မျက်နှာဖုံးနောက်ကွယ်က ပိုင်တံခွန် ကို တွေ့တော့ TVရှေ့ကနေ ထိုင်က န် တော့နေတဲ့ ကလေးလေး ရုပ်သံ
မျက်နှာဖုံးနောက်ကွယ်က ပိုင်တံခွန် ကို တွေ့တော့ TVရှေ့ကနေ ထိုင်က န် တော့နေတဲ့ ကလေးလေး ရုပ်သံ
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲကိုကိုဖြစ်တဲ့ ပိုင်တံခွန်က အနုပညာလောကမှာ အောင် မြင်တဲ့ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ သူတစ်ယောက်ပါ။ ကိုယ်ရောင်ကိုယ် ဝါတွေ တောက်ပနေပြီး အမြဲစမတ်ကျနေတဲ့ ပိုင်တံခွန်က ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင် ထားသူဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရဲ့ အလှပဂေးလေးတွေကြားမှာ လည်း ရေပန်းစားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။
လက်ရှိမှာ ပိုင်တံခွန်က ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုး စားနေပြီး တာဝန်ကျေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် စိတ်နှစ်ပြီး ကြိုးစားနေ တာ ကို တွေ့ရမှာပါ။ ဆံပင်ရှည်ရှည်နဲ့ အနောက်တိုင်းမင်းသားတွေလို ဆွဲဆောင် မှုရှိနေ တဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်တိုင်းက မိန်းကလေး ပရိသတ်တွေအတွက်တော့ သည်းသည်းလှုပ် ကြွေ ချင်စရာပါပဲ။
လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်နေတဲ့ The Mask Singer Myanmar ပွဲ ကြီးမှာတော့ ကျားမျက်နှာဖုံးရှင်ရဲ့ နောက်ကွယ်က ပိုင်တံခွန်ဆိုတာ ရုပ်လုံးပေါ်သွားခဲ့ ပြီဖြစ်ပါတယ်။ မနေ့ညက The Mask Singerပွဲကို ကြည့်နေတဲ့ ပရိသတ်ကြီးထဲမှ ချစ်စရာ ကောင်းတဲ့ ကလေးလေးတစ်ယောက်က TV မှာ ပိုင်တံခွန်ပုံလည်း ပေါ်လာတဲ့အချိန်မှာ ထိုင်ကန်တော့နေတဲ့ ဗီဒီယိုလေးကို “ဦးဦးကို ဘာထင်လို့ ကန်တော့နေလဲ ကလေးရေ” ဆိုပြီး ပိုင်တံခွန်က ပြန်လည်မျှဝေထားတာဖြစ်လို့ CeleGabarပရိသတ်ကြီးလည်း ရယ်မော ပျော်ရွှင်ရအောင် မျှဝေပေးလိုက်ပါတယ်နော်။
Source: Paing Takhon
NORA:CeleGabar,Reference&Source:Celegabar.com
[Zawgyi]
Comments are closed.