ရာသီဘာေၾကာင့္ လာ၊ ကုိယ္၀န္ ဘာေၾကာင့္ရ

ရာသီဘာေၾကာင့္ လာ၊ ကုိယ္၀န္ ဘာေၾကာင့္ရ

ဒီအေၾကာင္းအရာက ရုတ္တရက္ဆို ဘာမ်ားထူးဆန္းလုိ႕ ေရးေနတာလဲလို႕ ထင္ခ်င္စရာရွိတယ္။ ႏုိင္ငံျခားမွာဆုိ အရြယ္ေရာက္ျပီးတဲ့ ေယာက်ာ္းေလး၊ မိန္းကေလး အကုန္လံုးနီးပါးဟာ ဒါေတြကိုသိျပီးသား။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ႏုိင္ငံလုိမ်ိဳး လိင္မႈဆုိင္ရာ အသိပညာေပးျခင္းကို မေကာင္းတဲ့ကိစၥတစ္ခုလို ျမင္ေန၊ ပိတ္ပင္ေနၾကတဲ့ေနရာမွာေတာ့ လူငယ္ေတြဟာ ဒီအေၾကာင္းေတြကုိ ေရေရရာရာ သိမေနၾကဘူး။ ‘အပ်ိဳျဖစ္ရင္ ေသြးဆင္းမယ္၊ ရာသီေပၚမယ္’၊ ‘ရာသီထိန္သြားျပီဆုိ ကုိယ္၀န္ရတတ္တယ္’၊ ဒီေလာက္ပဲ သိထားၾကတယ္။ အဲဒီအခါ ထူးဆန္းတဲ့ေမးခြန္းေတြ လာလာေမးၾကေရာ။

“မိန္းကေလးတစ္ေယာက္မွာ ကုိယ္၀န္ရသြားျပီး ေနာက္ထပ္အမ်ိဳးသားတစ္ေယာက္နဲ႕ အတူထပ္ေနလိုက္ရင္ အဲဒီကုိယ္၀န္က ဘယ္အမ်ိဳးသားရဲ႕ ကုိယ္၀န္ျဖစ္သြားမလဲ၊ ေသြးေႏွာသြားမွာလား”

“ရာသီလာျပီးရင္ ကုိယ္၀န္မရတာ ေသခ်ာလား”

“ပါးစပ္ထဲ သုက္ရည္၀င္သြားရင္ ကုိယ္၀န္ရတတ္သလား”

ဒီလိုေမးခြန္းေတြဟာ ဘာကိုျပေနလဲဆုိေတာ့ လူငယ္ေတြသည္ တကယ့္ကို အေျခခံအက်ဆံုး သိထားသင့္တာေတြျဖစ္တဲ့ သူတုိ႕ရဲ႕ ခႏၶာကုိယ္အေၾကာင္းကိုေတာင္ သိမေနၾကဘူးဆုိတာပါပဲ။ လူၾကီးေတြက လူငယ္ေတြ ဒါေတြသိကုန္ရင္ မဟုတ္တာေတြ လုပ္ကုန္ၾကမယ္လုိ႕ ထင္တယ္။ တကယ္ေတာ့ သိသိ မသိသိ လူငယ္ရဲ႕သဘာ၀အရ စမ္းသပ္ခ်င္ၾကတာပဲ။ ပတ္၀န္းက်င္မွာလည္း ဒါေတြက မထူးဆန္းေတာ့သလို ျဖစ္ေနေတာ့ လုပ္မိဖို႕ ပိုျပီးလြယ္ေနတယ္။ ေခတ္ကလည္း ပြင့္လင္းလာျပီ။ အင္တာနက္မွာလည္း ဓါတ္ပံုေတြ၊ ဇာတ္ကားေတြကုိ အလြယ္တကူ ၾကည္႕လုိ႕ရေနတယ္။ ဒီအခါ မွန္ကန္တဲ့ အသိပညာေပးထားဖုိ႕ဟာ သိပ္လိုအပ္လာတယ္။ အဲ့လိုေျပာျပထားရင္ သူတုိ႕ဟာ လိင္မႈကိစၥနဲ႕ပတ္သက္ျပီး ေစာင့္ထိန္းမႈ ပုိမ်ားလာသလို၊ တကယ္လုိ႕ လုပ္မိခဲ့ရင္လည္း ေနာက္ဆက္တြဲျပႆနာမျဖစ္ေအာင္ ကာကြယ္ႏုိင္ပါလိမ့္မယ္။

