အခ်စ္ေရးအေၾကာင္း ထူးျခားမႈရွိရင္ အသိေပးမယ္ဆိုတဲ့ အိစိေကြး

အခ်စ္ေရးအေၾကာင္း ထူးျခားမႈရွိရင္ အသိေပးမယ္ဆိုတဲ့ အိစိေကြး

ကေလးကတည္းက သရုပ္ေဆာင္ခ်က္ေတြကို ပီပီျပင္ျပင္ သရုပ္ေဆာင္ႏိုင္ခဲ့ျပီး လက္ရွိမွာေတာ့ လူငယ္သရုပ္ေဆာင္ အဆိုေတာ္ တေယာက္အျဖစ္ ရပ္တည္ေနတဲ့ အိစိေကြးကေတာ့ သူ႔အခ်စ္ေရးနဲ႔ ပတ္သက္ျပီး အေၾကာင္းထူးရင္ ပရိသတ္ၾကီးကို အသိေပးမယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။ သူ႔အေနနဲ႔ မၾကာေသးခင္အခ်ိန္ကလည္း အခ်စ္ေရးနဲ႔ပတ္သက္ျပီး ေကာလဟာလေတြ ခဏခဏထြက္ခဲ့တာကိုလည္း ပရိသတ္ေတြ သိၾကမွာပါ။

အိစိေကြးကေတာ့ Sunday Journal နဲ႔ အင္တာဗ်ဴးတြင္ “ဘယ္လိုပဲ ျဖစ္ျဖစ္ ပညာေတြကေတာ့ လက္ရွိခ်ိန္ထိ ေလ့လာသင္ယူရဆဲေပါ့။ ဝါရင့္ေတြမွ မဟုတ္ဘူး ။တခါတေလမွာ အသစ္ေတြဆီကလည္း အသစ္ေတြ အမ်ားၾကီးပါလာတဲ့ အတြက္ေၾကာင့္ ဝါရင့္ေတြဆီကလည္း သင္ယူရတယ္။ အသစ္ေတြဆီကလည္း သင္ယူရပါတယ္”

Crush ေနတဲ့ မမေတြနဲ႔ ေရာ အဆင္ေျပေနလား ဆိုတဲ့အေပၚမွာေတာ့ “အခုကေတာ့ ကြ်န္ေတာ္ေအးေဆးပဲ ေနေနပါတယ္။ ဘယ္လိုေျပာရမလဲ ၂၀၁၉ ေရာက္ျပီ ႏွစ္သစ္လည္းေရာက္ေနျပီဆိုေတာ့ ကိုယ္လုပ္စရာေတြ အမ်ားၾကီး ရွိေနပါေသးတယ္။ အဲ့ဒီအတြက္ေၾကာင့္ အလုပ္ေတြကိုပဲ အာရံုစိုက္ထားပါတယ္။ ဒီကိစၥေတြကို နည္းနညး္ ေနာက္ဆုတ္ထားတယ္။ တခုခုထူးလာရင္ေတာ့ အားလံုးကို ေျပာမွာေပါ့”

“၂၀၁၉ လည္းေရာက္ျပီဆိုေတာ့ ပရိသတ္ေတြ အားလံုးလည္း ၂၀၁၉ မွာ ေပ်ာ္ရႊင္ၾကပါေစ။ ျပီးေတာ့ ဟိုးအရင္ႏွစ္ေတြကတည္းကေန အခုခ်ိန္ထိ အားေပးလာၾကတဲ့ ပရိသတ္ေတြ အားလံုးကိုလည္း ေက်းဇူးတင္ပါတယ္။ အိစိေကြးဆိုတဲ့ နာမည္ အၾကာၾကီး ရပ္တည္ႏိုင္ဖို႔အတြက္ ပရိသတ္ေတြ အားေပးမႈ အမ်ားၾကီးလိုအပ္ပါတယ္။ အားေပးၾကမယ္လို႔လည္း ထင္ပါတယ္။ ေနာက္ပိုင္းေတြမွာလည္း အႏုပညာလုပ္ငန္းေတြ အမ်ားၾကီး လုပ္စရာက်န္ေသးတာေၾကာင့္ အားေပးၾကပါလို႔လည္း ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ကလေးကတည်းက သရုပ်ဆောင်ချက်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပြီး လက်ရှိမှာတော့ လူငယ်သရုပ်ဆောင် အဆိုတော် တယောက်အဖြစ် ရပ်တည်နေတဲ့ အိစိကွေးကတော့ သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး အကြောင်းထူးရင် ပရိသတ်ကြီးကို အသိပေးမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ သူ့အနေနဲ့ မကြာသေးခင်အချိန်ကလည်း အချစ်ရေးနဲ့ပတ်သက်ပြီး ကောလဟာလတွေ ခဏခဏထွက်ခဲ့တာကိုလည်း ပရိသတ်တွေ သိကြမှာပါ။

အိစိကွေးကတော့ Sunday Journal နဲ့ အင်တာဗျူးတွင် “ဘယ်လိုပဲ ဖြစ်ဖြစ် ပညာတွေကတော့ လက်ရှိချိန်ထိ လေ့လာသင်ယူရဆဲပေါ့။ ဝါရင့်တွေမှ မဟုတ်ဘူး ။တခါတလေမှာ အသစ်တွေဆီကလည်း အသစ်တွေ အများကြီးပါလာတဲ့ အတွက်ကြောင့် ဝါရင့်တွေဆီကလည်း သင်ယူရတယ်။ အသစ်တွေဆီကလည်း သင်ယူရပါတယ်”

Crush နေတဲ့ မမတွေနဲ့ ရော အဆင်ပြေနေလား ဆိုတဲ့အပေါ်မှာတော့ “အခုကတော့ ကျွန်တော်အေးဆေးပဲ နေနေပါတယ်။ ဘယ်လိုပြောရမလဲ ၂၀၁၉ ရောက်ပြီ နှစ်သစ်လည်းရောက်နေပြီဆိုတော့ ကိုယ်လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ အဲ့ဒီအတွက်ကြောင့် အလုပ်တွေကိုပဲ အာရုံစိုက်ထားပါတယ်။ ဒီကိစ္စတွေကို နည်းနည်း နောက်ဆုတ်ထားတယ်။ တခုခုထူးလာရင်တော့ အားလုံးကို ပြောမှာပေါ့”

“၂၀၁၉ လည်းရောက်ပြီဆိုတော့ ပရိသတ်တွေ အားလုံးလည်း ၂၀၁၉ မှာ ပျော်ရွှင်ကြပါစေ။ ပြီးတော့ ဟိုးအရင်နှစ်တွေကတည်းကနေ အခုချိန်ထိ အားပေးလာကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အိစိကွေးဆိုတဲ့ နာမည် အကြာကြီး ရပ်တည်နိုင်ဖို့အတွက် ပရိသတ်တွေ အားပေးမှု အများကြီးလိုအပ်ပါတယ်။ အားပေးကြမယ်လို့လည်း ထင်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အနုပညာလုပ်ငန်းတွေ အများကြီး လုပ်စရာကျန်သေးတာကြောင့် အားပေးကြပါလို့လည်း ပြောချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.