ရဲတုိက္ သရုပ္ေဆာင္တာက ေၾကာက္စရာၾကီး ဆို တဲ့ ေရႊထူး

ရဲတုိက္ သရုပ္ေဆာင္တာက ေၾကာက္စရာၾကီး ဆို တဲ့ ေရႊထူး

လူ ငယ္ၾကိဳက္ေတးသံရွင္ ေရႊထူးကေတာ့ သူ႔ရဲ႕ခိုင္မာျပီးအားျပည့္တဲ့အသံနဲ႔ ဂီတေလာကထဲမွာ လြန္ခဲ့တဲ့နွစ္အနည္းငယ္ကစျပီး နာမည္ရလာသူအနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ေရႊထူးဟာ ေအာင္ျမင္ခါစက သီခ်င္းတုိင္းကို ကီးတစ္ခုတည္းနဲ႔သီဆိုတယ္ဆုိျပီးေဝဖန္ခံရမႈေတြရွိေပမယ့္လည္း ေရႊထူးက ေဝဖန္သူေတြကုိအေရးတယူတံု႔ျပန္ျခင္းမရွိပဲေအးေအးေဆးေဆးပဲေနတတ္တာမို႔ သူ႔ရဲ႕ေအာင္ျမင္မႈဟာ ရပ္တန္႔သြားျခင္းမရွိပဲ ဆက္တုိက္ဆိုသလို ေအာင္ျမင္လာျပီးအခုဆိုရင္ ရုပ္ရွင္နယ္ပယ္ဘက္ပါေျခလွမ္းခ်လာျပီျဖစ္ပါတယ္။

ေရႊထူးဟာ သူ႔ရဲ႕ ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားၾကီးကုိ ဝတ္မႈန္ေရႊရည္၊ရဲတိုက္၊ေဒါင္းနဲ႔ အတူ အျခားေသာသရုပ္ေဆာင္ေပါင္းမ်ားစြာနဲ႔အတူလက္တြဲရိုက္ကူးထားခဲ့တာျဖစ္ပါတယ္။ ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားၾကီးနဲ႔ပတ္သက္ျပီးသူ႔ရဲ႕အေတြ႕အၾကံဳေတြကုိေရႊထူးက ပရိသတ္ေတြကို ေဝမ်ွေျပာျပထားခဲ့ပါေသးတယ္။

ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားၾကီးထဲမွာ ေရႊထူးရဲ႕ ကာရိုက္တာက ေအးေဆးတဲ့ စာေရးဆရာေလးေနရာကသရုပ္ေဆာင္ရတာပါ။ ကာရိုက္တာနဲ႔ပတ္သက္ျပီး ေရႊထူးက “စာေရးဆရာဆုိတဲ့အတိုင္း တည္တည္ျငိမ္ျငိမ္ေအးေအးခ်မ္းခ်မ္းေလးေပါ့ေနာ္။သူ႔ပံုစံက။ ကြ်န္ေတာ့္ပံုက ေအးခ်မ္းလားေတာ့မသိပါဘူး။ ကြ်န္ေတာ့္ဟာကြ်န္ေတာ္ေတာ့ေအးခ်မ္းတယ္ေတာ့ထင္တယ္ေလ။ဆိုေတာ့ … ကြ်န္ေတာ့္အျပင္ပံုနဲ႔ေတာ့ မတူတာေတာ့အေသအခ်ာပဲဗ်။”လို႔ ေျပာျပထားပါတယ္။

ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားမွာ အဓိကသရုပ္ေဆာင္ေလးဦးမွာ သံုးဦးက ဝါရင့္သရုပ္ေဆာင္ေတြခ်ည္းျဖစ္ျပီး အသစ္ျဖစ္တဲ့ေရႊထူးကလည္း တတ္အားသမွ် အေကာင္းဆံုးအားထုတ္သရုပ္ေဆာင္ထားတယ္လို႔ဆုိပါတယ္။ ပါဝင္တဲ့ အဓိကသရုပ္ေဆာင္ေလးဦးက သူ႔ကာရိုက္တာနဲ႔သူမတူညီတဲ့ရသေတြကုိေပးမွာျဖစ္တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔လည္း ဘယ္သူကဘယ္လုိရသမ်ိဳးေပးမလဲဆိုတာစိတ္ဝင္စားစရာပါပဲ။