ဒါေၾကာင့္ အေျခခံအက်ဆံုးအျဖစ္ သိကုိသိထားရမယ့္ မိန္းကေလးတစ္ေယာက္ ဘာေၾကာင့္ ရာသီလာတယ္၊ ဘယ္လိုအခါမွာ ကုိယ္၀န္ရတတ္တယ္ဆုိတာကုိ ေျပာျပပါမယ္။ လူငယ္ေတြ သိထားသင့္တာဆုိေပမယ့္ ကၽြန္ေတာ့္အေတြ႕အၾကံဳအရေတာ့ အရြယ္ေရာက္ျပီးတဲ့သူေတြ၊ အိမ္ေထာင္သည္ေတြေတာင္ သိမေနၾကတာ အမ်ားၾကီးပါပဲ။ သူတုိ႕အတြက္လည္း ရည္ရြယ္ပါတယ္။

အဲဒီအေၾကာင္းေတြ မေျပာခင္ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မ်ိဳးပြားအဂၤါ အစိတ္အပုိင္းေတြကုိ အရင္ဆံုး မိတ္ဆက္ပါမယ္။ အမ်ိဳးသမီးရဲ႕ ဆီးစပ္လိုေနရာမွာ သားအိမ္ရွိပါတယ္။ သေႏၶသားေလးေနမယ့္ အိမ္မို႕လို႕ သားအိမ္လို႕ ေခၚပါတယ္။ သားအိမ္ရဲ႕ ဟုိဘက္ဒီဘက္မွာေတာ့ သားဥျပြန္ေလးေတြရွိမယ္။ အဲဒီသားဥျပြန္တစ္ခုစီရဲ႕ အဆံုးမွာ သားဥအိမ္တစ္ခုစီ ရွိေနပါတယ္။ အဲဒီသားဥအိမ္ထဲမွာေတာ့ မမ်ိဳးဥေလးေတြ အမ်ားၾကီးရွိတယ္။ အပ်ိဳေဖာ္မ၀င္မခ်င္း အဲဒီမမ်ိဳးဥေလးေတြဟာ အလုပ္မလုပ္ေသးဘဲ သားဥအိမ္ထဲမွာပဲ ရွိေနၾကပါတယ္။

မိန္းကေလးတစ္ေယာက္ အရြယ္ေရာက္လို႕ အပ်ိဳစျဖစ္ၿပီဆုိတာနဲ႕ အဲဒီေျမာက္မ်ားစြာေသာ မ်ိဳးဥေတြထဲက တစ္လကုိ တစ္လံုး သားဥအိမ္ထဲကေန ထြက္လာပါတယ္။ အဲဒါကို မမ်ိဳးဥေၾကြတယ္ လုိ႔ေခၚတယ္။

အဲဒီလိုေၾကြလာတဲ့ မမ်ိဳးဥေလးဟာ ႏွစ္မ်ိဳးျဖစ္ႏုိင္တယ္။ သုက္ပုိးနဲ႕ မေပါင္းမိဘဲ ေသသြားတာရယ္၊ သုက္ပုိးနဲ႕ ေပါင္းမိျပီး သေႏၶေအာင္သြားတာရယ္။

