မတ္လ(၂၃) ရက္ေန႔မွာ က်င္းပျပဳလုပ္မယ့္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲ

မတ္လ(၂၃) ရက္ေန႔မွာ က်င္းပျပဳလုပ္မယ့္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆုေပးပြဲ

ပရိသတ္ေတြအားလုံး ေစာင့္ေမွ်ာ္ေနၾကတဲ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲႀကီးကို ၂၀၁၉ခုႏွစ္၊ မတ္လ(၂၃) ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ ေ႐ႊထြဋ္တင္ကြင္းတြင္ က်င္းပျပဳလုပ္မွာပါ။

အႏုပညာေလာကသားေတြသာမက ျပည္သူျပည္သားေတြပါ ေစာင့္ေမွ်ာ္ေနၾကတဲ့ အကယ္ဒမီေပးပြဲႀကီးကို ၂၀၁၉ ခုႏွစ္ မတ္လ(၂၃)ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ ေ႐ႊထြဋ္တင္ကြင္းတြင္ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ျပဳလုပ္မယ့္ ၂၀၁၈ခုႏွစ္အတြက္ အကယ္ဒမီထူးခြၽန္ဆုေပးပြဲမွာ ႐ုပ္ရွင္ထူးခြၽန္ဆု (၁၁) ဆုကေန (၁၃) ဆုၾကားမွာ ေပးအပ္သြားမွာျဖစ္ေၾကာင္း ႐ုပ္ရွင္အစည္းအ႐ုံးဥကၠဌ ဦးဇင္ဝိုင္းက ဒီေန႔(ဇန္နဝါရီ၁၁ရက္) ျပဳလုပ္ခဲ့တဲ့ အကယ္ဒမီေပးပြဲ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

“အကယ္ဒမီဆုက ႏွစ္စဥ္ေပးေနၾကတဲ့အတိုင္ း၁၁ ဆုေပးမွာပါ။ ၁၁ဆုအျပင္ မႏွစ္က စတင္ေပးခဲ့တဲ့ ႐ုပ္ရွင္တစ္သက္တာဆုအတြက္ကိုလည္း သတ္မွတ္ထားတဲ့ စံခ်ိန္စံႏႈန္းနဲ႔ကိုက္ညီတဲ့ ပုဂၢိဳလ္ႀကီးေတြရွိရင္ေပးမွာပါ။ အထူးဆုဆိုတာ ေပၚေပါက္လာရင္လည္း ၁၃ဆု ျဖစ္သြားႏိုင္ပါတယ္။ဒါေၾကာင့္ အကယ္ဒမီထူးခြၽန္ဆုသည္ ၁၁ ဆုကေန ၁၃ဆုၾကားမွာ ခ်ီးျမႇင့္သြားမွာပါ“ လို႔ ၎ကဆိုပါတယ္။

႐ုပ္ရွင္ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးေကာ္မတီကို ႐ုပ္ရွင္အႏုပညာရွင္၊ အတတ္ပညာရွင္ ေလးဆယ္ဦး ပါဝင္ဖြဲ႕စည္းထားၿပီး ယင္းအဖြဲ႕က ၂၀၁၈ ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့တဲ့ ဇာတ္ကားမ်ားကို အကဲျဖတ္ ၾကည့္ရႈလ်က္ရွိပါတယ္။

၂၀၁၈ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကား စုစုေပါင္း (၈၃) ကား ရွိခဲ့ပါတယ္။ ထိုဇာတ္ကားမ်ားကို အကဲျဖတ္အဖြဲ႕ဝင္မ်ားက တစ္ပတ္မွာ (၅) ရက္ ၾကည့္ရႈအကဲျဖတ္ခဲ့ရာ ဇန္နဝါရီလစပိုင္းကစလို႔ တစ္ပတ္မွာ (၆) ရက္အထိ ဇာတ္ကားမ်ား ၾကည့္ရႈေနတယ္လို႔လည္း သိရပါတယ္။ တစ္ႏွစ္တစ္ႀကိမ္ က်င္းပတဲ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု (အကယ္ဒမီ) ဆုေပးပြဲအခမ္းအနားကို ၁၉၅၂ ခုႏွစ္ကစၿပီး က်င္းပခဲ့တာ ျဖစ္ပါတယ္။

