တစ်နှစ်တာလုံးအတွက် ပရိသတ်တွေတောင်းဆိုခံရမှုအများဆုံးဆုကို ရွှေထူး ကရရှိ

တစ်နှစ်တာလုံးအတွက် ပရိသတ်တွေတောင်းဆိုခံရမှုအများဆုံးဆုကို ရွှေထူး ကရရှိ






[UNICODE FONT]

ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက် စနေနေ့ညလေးမှာတော့ City FM ရဲ့ (၁၇)  နှစ်နှစ်ပြည့်အခမ်းအနားပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲလေးကိုတော့ အနုပညာရှင်များစွာနဲ့ ဂီတပညာရှင်များတက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်။ အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုလို့ပြောရမယ့် ဆုပေါင်းများစွာကိုလည်း ချီးမြင့်ပေးအပ်ခဲ့တဲ့ ဒီပွဲလေးကတော့ အဆိုရှင်တွေအတွက် မျှော်လင့်ချက်တွေ အကောင်းဆုံးပုံဖော်နိုင်ဖို့ အထောက်အပံ့ဖြစ်နေတာပါ။

City FM ရဲ့ ၁၇ နှစ်ပြည့်နေ့လေးမှာတော့ တစ်နှစ်ပတ်လုံး အရောင်းရဆုံးခွေတွေနဲ့၊ တစ်နှစ်တာလုံးအတွက် အတောင်းဆိုခံရဆုံးသီချင်းတွေကို ရွေးချယ်ပြီးတော့ ဆုတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်အဆိုတော်တွေနဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တွေကြားမှာ ပရိသတ်တွေရဲ့အားပေးမှုအများဆုံးကို ရရှိခဲ့တဲ့ အနုပညာရှင်တွေရှိခဲ့ပါတယ်။

ဒီပွဲလေးမှာတော့ City FM က ပေးလိုက်တဲ့၂၀၁၈ ခုနှစ်အတွင်း  တစ်နှစ်ပတ်လုံး သီချင်းတောင်းဆိုခံရဆုံး ဆုကို ရရှိသွားသူကတော့ ရွှေထူး ဖြစ်ပါတယ်။ ရွှေထူးတို့ဇနီးမောင်နှံကတော့ City FM ပွဲမှာ အင်မတန်ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးတွေနဲ့ ပွဲတက်လာခဲ့တာကို တွေ့ရပါတယ်။ရွှေထူးကတော့ အိမ်ထောင်ကျသွားသည့်တိုင် မပြောင်းလဲဘဲ အားပေးနေတဲ့ပရိသတ်ကြီးကို ကျေးဇူးတင်လိုက်ပါတယ်။ Congratulation ပါ ရွှေထူးရေ…

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Photos-Htoo Khant & Trend

Comments are closed.