သာမန္ျဖစ္စဥ္အရေတာ့ မမ်ိဳးဥေၾကြၿပီးသြားရင္ သားဥျပြန္ထဲကို ေရာက္သြားတယ္၊ အဲဒီျပြန္ထဲမွာ သုက္ပုိးေရာက္အလာကို ေစာင့္ေနတာေပါ့။ လိင္ဆက္ဆံမႈရွိခဲ့လို႕ အမ်ိဳးသားဆီက သုက္ပုိး၀င္လာျပီး မမ်ိဳးဥေလးနဲ႕ ေပါင္းမိသြားရင္ေတာ့ သေႏၶေအာင္သြားလိမ့္မယ္။ အဲဒီလို သေႏၶေအာင္သြားခဲ့ရင္ အဆင္သင့္ သေႏၶတည္ႏုိ္င္ေအာင္ဆိုၿပီး သားအိမ္နံရံေတြက ထူထားေပးရပါတယ္။

တကယ္လို႔မ်ား မမ်ိဳးဥေၾကြခ်ိန္မွာ လိင္ဆက္ဆံမႈမရွိလုိ႕ သုက္ပုိးက ၀င္မလာဘူး၊ ဒါမွမဟုတ္ အိမ္ေထာင္သည္ေတြမွာဆုိ မမ်ိဳးဥေၾကြခ်ိန္နဲ႔ သုက္ပုိး၀င္လာတဲ့အခ်ိန္နဲ႔ မတုိက္ဆုိင္ဘူးဆုိရင္ေတာ့ အဲဒီမမ်ိဳးဥေလးက ေသသြားပါတယ္။ မမ်ိဳးဥေလးေတာင္ ေသသြားျပီဆုိေတာ့ သေႏၶေအာင္ခဲ့ရင္ အဆင္သင့္ျဖစ္ေနေအာင္ ဆုိၿပီး ထူေပးထားတဲ့ သားအိမ္နံရံေတြကလည္း မလိုအပ္ေတာ့ဘူးေပါ့။ ဒီအခါ ကြာက်ကုန္တယ္။ အဲဒီလို ေသသြားတဲ့ မမ်ိဳးဥေလးရယ္၊ သားအိမ္နံရံအလႊာေတြ ကြာက်လာတာရယ္ ေပါင္းၿပီး ခႏၶာကုိယ္အျပင္ကုိ ဆင္းလာတာကို ရာသီလာတယ္၊ ဓမၼတာလာတယ္ လို႔ ေခၚၾကပါတယ္။

တကယ္လုိ႔မ်ား မမ်ိဳးဥေၾကြတဲ့အခ်ိန္နဲ႔ သုက္ပုိး၀င္လာတဲ့အခ်ိန္္နဲ႔ တုိက္ဆိုင္သြားလို႔ ေပါင္းစပ္မိသြားရင္ေတာ့ သေႏၶေအာင္သြားၿပီး၊ အဲဒီသေႏၶသားေလာင္းေလးက သားအိမ္နံရံမွာ သြားၿပီး သေႏၶတည္မွာျဖစ္ပါတယ္။ ဒါဆုိရင္ေတာ့ ကိုယ္၀န္ရသြားၿပီလုိ႔ သတ္မွတ္ပါတယ္။ မမ်ိဳးဥေလးလည္း မေသေတာ့သလို၊ သားအိမ္နံရံေတြကလည္း ကြာက်ေတာ့မွာ မဟုတ္တဲ့အတြက္ ရာသီလည္းေပၚေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မုိ႔ မိန္းကေလးတစ္ေယာက္ ရာသီထိန္သြားရင္ ကုိယ္၀န္ရႏုိင္တယ္လုိ႔ အရပ္ထဲမွာ ေျပာေနၾကတာ ျဖစ္ပါတယ္။

