ျခဴးေလးကို ဝန္းရံလိုက္တဲ့ ေအသင္ခ်ိဳေဆြ

ျခဴးေလးကို ဝန္းရံလိုက္တဲ့ ေအသင္ခ်ိဳေဆြ

ေအသင္ခ်ိဳေဆြက သရုပ္ေဆာင္ ျခဴးေလးဘက္က ေထာက္ခံထားတာေတြ႕ရပါတယ္။ ျခဴးေလးရဲ႕ ျပႆနာက သူမရဲ႕ အျဖစ္အပ်က္ကို သတိရသြားေစတယ္လို႕ ဆုိပါတယ္။ အဆိုေတာ္ ေအသင္ခ်ိဳေဆြက ျခဴးေလးဘက္ကေန ဝန္းရံလိုက္ပါတယ္။ ေအသင္ဟာ ခ်စ္သူနဲ႕ လမ္းခြဲခဲ့တာနဲ႕ ပတ္သက္ၿပီး အေၾကာင္းဆံုရွင္းျပထားတဲ့ ျခဴးေလးရဲ႕ ဗီဒိယိုဖိုင္ကို Share ၿပီး ယခုလုိ ေျပာထားတာပါ။

“ေယာက်္ားေတြက အဲ့ဒါဘဲေလ ၇ႏွစ္ ၇မိုး သူတို႔ဒဏ္ကို သည္းခံေပးတ့ဲေဆာ္ကိုက်ေတာ့ ဘီးလူးမႀကီး၊ စုန္းမႀကီး၊ လူဆိုးမႀကီးေပါ့၊ အခုမွစေတြ႕ၿပီး သူေျပာသမွ်သူရင္ဖြင့္သမွ်(ေစာက္ပိုေတြခံစားျပေနတာ)ကို နည္း၂ ေလးနားေထာင္ေပး၊ဘာလားဘာလား .. ႏွမ္းဖ်ဴး ေပးတ့ဲ စကီေလးေတြၾကေတာ့ သူတို႔ဘဝရဲ႕ေက်းဇူးရွင္မႀကီး ပါေပါ့၊ကယ္တင္ရွင္ႀကီး (ဝမ္းတာဝူးမန္းႀကီးလိုလို)သိသြားလို႔ ကိုယ့္မွာရင္ထုမနာျဖစ္ၿပီး ေျပာမိရင္ေတာင္ ဒင္းတို႔က ကမဘက္ကနာေသးတာေတာ္ၿပီ လက္ေညာင္းလို႔ ဒီေလာက္ပဲကိုယ့္အျဖစ္ေလးကို တျဖတ္တခက္ သတိရသြားလို႔ “ဆိုၿပီး သူမရဲ႕ ခံစားခ်က္တခ်ိဳ႕ကို ေရးသာထားတာျဖစ္ပါတယ္။

ေအသင္ခ်ိဳေဆြ ေျပာထားတဲ့ စကားေလးနဲ႕ကို မိန္းကေလး ပရိသတ္ေတြေတ္ာေတာ္မ်ားမ်ား ေထာက္ခံအားေပးထားတာလည္း ေတြ႕ရပါတယ္။

ေအသင္ခ်ိဳေဆြဟာ Single Mother အျဖစ္ ခံယူထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြက ၂၀၁၈ခုႏွစ္အတြင္းမွာ ေဖ်ာ္ေျဖေရးခရီးစဥ္ေတြနဲ႔ နယ္ေတြသြားေနရသူပါ။ အႏုပညာအလုပ္ေတြ ဆက္တိုက္လုပ္ျဖစ္ေနေပမယ့္လည္း ေအသင္က သမီးေလး Ivy ကို မ်က္စိေအာက္က အေပ်ာက္မခံတဲ့သူပါ။

အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာတဲ့ ေအသင္ဟာ ဇူလိုင္(၁၀) ရက္ေန႔က Comeback Song အေနနဲ႔ “အသည္းကြဲသီခ်င္း ေတြမဆိုေတာ့ဘူး” ဆိုတဲ့ သီခ်င္းသစ္ေလးကို ပရိသတ္ေတြလက္ထဲ အေရာက္ေပးခဲ့ပါတယ္။သူမက လက္ရွိမွာ ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြ ပိုၿပီး ဆက္လုပ္သြားဖို႔ ျပင္ဆင္လ်က္ရွိတယ္တဲ့။ သီခ်င္းအသစ္ေတြ လုပ္ေနသလိုမၾကာခင္မွာလည္း အြန္လိုင္းကေန သီခ်င္းေတြ ျဖန႔္သြားဖို႔လည္း ရွိပါတယ္။

