၂၀၁၈ ခုႏွစ္အတြင္း ထူးထူးျခားျခားေရပန္းစားခဲ့တဲ့ လူငယ္အဆိုေတာ္သစ္ဆုကို ဖုိးျပည့္ကရရွိ

၂၀၁၈ ခုႏွစ္အတြင္း ထူးထူးျခားျခားေရပန္းစားခဲ့တဲ့ လူငယ္အဆိုေတာ္သစ္ဆုကို ဖုိးျပည့္ကရရွိ

ဒီကေန႔ ဇန္နဝါရီလ ၁၂ ရက္ စေနေန႔ညေလးမွာေတာ့ City FM ရဲ႕ (၁၇)  ႏွစ္ျပည့္အခမ္းအနားပြဲကုိ က်င္းပခဲ့တာျဖစ္ပါတယ္။ ဒီပြဲေလးကိုေတာ့ အႏုပညာရွင္မ်ားစြာနဲ႔ ဂီတပညာရွင္မ်ားတက္ေရာက္လာခဲ့ၾကတာ ေတြ႔ရပါတယ္။ အႏုပညာရွင္ေတြရဲ႕ ပန္းတိုင္တစ္ခုလုိ႔ေျပာရမယ့္ ဆုေပါင္းမ်ားစြာကိုလည္း ခ်ီးျမင့္ေပးအပ္ခဲ့တဲ့ ဒီပြဲေလးကေတာ့ အဆုိရွင္ေတြအတြက္ ေမ်ွာ္လင့္ခ်က္ေတြ အေကာင္းဆံုးပံုေဖာ္ႏုိင္ဖုိ႔ အေထာက္အပံ့ျဖစ္ေနတာပါ။

City FM ရဲ႕ ၁၇ ႏွစ္ျပည့္ေန႔ေလးမွာေတာ့ တစ္ႏွစ္ပတ္လံုး အေရာင္းရဆံုးေခြေတြနဲ႔၊ တစ္ႏွစ္တာလံုးအတြက္ အေတာင္းဆုိခံရဆံုးသီခ်င္းေတြကို ေရြးခ်ယ္ျပီးေတာ့ ဆုေတြေပးအပ္ခဲ့တာျဖစ္ပါတယ္။ လူငယ္အဆိုေတာ္ေတြနဲ႔ အရည္အခ်င္းရွိတဲ့ အဆုိေတာ္ေတြၾကားမွာ ပရိသတ္ေတြရဲ႕အားေပးမွုအမ်ားဆံုးကို ရရွိခဲ့တဲ့ အႏုပညာရွင္ေတြရွိခဲ့ပါတယ္။

ဒီဆုေလးကေတာ့ ဒီႏွစ္မွာမွ ထူးထူးျခားျခား ျဖစ္သြားတဲ့ ဆုေလးတစ္ခုျဖစ္ျပီးေတာ့ တက္သစ္စ လူငယ္အဆိုေတာ္ေတြကို ေပးတဲ့ ဆုတစ္ခုျဖစ္ပါတယ္။ ဒီဆုေလးကိုေတာ့ သားငယ္နဲ႔ ဖုိးျပည့္တုိ႔ (၂) ဦးမွာမွ ဖုိးျပည့္က ရရွိသြားခဲ့တာျဖစ္ပါတယ္။ ဖုိးျပည့္ဟာ ၂၀၁၈ ခုႏွစ္အတြင္း ထူးထူးျခားျခားေရပန္းစားခဲ့တဲ့ အဆုိေတာ္တစ္ဦးျဖစ္သြားခဲ့ပါတယ္။

ဖုိးျပည့္ဟာ ကိုယ္ေစာင့္နတ္သီခ်င္းနဲ႔ ပရိသတ္ေတြၾကားေရပန္းစားလာခဲ့တာျဖစ္ျပီးေတာ ့ေတာင္ၾကီးသားအဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ ဖုိးျပည့္ရဲ႕ ပထမဆံုးသီခ်င္းေခြကိုေတာ့ မိခင္ျဖစ္သူက ထုတ္လုပ္ေပးခဲ့တာပါ။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Photos-Phoe Pyae

[UNICODE FONT]

ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက် စနေနေ့ညလေးမှာတော့ City FM ရဲ့ (၁၇)  နှစ်ပြည့်အခမ်းအနားပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲလေးကိုတော့ အနုပညာရှင်များစွာနဲ့ ဂီတပညာရှင်များတက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်။ အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုလို့ပြောရမယ့် ဆုပေါင်းများစွာကိုလည်း ချီးမြင့်ပေးအပ်ခဲ့တဲ့ ဒီပွဲလေးကတော့ အဆိုရှင်တွေအတွက် မျှော်လင့်ချက်တွေ အကောင်းဆုံးပုံဖော်နိုင်ဖို့ အထောက်အပံ့ဖြစ်နေတာပါ။

City FM ရဲ့ ၁၇ နှစ်ပြည့်နေ့လေးမှာတော့ တစ်နှစ်ပတ်လုံး အရောင်းရဆုံးခွေတွေနဲ့၊ တစ်နှစ်တာလုံးအတွက် အတောင်းဆိုခံရဆုံးသီချင်းတွေကို ရွေးချယ်ပြီးတော့ ဆုတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်အဆိုတော်တွေနဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တွေကြားမှာ ပရိသတ်တွေရဲ့အားပေးမှုအများဆုံးကို ရရှိခဲ့တဲ့ အနုပညာရှင်တွေရှိခဲ့ပါတယ်။

ဒီဆုလေးကတော့ ဒီနှစ်မှာမှ ထူးထူးခြားခြား ဖြစ်သွားတဲ့ ဆုလေးတစ်ခုဖြစ်ပြီးတော့ တက်သစ်စ လူငယ်အဆိုတော်တွေကို ပေးတဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ဒီဆုလေးကိုတော့ သားငယ်နဲ့ ဖိုးပြည့်တို့ (၂) ဦးမှာမှ ဖိုးပြည့်က ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဖိုးပြည့်ဟာ ၂၀၁၈ ခုနှစ်အတွင်း ထူးထူးခြားခြားရေပန်းစားခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်သွားခဲ့ပါတယ်။

ဖိုးပြည့်ဟာ ကိုယ်စောင့်နတ်သီချင်းနဲ့ ပရိသတ်တွေကြားရေပန်းစားလာခဲ့တာဖြစ်ပြီးတော ့တောင်ကြီးသားအဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဖိုးပြည့်ရဲ့ ပထမဆုံးသီချင်းခွေကိုတော့ မိခင်ဖြစ်သူက ထုတ်လုပ်ပေးခဲ့တာပါ။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Photos-Phoe Pyae

Comments are closed.