ကုိယ္၀န္ရျပီးရင္ေတာ့ သေႏၶသားေလးကလည္း တျဖည္းျဖည္းၾကီးလာမယ္၊ သားအိမ္ကလည္း တျဖည္းျဖည္းၾကီးလာ၊ ဗုိက္ကလည္း တျဖည္းျဖည္းပူလာမယ္။ ၉ လလြယ္ ၁၀ လဖြားဆုိေပမယ့္ တိတိက်က်ေျပာရရင္ အပတ္ ၄၀ ၾကာတဲ့အခါ ေမြးမယ္။ ေမြးျပီးသြားရင္ေတာ့ သားအိမ္က သူ႕နဂုိအရြယ္အစားကို ျပန္က်ံဳ႕သြားမယ္။ အဲဒီလို နဂုိအတုိင္းျပန္ျဖစ္ဖို႕ ပံုမွန္အားျဖင့္ ၄ ပတ္ေလာက္ ၾကာတတ္တယ္။ ျပီးရင္ေတာ့ သူ႕ရဲ႕မူလအလုပ္ေတြ ျပန္လုပ္ေတာ့မယ္ေပါ့။

မွတ္မိေအာင္ ျပန္ေျပာရရင္ အပ်ိဳရယ္လို႔ ျဖစ္လာၿပီဆုိတာနဲ႕ ခႏၶာကုိယ္ထဲမွာ မမ်ိဳးဥေၾကြမယ္၊ အဲဒီေၾကြလာတဲ့ မမ်ိဳးဥက သုက္ပုိးနဲ႔ေပါင္းမိရင္ ကုိယ္၀န္ရမယ္။ မေပါင္းမိရင္ေတာ့ ေသသြားမယ္၊ ၿပီးရင္ မလိုအပ္ေတာ့လို႔ ကြာက်လာတဲ့ သားအိမ္နံရံအလႊာေတြနဲ႔ ေရာၿပီး ခႏၶာကိုယ္ျပင္ပကုိ ဆင္းလာမယ္။ ဒါကို ရာသီလာတယ္လု႔ိ ေခၚပါတယ္။

ဒီေတာ့ မိန္းကေလးတစ္ေယာက္ဟာ ရာသီေပၚေနၿပီ၊ အပ်ိဳျဖစ္ေနၿပီဆုိရင္ သေဘာေပါက္ထားရမွာက ကုိယ့္ခႏၶာကိုယ္ထဲမွာ မမ်ိဳးဥက ေၾကြေနၿပီ။ သူေၾကြေနၿပီမုိ႔လို႔သာ အျပင္ကုိ ရာသီေသြးေတြ ဆင္းလာတာေလ။ အဲဒီအတြက္ မေတာ္တဆမ်ား လိင္ဆက္ဆံမႈရွိခဲ့ရင္ (ကုိယ့္ရည္းစားနဲ႕ျဖစ္ျဖစ္၊ မေတာ္မတရား ျပဳက်င့္ခံရတာပဲျဖစ္ျဖစ္) ကုိယ္၀န္ရသြားႏုိင္ပါတယ္။

တကယ္ေတာ့ ဒီလိုမ်ိဳး ဘာေၾကာင့္ ရာသီလာတယ္၊ ဘာေၾကာင့္ ကုိယ္၀န္ရတယ္ ဆုိတာကုိ အိမ္ေထာင္သည္ေတြလည္း သိထားဖို႕ အေရးၾကီးပါတယ္။ ဒီလိုသာ သိထားမယ္ဆုိရင္ သားဆက္ျခားနည္းသုံုးတဲ့အခါ ၃ လခံေဆး ထုိးလို႕ ရာသီမေပၚတာ၊ လက္ေမာင္းထဲပစၥည္းထည္႕ထားျပီး ရာသီမေပၚတာေတြကို ပိုနားလည္ႏုိင္ပါလိမ့္မယ္။ ဒီေဆးေတြက အမ်ိဳးသမီးတစ္ေယာက္ကို မမ်ိဳးဥ မေၾကြေအာင္ လုပ္ေပးတယ္။ ဒီေတာ့ သုက္ပုိး၀င္လာလည္း ကိုယ္၀န္မရႏုိင္ေတာ့ဘူးေပါ့။ ဒီေဆးေတြသံုးထားရင္ မမ်ိဳးဥေတာင္ မေၾကြေတာ့ဘူးဆိုမွေတာ့ ေသစရာလည္း အေၾကာင္းမရွိ၊ ဒီအခါ ေသြးအျဖစ္နဲ႕လည္း အျပင္ကုိဆင္းမလာေတာ့ဘူး။ ဒါေၾကာင့္ ရာသီမေပၚတာပါ။ အထဲမွာ အပုပ္ေတြေအာင္းေနတာ၊ အလံုးေတြတည္မွာ၊ ကင္ဆာျဖစ္မွာ စသျဖင့္ စိတ္ပူေနစရာ မလိုပါဘူး။