ေအသင္ခ်ိဳေဆြဟာ ေပါက္တဲ့အိုးဆိုတဲ့ စီးရီးေခြနဲ႔ စတင္ကာ ပရိသတ္ေတြကို ရင္းႏွီးေစခဲ့တာ ျဖစ္ၿပီး အနီးဆုံးလူ နမ္းမွာလား၊ Play Boy စတဲ့ ေတးစီးရီးေတြသာမက အတြဲေခြမ်ားစြာပါ ပါဝင္သီဆိုခဲ့ၿပီး သ႐ုပ္ေဆာင္ဘက္မွာလည္း ပရိသတ္ အားေပးမႈရရွိတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။

Credit-Cele Yatkwat

[UNICODE FONT]

အေသင်ချိုဆွေက သရုပ်ဆောင် ခြူးလေးဘက်က ထောက်ခံထားတာတွေ့ရပါတယ်။ ခြူးလေးရဲ့ ပြဿနာက သူမရဲ့ အဖြစ်အပျက်ကို သတိရသွားစေတယ်လို့ ဆိုပါတယ်။ အဆိုတော် အေသင်ချိုဆွေက ခြူးလေးဘက်ကနေ ဝန်းရံလိုက်ပါတယ်။ အေသင်ဟာ ချစ်သူနဲ့ လမ်းခွဲခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းဆုံရှင်းပြထားတဲ့ ခြူးလေးရဲ့ ဗီဒိယိုဖိုင်ကို Share ပြီး ယခုလို ပြောထားတာပါ။

“ယောကျ်ားတွေက အဲ့ဒါဘဲလေ ၇နှစ် ၇မိုး သူတို့ဒဏ်ကို သည်းခံပေးတဲ့ဆော်ကိုကျတော့ ဘီးလူးမကြီး၊ စုန်းမကြီး၊ လူဆိုးမကြီးပေါ့၊ အခုမှစတွေ့ပြီး သူပြောသမျှသူရင်ဖွင့်သမျှ(စောက်ပိုတွေခံစားပြနေတာ)ကို နည်း၂ လေးနားထောင်ပေး၊ဘာလားဘာလား .. နှမ်းဖျူး ပေးတဲ့ စကီလေးတွေကြတော့ သူတို့ဘဝရဲ့ကျေးဇူးရှင်မကြီး ပါပေါ့၊ကယ်တင်ရှင်ကြီး (ဝမ်းတာဝူးမန်းကြီးလိုလို)သိသွားလို့ ကိုယ့်မှာရင်ထုမနာဖြစ်ပြီး ပြောမိရင်တောင် ဒင်းတို့က ကမဘက်ကနာသေးတာတော်ပြီ လက်ညောင်းလို့ ဒီလောက်ပဲကိုယ့်အဖြစ်လေးကို တဖြတ်တခက် သတိရသွားလို့ “ဆိုပြီး သူမရဲ့ ခံစားချက်တချို့ကို ရေးသာထားတာဖြစ်ပါတယ်။

အေသင်ချိုဆွေ ပြောထားတဲ့ စကားလေးနဲ့ကို မိန်းကလေး ပရိသတ်တွေတေ်ာတော်များများ ထောက်ခံအားပေးထားတာလည်း တွေ့ရပါတယ်။

အေသင်ချိုဆွေဟာ Single Mother အဖြစ် ခံယူထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အေသင်ချိုဆွေက ၂၀၁၈ခုနှစ်အတွင်းမှာ ဖျော်ဖြေရေးခရီးစဉ်တွေနဲ့ နယ်တွေသွားနေရသူပါ။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပေမယ့်လည်း အေသင်က သမီးလေး Ivy ကို မျက်စိအောက်က အပျောက်မခံတဲ့သူပါ။

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ “အသည်းကွဲသီချင်း တွေမဆိုတော့ဘူး” ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

Credit-Cele Yatkwat

Comments are closed.