ဒ႑ာရီမိုးမွာသရုပ္ေဆာင္ရတဲ့အေတြ႕အၾကံဳကိုလည္း ေရႊထူးက “အရမ္းေတာ့သတိထားျပီး သရုပ္ေဆာင္ရတယ္ဗ်၊ျပီးေတာ့ ဒီထဲမွာကိုမွ ကြ်န္ေတာ့္ကာရိုက္တာကနွစ္မ်ိဳးျဖစ္ေနတာေပါ့ေနာ္။ ပရိသတ္ေတြေရွ႕မွာတစ္မ်ိဳး ကြ်န္ေတာ့္အကုိၾကီးနဲ႔ေနရရင္ကြ်န္ေတာ့္ပံုစံကတစ္မ်ိဳးေပါ့။ လူငယ္လုိျပန္ျဖစ္သြားတယ္။အဲ့လိုမ်ိဳးေလးေတာ့ျဖစ္တယ္။ဒါေပမယ့္ ဒီကားရိုက္တဲ့အခ်ိန္အတြင္းမွာေတာ့ ကြ်န္ေတာ္ကေတာ့ အဲလိုပံုစံမ်ိဳးေလးပဲ လူတိုင္းကိုေျပာျဖစ္ေနတာပဲ” လို႔ ေျပာျပထားပါတယ္။

အတူတြဲဖက္သရုပ္ေဆာင္ရတဲ့ ဝတ္မႈန္ေရႊရည္ရဲ႕ အကူအညီေတြလည္းအမ်ားၾကီးရေၾကာင္းကိုေရႊထူးက “မကစ္လည္းေျပာျပေပးပါတယ္။ကြ်န္ေတာ္တို႔နွစ္ေယာက္အတူတူရိုက္ေနတဲ့အခ်ိန္မွာဆို ကြ်န္ေတာ့္ဘက္ကလိုအပ္ခ်က္ရွိသြားတာေလးေတြ၊ကြ်န္ေတာ္သရုပ္ေဆာင္မပီျပင္ျဖစ္သြားတာေလးေတြဆို ေမာင္ေလး ဒီေနရာေလးေတာ့ ဒီလိုဒီလိုေလးလုပ္ ဆိုတာမ်ိဳးေလးေတြေျပာျပပါတယ္”လို႔ ဆိုပါတယ္။

႔ပရိသတ္ၾကိီးေရာ .. ေရႊထူး၊ဝတ္မႈံေရႊရည္၊ေဒါင္းနဲ႔ ရဲတုိက္တို႔ လက္တြဲသရုပ္ေဆာင္ထားတဲ့ ဒ႑ာရီမိုးရုပ္ရွင္ကားၾကီးရံုတင္တဲ့အခါ အားေပးဖို႔အဆင္သင့္ပဲလား။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆုံးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလုံးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

လူ ငယ်ကြိုက်တေးသံရှင် ရွှေထူးကတော့ သူ့ရဲ့ခိုင်မာပြီးအားပြည့်တဲ့အသံနဲ့ ဂီတလောကထဲမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး နာမည်ရလာသူအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရွှေထူးဟာ အောင်မြင်ခါစက သီချင်းတိုင်းကို ကီးတစ်ခုတည်းနဲ့သီဆိုတယ်ဆိုပြီးဝေဖန်ခံရမှုတွေရှိပေမယ့်လည်း ရွှေထူးက ဝေဖန်သူတွေကိုအရေးတယူတုံ့ပြန်ခြင်းမရှိပဲအေးအေးဆေးဆေးပဲနေတတ်တာမို့ သူ့ရဲ့အောင်မြင်မှုဟာ ရပ်တန့်သွားခြင်းမရှိပဲ ဆက်တိုက်ဆိုသလို အောင်မြင်လာပြီးအခုဆိုရင် ရုပ်ရှင်နယ်ပယ်ဘက်ပါခြေလှမ်းချလာပြီဖြစ်ပါတယ်။