ဒီအေၾကာင္းအရာက အေသးအဖြဲလို႕ေတာ့ ထင္ရတယ္၊ သိျပီးၾကမွာပါလုိ႕လည္း ထင္ရတယ္။ ဒါေပမယ့္ မသိေသးတဲ့သူေတြ အမ်ားၾကီးရွိေနေသးတာမို႕ ဒီေဆာင္းပါးေလးကို ေရးလုိက္ရပါတယ္။ တစံုတရာ အက်ိဳးရွိမယ္လုိ႕ ေမွ်ာ္လင့္ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ဒီအကြောင်းအရာက ရုတ်တရက်ဆို ဘာများထူးဆန်းလို့ ရေးနေတာလဲလို့ ထင်ချင်စရာရှိတယ်။ နိုင်ငံခြားမှာဆို အရွယ်ရောက်ပြီးတဲ့ ယောကျာ်းလေး၊ မိန်းကလေး အကုန်လုံးနီးပါးဟာ ဒါတွေကိုသိပြီးသား။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံလိုမျိုး လိင်မှုဆိုင်ရာ အသိပညာပေးခြင်းကို မကောင်းတဲ့ကိစ္စတစ်ခုလို မြင်နေ၊ ပိတ်ပင်နေကြတဲ့နေရာမှာတော့ လူငယ်တွေဟာ ဒီအကြောင်းတွေကို ရေရေရာရာ သိမနေကြဘူး။ ‘အပျိုဖြစ်ရင် သွေးဆင်းမယ်၊ ရာသီပေါ်မယ်’၊ ‘ရာသီထိန်သွားပြီဆို ကိုယ်ဝန်ရတတ်တယ်’၊ ဒီလောက်ပဲ သိထားကြတယ်။ အဲဒီအခါ ထူးဆန်းတဲ့မေးခွန်းတွေ လာလာမေးကြရော။

“မိန်းကလေးတစ်ယောက်မှာ ကိုယ်ဝန်ရသွားပြီး နောက်ထပ်အမျိုးသားတစ်ယောက်နဲ့ အတူထပ်နေလိုက်ရင် အဲဒီကိုယ်ဝန်က ဘယ်အမျိုးသားရဲ့ ကိုယ်ဝန်ဖြစ်သွားမလဲ၊ သွေးနှောသွားမှာလား”

“ရာသီလာပြီးရင် ကိုယ်ဝန်မရတာ သေချာလား”

“ပါးစပ်ထဲ သုက်ရည်ဝင်သွားရင် ကိုယ်ဝန်ရတတ်သလား”