ထူးခြၽန္ဆုရရွိသူ တစ္ဦးခ်င္းကို အကယ္ဒမီ ေ႐ႊစင္႐ုပ္တုနဲ႔ ေငြသားဆု ခ်ီးျမႇင့္ပါတယ္။ေ႐ႊစင္႐ုပ္တုရဲ႕ထိပ္မွာပါတဲ့ ၾကယ္ပြင့္ကို ယခင္ႏွစ္ေတြမွာ ေ႐ႊသားစစ္စစ္ ၂ က်ပ္သားနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ေပမဲ့ ဒီႏွစ္မွာေတာ့ ေ႐ႊသား ၅ က်ပ္သားနဲ႔ ျပဳလုပ္ ခ်ီးျမႇင့္ခဲ့တာလည္း ျဖစ္ပါတယ္။ ႐ုပ္ရွင္မင္းသားႀကီး ဦးၫႊန႔္ဝင္းက လက္ရွိအခ်ိန္ထိ အကယ္ဒမီဆု (၇)ဆုနဲ႔ အကယ္ဒမီ အမ်ားဆုံးဆုရွင္ မင္းသားႀကီး ျဖစ္ပါတယ္။ ဒါ႐ိုက္တာ ဦးသုခ၊ သ႐ုပ္ေဆာင္ ရန္ေအာင္၊ ဦးသန္းၫႊန႔္တို႔က အကယ္ဒမီဆု(၆)ဆုရရွိထားၿပီး ျမင့္ျမင့္ခင္၊ ေမာင္တင္ဦး၊ ေက်ာ္ဟိန္း၊ မို႔မို႔ျမင့္ေအာင္၊ ၾကည္စိုးထြန္းနဲ႔ ေမသန္းႏုတို႔ကေတာ့ အကယ္ဒမီ (၅)ဆုစီ ရရွိထားၾကတယ္လို႔ သိရပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Credit – Cele YatKwat

[UNICODE FONT]

(Advertisement)

ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို ၂၀၁၉ခုနှစ်၊ မတ်လ(၂၃) ရက်နေ့မှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပပြုလုပ်မှာပါ။

အနုပညာလောကသားတွေသာမက ပြည်သူပြည်သားတွေပါ စောင့်မျှော်နေကြတဲ့ အကယ်ဒမီပေးပွဲကြီးကို ၂၀၁၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု (၁၁) ဆုကနေ (၁၃) ဆုကြားမှာ ပေးအပ်သွားမှာဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ဒီနေ့(ဇန်နဝါရီ၁၁ရက်) ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အကယ်ဒမီဆုက နှစ်စဉ်ပေးနေကြတဲ့အတိုင် း၁၁ ဆုပေးမှာပါ။ ၁၁ဆုအပြင် မနှစ်က စတင်ပေးခဲ့တဲ့ ရုပ်ရှင်တစ်သက်တာဆုအတွက်ကိုလည်း သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ ပုဂ္ဂိုလ်ကြီးတွေရှိရင်ပေးမှာပါ။ အထူးဆုဆိုတာ ပေါ်ပေါက်လာရင်လည်း ၁၃ဆု ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် အကယ်ဒမီထူးချွန်ဆုသည် ၁၁ ဆုကနေ ၁၃ဆုကြားမှာ ချီးမြှင့်သွားမှာပါ“ လို့ ၎င်းကဆိုပါတယ်။

ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးကော်မတီကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင် လေးဆယ်ဦး ပါဝင်ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားများကို အကဲဖြတ် ကြည့်ရှုလျက်ရှိပါတယ်။

၂၀၁၈ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား စုစုပေါင်း (၈၃) ကား ရှိခဲ့ပါတယ်။ ထိုဇာတ်ကားများကို အကဲဖြတ်အဖွဲ့ဝင်များက တစ်ပတ်မှာ (၅) ရက် ကြည့်ရှုအကဲဖြတ်ခဲ့ရာ ဇန်နဝါရီလစပိုင်းကစလို့ တစ်ပတ်မှာ (၆) ရက်အထိ ဇာတ်ကားများ ကြည့်ရှုနေတယ်လို့လည်း သိရပါတယ်။ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Credit – Cele YatKwat

Comments are closed.