ရွှေထူးဟာ သူ့ရဲ့ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးကို ဝတ်မှုန်ရွှေရည်၊ရဲတိုက်၊ဒေါင်းနဲ့ အတူ အခြားသောသရုပ်ဆောင်ပေါင်းများစွာနဲ့အတူလက်တွဲရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီးသူ့ရဲ့အတွေ့အကြုံတွေကိုရွှေထူးက ပရိသတ်တွေကို ဝေမျှပြောပြထားခဲ့ပါသေးတယ်။

ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရွှေထူးရဲ့ ကာရိုက်တာက အေးဆေးတဲ့ စာရေးဆရာလေးနေရာကသရုပ်ဆောင်ရတာပါ။ ကာရိုက်တာနဲ့ပတ်သက်ပြီး ရွှေထူးက “စာရေးဆရာဆိုတဲ့အတိုင်း တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းလေးပေါ့နော်။သူ့ပုံစံက။ ကျွန်တော့်ပုံက အေးချမ်းလားတော့မသိပါဘူး။ ကျွန်တော့်ဟာကျွန်တော်တော့အေးချမ်းတယ်တော့ထင်တယ်လေ။ဆိုတော့ … ကျွန်တော့်အပြင်ပုံနဲ့တော့ မတူတာတော့အသေအချာပဲဗျ။”လို့ ပြောပြထားပါတယ်။

ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်လေးဦးမှာ သုံးဦးက ဝါရင့်သရုပ်ဆောင်တွေချည်းဖြစ်ပြီး အသစ်ဖြစ်တဲ့ရွှေထူးကလည်း တတ်အားသမျှ အကောင်းဆုံးအားထုတ်သရုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ပါဝင်တဲ့ အဓိကသရုပ်ဆောင်လေးဦးက သူ့ကာရိုက်တာနဲ့သူမတူညီတဲ့ရသတွေကိုပေးမှာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့လည်း ဘယ်သူကဘယ်လိုရသမျိုးပေးမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။

ဒဏ္ဍာရီမိုးမှာသရုပ်ဆောင်ရတဲ့အတွေ့အကြုံကိုလည်း ရွှေထူးက “အရမ်းတော့သတိထားပြီး သရုပ်ဆောင်ရတယ်ဗျ၊ပြီးတော့ ဒီထဲမှာကိုမှ ကျွန်တော့်ကာရိုက်တာကနှစ်မျိုးဖြစ်နေတာပေါ့နော်။ ပရိသတ်တွေရှေ့မှာတစ်မျိုး ကျွန်တော့်အကိုကြီးနဲ့နေရရင်ကျွန်တော့်ပုံစံကတစ်မျိုးပေါ့။ လူငယ်လိုပြန်ဖြစ်သွားတယ်။အဲ့လိုမျိုးလေးတော့ဖြစ်တယ်။ဒါပေမယ့် ဒီကားရိုက်တဲ့အချိန်အတွင်းမှာတော့ ကျွန်တော်ကတော့ အဲလိုပုံစံမျိုးလေးပဲ လူတိုင်းကိုပြောဖြစ်နေတာပဲ” လို့ ပြောပြထားပါတယ်။

အတူတွဲဖက်သရုပ်ဆောင်ရတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ အကူအညီတွေလည်းအများကြီးရကြောင်းကိုရွှေထူးက “မကစ်လည်းပြောပြပေးပါတယ်။ကျွန်တော်တို့နှစ်ယောက်အတူတူရိုက်နေတဲ့အချိန်မှာဆို ကျွန်တော့်ဘက်ကလိုအပ်ချက်ရှိသွားတာလေးတွေ၊ကျွန်တော်သရုပ်ဆောင်မပီပြင်ဖြစ်သွားတာလေးတွေဆို မောင်လေး ဒီနေရာလေးတော့ ဒီလိုဒီလိုလေးလုပ် ဆိုတာမျိုးလေးတွေပြောပြပါတယ်”လို့ ဆိုပါတယ်။

့ပရိသတ်ကြီးရော .. ရွှေထူး၊ဝတ်မှုံရွှေရည်၊ဒေါင်းနဲ့ ရဲတိုက်တို့ လက်တွဲသရုပ်ဆောင်ထားတဲ့ ဒဏ္ဍာရီမိုးရုပ်ရှင်ကားကြီးရုံတင်တဲ့အခါ အားပေးဖို့အဆင်သင့်ပဲလား။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.