ဒီလိုမေးခွန်းတွေဟာ ဘာကိုပြနေလဲဆိုတော့ လူငယ်တွေသည် တကယ့်ကို အခြေခံအကျဆုံး သိထားသင့်တာတွေဖြစ်တဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အကြောင်းကိုတောင် သိမနေကြဘူးဆိုတာပါပဲ။ လူကြီးတွေက လူငယ်တွေ ဒါတွေသိကုန်ရင် မဟုတ်တာတွေ လုပ်ကုန်ကြမယ်လို့ ထင်တယ်။ တကယ်တော့ သိသိ မသိသိ လူငယ်ရဲ့သဘာဝအရ စမ်းသပ်ချင်ကြတာပဲ။ ပတ်ဝန်းကျင်မှာလည်း ဒါတွေက မထူးဆန်းတော့သလို ဖြစ်နေတော့ လုပ်မိဖို့ ပိုပြီးလွယ်နေတယ်။ ခေတ်ကလည်း ပွင့်လင်းလာပြီ။ အင်တာနက်မှာလည်း ဓါတ်ပုံတွေ၊ ဇာတ်ကားတွေကို အလွယ်တကူ ကြည့်လို့ရနေတယ်။ ဒီအခါ မှန်ကန်တဲ့ အသိပညာပေးထားဖို့ဟာ သိပ်လိုအပ်လာတယ်။ အဲ့လိုပြောပြထားရင် သူတို့ဟာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး စောင့်ထိန်းမှု ပိုများလာသလို၊ တကယ်လို့ လုပ်မိခဲ့ရင်လည်း နောက်ဆက်တွဲပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

ဒါကြောင့် အခြေခံအကျဆုံးအဖြစ် သိကိုသိထားရမယ့် မိန်းကလေးတစ်ယောက် ဘာကြောင့် ရာသီလာတယ်၊ ဘယ်လိုအခါမှာ ကိုယ်ဝန်ရတတ်တယ်ဆိုတာကို ပြောပြပါမယ်။ လူငယ်တွေ သိထားသင့်တာဆိုပေမယ့် ကျွန်တော့်အတွေ့အကြုံအရတော့ အရွယ်ရောက်ပြီးတဲ့သူတွေ၊ အိမ်ထောင်သည်တွေတောင် သိမနေကြတာ အများကြီးပါပဲ။ သူတို့အတွက်လည်း ရည်ရွယ်ပါတယ်။

အဲဒီအကြောင်းတွေ မပြောခင် အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါ အစိတ်အပိုင်းတွေကို အရင်ဆုံး မိတ်ဆက်ပါမယ်။ အမျိုးသမီးရဲ့ ဆီးစပ်လိုနေရာမှာ သားအိမ်ရှိပါတယ်။ သန္ဓေသားလေးနေမယ့် အိမ်မို့လို့ သားအိမ်လို့ ခေါ်ပါတယ်။ သားအိမ်ရဲ့ ဟိုဘက်ဒီဘက်မှာတော့ သားဥပြွန်လေးတွေရှိမယ်။ အဲဒီသားဥပြွန်တစ်ခုစီရဲ့ အဆုံးမှာ သားဥအိမ်တစ်ခုစီ ရှိနေပါတယ်။ အဲဒီသားဥအိမ်ထဲမှာတော့ မမျိုးဥလေးတွေ အများကြီးရှိတယ်။ အပျိုဖော်မဝင်မချင်း အဲဒီမမျိုးဥလေးတွေဟာ အလုပ်မလုပ်သေးဘဲ သားဥအိမ်ထဲမှာပဲ ရှိနေကြပါတယ်။

မိန်းကလေးတစ်ယောက် အရွယ်ရောက်လို့ အပျိုစဖြစ်ပြီဆိုတာနဲ့ အဲဒီမြောက်များစွာသော မျိုးဥတွေထဲက တစ်လကို တစ်လုံး သားဥအိမ်ထဲကနေ ထွက်လာပါတယ်။ အဲဒါကို မမျိုးဥကြွေတယ် လို့ခေါ်တယ်။

အဲဒီလိုကြွေလာတဲ့ မမျိုးဥလေးဟာ နှစ်မျိုးဖြစ်နိုင်တယ်။ သုက်ပိုးနဲ့ မပေါင်းမိဘဲ သေသွားတာရယ်၊ သုက်ပိုးနဲ့ ပေါင်းမိပြီး သန္ဓေအောင်သွားတာရယ်။

