City FM ကပေးတဲ့ တစ်နှစ်ပတ်လုံးရောင်းအားအကောင်းဆုံး တေးစီးရီးဆုကို ရရှိသွားတဲ့ အိုင်းရင်းဇင်မာမြင့်

City FM ကပေးတဲ့ တစ်နှစ်ပတ်လုံးရောင်းအားအကောင်းဆုံး တေးစီးရီးဆုကို ရရှိသွားတဲ့ အိုင်းရင်းဇင်မာမြင့်






[UNICODE FONT]

ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက် စနေနေ့ညလေးမှာတော့ City FM ရဲ့ ၁၇ နှစ်နှစ်ပြည့်အခမ်းအနားပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲလေးကိုတော့ အနုပညာရှင်များစွာနဲ့ ဂီတပညာရှင်များတက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်။ အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုလို့ပြောရမယ့် ဆုပေါင်းများစွာကိုလည်း ချီးမြင့်ပေးအပ်ခဲ့တဲ့ ဒီပွဲလေးကတော့ အနုပညာရှင်တွေနဲ့ ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်ခဲ့ပါတယ်။

City FM ရဲ့ ၁၇ နှစ်ပြည့်နေ့လေးမှာတော့ တစ်နှစ်ပတ်လုံး အရောင်းရဆုံးခွေတွေနဲ့၊ တစ်နှစ်တာလုံးအတွက် အတောင်းဆိုခံရဆုံးသီချင်းတွေကို ရွေးချယ်ပြီးတော့ ဆုတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်အဆိုတော်တွေနဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တွေကြားမှာ ပရိသတ်တွေရဲ့အားပေးမှုအများဆုံးကို ရရှိခဲ့တဲ့ အနုပညာရှင်တွေရှိခဲ့ပါတယ်။

ဒီပွဲလေးမှာတော့ City FM က ပေးလိုက်တဲ့၂၀၁၈ ခုနှစ်အတွင်း အမျိုးသမီး တစ်နှစ်ပတ်လုံးရောင်းအားအကောင်းဆုံး ဆုကို ရရှိသွားသူကတော့ အိုင်ရင်းဇင်မာမြင့် ဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့် ကတော့ “မာ” တေးစီးရီးအယ်လ်ဘမ်နဲ့ City FM ကပေးတဲ့ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တာပါ။Congratulations ပါ အိုင်းရင်းရေ….

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Photos-Irene Zin Mar Myint

Comments are closed.