မာယာလူမျိုးတွေကို ဂြိုလ်သားတွေပေးခဲ့တဲ့ အရာ 7 ခု
မာယာလူမျိုးတွေကို ဂြိုလ်သားတွေပေးခဲ့တဲ့ အရာ 7 ခု
[UNICODE FONT]
ရှေးခေတ် ကိုလံဘီယာလူမျိုးတွေရဲ့ ထူးဆန်းတဲ့ အလှဆင် ပစ္စည်းဖြစ်ပါတယ်။ဒါဟာ လေယာဉ်ပုံစံဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာထဲက လုပ်ခဲ့တာဖြစ်ပါတယ်။တချို့ကတော့ ဒါကို ရင်ထိုးလို့ ပြောပြီး ရွှေသားအတိပြီးတဲ့ လေယာဉ်ပျံငယ်လေးဖြစ်ပါတယ်။ဒီပုံစံကို ရှေးခေတ်လူသားတွေ သိခဲ့တယ်ဆိုတော့ လေယာဉ်တွေဆိုတာ ရှိနေခဲ့ပြီလား တွေးစရာပါပဲ။
မက္ကဆီကန် အစိုးရဟာ 2012 မှာ တရားဝင်ဖွင့်လှစ်ပြသခဲ့တဲ့ မာယာယဉ်ကျေးမှု အသုံးအဆောင်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။တကယ်တော့ ဒါတွေကို ထိန်းသိမ်းခဲ့တာ နှစ် 80 လောက်ရှိနေပြီဖြစ်ပါတယ်။မာယာတွေဟာ ပိရမစ်ဆောက်တဲ့ လူသားတွေဖြစ်ပြီး ကမ္ဘာ့အနာဂတ်ကို ကြိုသိနေသူတွေလို သူတို့ဟာ  အာကာသတွင်း အဖြစ်အပျက်နဲ့ အာကာသဝတ်စုံတွေအကြောင်း ဆွဲခဲ့ပါတယ်။
ဒီတခုကလည်း 2012 က ထုတ်ပြခဲ့တဲ့ မာယာတွေရဲ့ ရှေးခေတ်က နံရံပန်းချီတွေနဲ့ ဂြိုလ်သားပုံစံကို ပန်းပုထားတာဖြစ်ပါတယ်။ဒါဟာ ရှေးခေတ် ဂြိုလ်သားပုံစံ အယူအဆဖြစ်ပြီး သူတို့ဟာ ဂြိုလ်သားတေါအပေါ်လည်း ယုံကြည်မှု ပြင်းထန်ခဲ့ပါတယ်။နံရံပေါ်မှာလည်း ပန်းကန်ပြားပျံတွေ ရေးဆွဲခဲ့ပါတယ်။
Mesoamerican အမေရိကန် လူမျိုးတွေရဲ့ နတ်ဘုရားရုပ်ထုကြီးတွေဖြစ်ပြီး Olmecs လို့ ခေါ်ပါတယ်။ဒါဟာ ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို ထွင်းထုထားတာဖြစ်ပြီး တချိန်က အင်အားကြီးမားတဲ့ မျိုးနွယ်စုတွေ ကိုယ့်ကျေးရွာဖွဲ့ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒီအရုပ်ကြီးတွေရဲ့ လက်ထဲမှာတော့ သော့တွေ ပါရှိပြီး ကောင်းကင်ကို ဖွင့်တဲ့ တံခါးတွေလို့ ဆိုပါတယ်။
ဒါကတော့ ရှေးခေတ်လူတွေရဲ့ ခေတ်ရှေ့ပြေး ရုပ်တုဖြစ်ပါတယ်။ဒါဟာ သတ္တဝါတစ်ကောင်ဖြစ်ပြီး အင်အားကြီးတဲ့ အဖျက်စွမ်းအားကို ပိုင်ဆိုင်မှုပြသခြင်းဖြစ်ပါတယ်။ဒါတင်မဟုတ်ပါဘူး။ဒီအကောင်ရဲ့ ခေါင်းမှာ ဦးထုပ်ပုံစံပါရှိပြီးတော့ ဝတ်စုံနဲ့ တွဲစပ်ဝတ်ဆင်ထားတာဖြစ်ပါတယ်။
100 ဘီစီလောက်က အဆောက်အဦးတွေဖြစ်တဲ့ ရှေးခေတ် ပိရမစ်ကြီးတွေဟာ အီဂျစ်နဲ့ မတူပါဘူး။မာယာတွေက သီးသန့်ဆန်ပြီး အပေါ်ပိုင်း အချွန်တွေ မဟုတ်ပဲ အပေါ်ပိုင်းတွေက ဖြတ်ထားတာနဲ့ တူပါတယ်။ဒါတွေကို မီးပုံတွေ ထည့်ဖို့ ထားတာလို့ တချို့က ဆိုပါတယ်။ဒါကတော့ အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်နိုင်လောက်တဲ့ ယူဆချက်ဖြစ်ပါတယ်။
ဒါကတော့ ဘုရင် Pacal ရဲ့ Rocket ဖြစ်ပါတယ်။ဒါဟာ ကစားစရာမဟုတ်ပါဘူး။ရှေးခေတ်က ထွင်ထားတဲ့ ဒုံးကျည်ပစ်တဲ့ အရာဖြစ်ပြီး စက်ကို ထိန်းချုပ်မှုကတော့ အခုခေတ်လောက်တော့ မရိုးရှင်းပါဘူး။တကယ့်ကို ရှုပ်ထွေးတဲ့ အတွဲအစပ်ဖြစ်ပြီး အတွင်းပိုင်းကို ယမ်းနဲ့ ပေါက်ခွဲမှုအကြောင်း သိခဲ့ပြီးဖြစ်ပါတယ်။ဒါကို လူတစ်ယောက်က ထိန်းချုပ်ပြီး ပစ်ခတ်ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
Comments are closed.