သာမန်ဖြစ်စဉ်အရတော့ မမျိုးဥကြွေပြီးသွားရင် သားဥပြွန်ထဲကို ရောက်သွားတယ်၊ အဲဒီပြွန်ထဲမှာ သုက်ပိုးရောက်အလာကို စောင့်နေတာပေါ့။ လိင်ဆက်ဆံမှုရှိခဲ့လို့ အမျိုးသားဆီက သုက်ပိုးဝင်လာပြီး မမျိုးဥလေးနဲ့ ပေါင်းမိသွားရင်တော့ သန္ဓေအောင်သွားလိမ့်မယ်။ အဲဒီလို သန္ဓေအောင်သွားခဲ့ရင် အဆင်သင့် သန္ဓေတည်နိုင်အောင်ဆိုပြီး သားအိမ်နံရံတွေက ထူထားပေးရပါတယ်။

တကယ်လို့များ မမျိုးဥကြွေချိန်မှာ လိင်ဆက်ဆံမှုမရှိလို့ သုက်ပိုးက ဝင်မလာဘူး၊ ဒါမှမဟုတ် အိမ်ထောင်သည်တွေမှာဆို မမျိုးဥကြွေချိန်နဲ့ သုက်ပိုးဝင်လာတဲ့အချိန်နဲ့ မတိုက်ဆိုင်ဘူးဆိုရင်တော့ အဲဒီမမျိုးဥလေးက သေသွားပါတယ်။ မမျိုးဥလေးတောင် သေသွားပြီဆိုတော့ သန္ဓေအောင်ခဲ့ရင် အဆင်သင့်ဖြစ်နေအောင် ဆိုပြီး ထူပေးထားတဲ့ သားအိမ်နံရံတွေကလည်း မလိုအပ်တော့ဘူးပေါ့။ ဒီအခါ ကွာကျကုန်တယ်။ အဲဒီလို သေသွားတဲ့ မမျိုးဥလေးရယ်၊ သားအိမ်နံရံအလွှာတွေ ကွာကျလာတာရယ် ပေါင်းပြီး ခန္ဓာကိုယ်အပြင်ကို ဆင်းလာတာကို ရာသီလာတယ်၊ ဓမ္မတာလာတယ် လို့ ခေါ်ကြပါတယ်။

တကယ်လို့များ မမျိုးဥကြွေတဲ့အချိန်နဲ့ သုက်ပိုးဝင်လာတဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့ ပေါင်းစပ်မိသွားရင်တော့ သန္ဓေအောင်သွားပြီး၊ အဲဒီသန္ဓေသားလောင်းလေးက သားအိမ်နံရံမှာ သွားပြီး သန္ဓေတည်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဝန်ရသွားပြီလို့ သတ်မှတ်ပါတယ်။ မမျိုးဥလေးလည်း မသေတော့သလို၊ သားအိမ်နံရံတွေကလည်း ကွာကျတော့မှာ မဟုတ်တဲ့အတွက် ရာသီလည်းပေါ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မိန်းကလေးတစ်ယောက် ရာသီထိန်သွားရင် ကိုယ်ဝန်ရနိုင်တယ်လို့ အရပ်ထဲမှာ ပြောနေကြတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ရပြီးရင်တော့ သန္ဓေသားလေးကလည်း တဖြည်းဖြည်းကြီးလာမယ်၊ သားအိမ်ကလည်း တဖြည်းဖြည်းကြီးလာ၊ ဗိုက်ကလည်း တဖြည်းဖြည်းပူလာမယ်။ ၉ လလွယ် ၁၀ လဖွားဆိုပေမယ့် တိတိကျကျပြောရရင် အပတ် ၄၀ ကြာတဲ့အခါ မွေးမယ်။ မွေးပြီးသွားရင်တော့ သားအိမ်က သူ့နဂိုအရွယ်အစားကို ပြန်ကျုံ့သွားမယ်။ အဲဒီလို နဂိုအတိုင်းပြန်ဖြစ်ဖို့ ပုံမှန်အားဖြင့် ၄ ပတ်လောက် ကြာတတ်တယ်။ ပြီးရင်တော့ သူ့ရဲ့မူလအလုပ်တွေ ပြန်လုပ်တော့မယ်ပေါ့။

