ရဲလေးကို အံ့သြသွားရလောက်အောင် မွေးနေ့ စပရိုက်လိုက်ပေးခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားများ

ရဲလေးကို အံ့သြသွားရလောက်အောင် မွေးနေ့ စပရိုက်လိုက်ပေးခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားများ






Credit – Momolay

[UNIICODE FONT]

စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ အရမ်းကို ပျော်ရွှင်စရာကောင်းလွန်းကြတဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးတို့ အနုပညာရှင် သူငယ်ချင်းတစ်စုဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေနဲ့ ပေါင်းသင်းခဲ့ကြတဲ့ အနုပညာရှင် သူငယ်ချင်း တစ်စုဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူတို့ သူငယ်ချင်းတစ်စုကတော့ မကြာခင်အချိန်မှာ ကပြဖျော်ဖြေပေးတော့မယ့် ” နှင်းဆီပုဝါခြုံတဲ့ ” အငြိမ့်အတွက် အကတိုက်နေခဲ့တာပဲဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်လို့ ပြောဆိုရလောက်အောင် တိုက်ဆိုင်လွန်းတယ်လို့ ဆိုရမှာပါ၊ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ဟာ သရုပ်ဆောင် ရဲလေးရဲ့ မွေးနေ့လေးဖြစ်တာကြောင့် အငြိမ့်တိုက်ရင်း ပျော်ရွှင်နေကြချိန်မှာ နှင်းဆီအဖွဲ့သားများက ရဲလေး မွေးနေ့အတွက် ကိတ်အကြီးကြီးနဲ့ မွေးနေ့စပရိုက်အကြီးကြီး လုပ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ရဲလေးရဲ့မွေးနေ့လေးမှာ အရမ်းကို ပျော်ရွှင်ခဲ့ကြကြောင်းကို ထွန်းထွန်းက ကြည်နူးစရာ ဗီဒီယိုဖိုင်လေးနဲ့တကွ ဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

အဖွဲ့သားများနဲ့အတူ မွေးနေ့မှာ အရမ်းကို ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ ရဲလေးတို့ နှင်းဆီအဖွဲ့ရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတွေ စုစုစည်းစည်းနဲ့ ရဲလေးအတွက် Birthday Surprise လုပ်ပေးခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားများရဲ့ ကြည်နူးစရာ ဗီဒီယိုဖိုင်လေးကို ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ပရိသတ်ကြီးရေ။

ရဲလေး အရမ်းကို အံ့သြသွားရလောက်အောင် ကိတ်အကြီးကြီးနဲ့ မွေးနေ့ စပရိုက်လိုက်ပေးခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားများရဲ့ Video https://youtu.be/XTFz-N26nTw

ရဲလေးအတွက် မွေးနေ့လုပ်ပေးရင်း အရမ်းကို ပျော်ရွှင်ခဲ့ကြတဲ့ နှင်းဆီအဖွဲ့သားများရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရင်း သဘောကျ နှစ်သက် ကြည်နူးမိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit – Momolay

Comments are closed.