှိတယ်။ သူများသီချင်းနဲ့ ပေါက်သွားတဲ့အဲလိုပြိုင်ပွဲတွေ ဒါပေမယ့် ဒါက သူတို့ တစ်ကဏ္ဍပေါ့နော်။ အပြင်မှာကျတော့ ပွဲတွေဆိုတယ် ကျတော်ဖြစ်ချင်တာ လုပ် ခွေထွက်ပြီးမှ ပွဲဆိုလို့ရမယ် ဒါကျတော်တွေးထားတာပေါ့နော် ပြိုင်ပွဲမှာပြိုင်ပြီးတဲ့သူတွေက အပြင်မှာ ဆိုရင် အခွေထွက်ပြီးမှဆိုတာ ပိုသင့်တော်မယ်လို့ ကျတော်ထင်တယ်ပေါ့နော်။ ”

“အခုဟာ ဘာဖြစ်လို့လဲဆိုတော့ ပွဲတစ်ပွဲပြီးသွားရင် နယ်ပွဲကအစ ပိစိကွေးသေးသေးလေးတွေကအစ ဝင်းနားရတဲ့သူခေါ်တယ်။ ဆိုတယ်။ အဆိုတော်ကြီးတွေပါတဲ့သီချင်းတွေ သူတို့ဆိုတယ်လေ။ ဒါပေမယ့် အဲ့အဆိုတော် ပါပါ မပါပါ ဘယ်လိုပဲဖြစ်ဖြစ် အကျိုးအမြတ်ရသွားတယ် ဒီသီချင်းတစ်ပုဒ်နဲ့။ ဒီသီချင်းကိုဖန်တီးလာရတဲ့သူက သူ့ဘဝမှာအများကြီးပေးဆပ်ခဲ့ရတယ်ပေါ့နော် အဆိုတော်ကြီးက သူ့ဘာသူ ဒီတစ်ပုဒ်ရဲ့တန်ဖိုးကဘယ်လောက် သူကတော့ ပွဲတိုင်းမှာ ဒီသီချင်းဆိုတယ် အဲလူရဲ့သီချင်းဆိုတယ်။ ပိုက်ဆံတွေယူတယ်။ ဒါပေမယ့် ဒါသူ့သမိုင်းပါ။ မဖြစ်သင့်ဘူးပေါ့နော် ကိုယ်ဆိုလည်း ကိုယ်ခံစားရမှာပဲ သီချင်းတစ်ပုဒ်ရဲ့တန်ဖိုးပေါ့နော်။ သီချင်းတစ်ပုဒ်ရဲ့တန်ဖိုးရှိတယ်။ သီချင်းမှာလည်းဆန်းရှိတယ်။ လူနဲ့မတူဘူး သီချင်းဆန်းက။ ကိုယ့်သီချင်းတွေ အရင်ကယူဆိုတာတွေလည်း အရင်တုန်းကတော့ ကြုံဖူးတယ်။ ဒါပေမယ့် ကျတော်ပြောထားတာတွေလည်းပါတယ်ပေါ့နော်။ ဒါပေမယ့် ပြိုင်ပွဲမှာ ဆိုတာက အကြောင်းမဟုတ်ဘူး။ ပြိုင်ပွဲပြီးလို့ အပြင်မှာပွဲတွေမှာဆိုတာက ကာယကံရှင်တော့မသိဘူး ကျတော်တော့မခံစားနိုင်ဘူး” လို့ MC အင်တာဗျူးကနေပြီးတော့ ဖြေကြားပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဉာဏ်လင်းအောင် ဟာ ၂၀၁၈ ခုနှစ်ထဲမှာပဲ တွန်းအားဆိုတဲ့တစ်ကိုယ်တောအခွေထွက်ရှိထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ….ပရိသတ်ကြီးကရော ဉာဏ်လင်းအောင်အမြင်နဲ့ ထပ်တူကျပါလား? ပရိသတ်ကြီးကရော ဘယ်လို မြင်သလဲဆိုတာကို မှတ်ချက်လေးပေးပြီး မျှဝေပေးခဲ့ပါဦးနော်။

Photos – Nyan Lin Aung

Comments are closed.