မှတ်မိအောင် ပြန်ပြောရရင် အပျိုရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥကြွေမယ်၊ အဲဒီကြွေလာတဲ့ မမျိုးဥက သုက်ပိုးနဲ့ပေါင်းမိရင် ကိုယ်ဝန်ရမယ်။ မပေါင်းမိရင်တော့ သေသွားမယ်၊ ပြီးရင် မလိုအပ်တော့လို့ ကွာကျလာတဲ့ သားအိမ်နံရံအလွှာတွေနဲ့ ရောပြီး ခန္ဓာကိုယ်ပြင်ပကို ဆင်းလာမယ်။ ဒါကို ရာသီလာတယ်လု့ိ ခေါ်ပါတယ်။

ဒီတော့ မိန်းကလေးတစ်ယောက်ဟာ ရာသီပေါ်နေပြီ၊ အပျိုဖြစ်နေပြီဆိုရင် သဘောပေါက်ထားရမှာက ကိုယ့်ခန္ဓာကိုယ်ထဲမှာ မမျိုးဥက ကြွေနေပြီ။ သူကြွေနေပြီမို့လို့သာ အပြင်ကို ရာသီသွေးတွေ ဆင်းလာတာလေ။ အဲဒီအတွက် မတော်တဆများ လိင်ဆက်ဆံမှုရှိခဲ့ရင် (ကိုယ့်ရည်းစားနဲ့ဖြစ်ဖြစ်၊ မတော်မတရား ပြုကျင့်ခံရတာပဲဖြစ်ဖြစ်) ကိုယ်ဝန်ရသွားနိုင်ပါတယ်။

တကယ်တော့ ဒီလိုမျိုး ဘာကြောင့် ရာသီလာတယ်၊ ဘာကြောင့် ကိုယ်ဝန်ရတယ် ဆိုတာကို အိမ်ထောင်သည်တွေလည်း သိထားဖို့ အရေးကြီးပါတယ်။ ဒီလိုသာ သိထားမယ်ဆိုရင် သားဆက်ခြားနည်းသုံးတဲ့အခါ ၃ လခံဆေး ထိုးလို့ ရာသီမပေါ်တာ၊ လက်မောင်းထဲပစ္စည်းထည့်ထားပြီး ရာသီမပေါ်တာတွေကို ပိုနားလည်နိုင်ပါလိမ့်မယ်။ ဒီဆေးတွေက အမျိုးသမီးတစ်ယောက်ကို မမျိုးဥ မကြွေအောင် လုပ်ပေးတယ်။ ဒီတော့ သုက်ပိုးဝင်လာလည်း ကိုယ်ဝန်မရနိုင်တော့ဘူးပေါ့။ ဒီဆေးတွေသုံးထားရင် မမျိုးဥတောင် မကြွေတော့ဘူးဆိုမှတော့ သေစရာလည်း အကြောင်းမရှိ၊ ဒီအခါ သွေးအဖြစ်နဲ့လည်း အပြင်ကိုဆင်းမလာတော့ဘူး။ ဒါကြောင့် ရာသီမပေါ်တာပါ။ အထဲမှာ အပုပ်တွေအောင်းနေတာ၊ အလုံးတွေတည်မှာ၊ ကင်ဆာဖြစ်မှာ စသဖြင့် စိတ်ပူနေစရာ မလိုပါဘူး။

ဒီအကြောင်းအရာက အသေးအဖွဲလို့တော့ ထင်ရတယ်၊ သိပြီးကြမှာပါလို့လည်း ထင်ရတယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေ အများကြီးရှိနေသေးတာမို့ ဒီဆောင်းပါးလေးကို ရေးလိုက်ရပါတယ်။ တစုံတရာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.