မဂၤလာအျမဲတမ္းေဆာင္ခ်င္ေနတယ္ဆိုတဲ့ မေအးေသာင္း

မဂၤလာအျမဲတမ္းေဆာင္ခ်င္ေနတယ္ဆိုတဲ့ မေအးေသာင္း

မေအးေသာင္းလို႔ပရိသတ္ေတြခ်စ္စနိုးေခၚေနၾကတဲ့ ေအးဝတ္ရည္ေသာင္းဟာဆုိရင္ အနုပညာေလာကထဲကုိေရာက္လာတာ နွစ္ေပါင္းမ်ားစြာၾကာခဲ့ျပီျဖစ္ျပီး ပရိသတ္အားေပးမႈေတြရရွိခဲ့သူတစ္ဦးပါ။ သိပ္မၾကာခင္နွစ္ေတြကမွ စန္းပြင့္ျပီး အၾကီးအက်ယ္ေအာင္ျမင္မႈရလာခဲ့တဲ့မေအးေသာင္းဟာ ရိုးရိုးယဥ္ယဥ္အေနေအးတဲ့ပံုစံေလးနဲ႔ပဲ ပုရိသထုၾကီးရဲ႕အသည္းနွလံုးကုိေျခြယူသြားခဲ့တာပါ။ ဝမ္းနည္းစရာသတင္းတစ္ခုကေတာ့ မေအးေသာင္းမွာ ခ်စ္ရမယ့္သူရွိေနပါျပီတဲ့။ မၾကာခင္က မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ မေအးေသာင္းက ခ်စ္သူနဲ႔ဆက္ဆံေရးအေၾကာင္းကုိ ရင္ဖြင့္ေျပာျပသြားပါတယ္။

မေအးေသာင္းက ခ်စ္သူက အရမ္းကုိနားလည္မႈရွိျပီး သိတတ္လိမ္မာတဲ့ေကာင္ေလးျဖစ္ေၾကာင္း “သူနိုင္ကုိုယ္နုိင္ေတာ့အဲ့လုိမ်ိဳးမရွိဘူး။ ညွိညွိနိႈင္းနိႈ္င္းပဲ”လို႔ ေျပာျပထားျပီး ခ်စ္သူကုိစိတ္ပူမေနရပဲစိတ္ခ်ရတဲ့သူမ်ိဳးျဖစ္ေၾကာင္းကုိ “တစ္ခုရွိတာက သူကစိတ္ခ်ရတယ္။ ေပါက္စီအလုပ္လုပ္ေနတဲ့အခ်ိန္မွာ ေနာက္ဆံမတင္းရဘူးေပါ့ေနာ္။ စိတ္ပူျပီးေတာ့ တျခား သူဘယ္သြားေနမွာလဲ ဘာလုပ္ေနမွာလဲစိတ္မပူရဘူးေပါ့ေနာ္”လို႔ ေျပာသြားပါတယ္။

ဒါ့အျပင္ ခ်စ္သူက နားလည္မႈရွိျပီး အားေပးတတ္တဲ့သူမ်ိဳးျဖစ္ေၾကာင္းကုိလည္း “ေပါက္စီအေပၚမွာလည္းနားလည္မႈရွိတယ္။ အားငယ္ေနတဲ့အခ်ိန္မွာဆိုလည္း အားေပးတယ္။ ကုိယ့္ကုိဂရုစုိက္တယ္ေပါ့ေနာ္။ သူ႔အေပၚမွာလည္း ေပါက္စီကအဲ့လုိပဲ။ နွစ္ေယာက္တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈရွိျပီးေအးေအးေဆးေဆးပဲေနတာမ်ားပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္အနုိင္ယူတာမရွိပါဘူး”လို႔လည္း ၾကည္နူးစရာေျပာျပသြားပါတယ္။

မေအးေသာင္းက မဂၤလာအျမဲတမ္းေဆာင္ခ်င္ေနတာဆိုျပီးေတာ့လည္း “ေပါက္စီက အျမဲတမ္းအားက်တယ္။ စိတ္ကူးလည္းယဥ္တယ္။ သူမ်ားေတြၾကည့္လုိက္တုိင္း ဟာ ငါ့အလွည့္က်ရင္ဘယ္လုိေဆာင္မယ္ အျမဲတမ္းအားက်တယ္။ တကယ္သာမေဆာင္ျဖစ္ေသးတာ။ စိတ္ကူးလည္းယဥ္တယ္”လို႔ ေျဖသြားပါတယ္။ ပရိသတ္ေတြကေတာ့ ဟိန္းေဝယံကလည္း ဟိုတေလာကမွ နာမည္ေလးလံုးမင္းသမီးတစ္လက္နဲ႔ ေကာလဟလေတြထြက္ေနတာဆိုေတာ့ မေအးေသာင္းနဲ႔ ၾကိဳက္ေနတာမ်ားလားလို႔ သုိ႔ေလာသုိ႔ေလာျဖစ္ေနၾကပါတယ္။

ဒီနွစ္အကယ္ဒမီတစ္ၾကိဳေပးခံရတဲ့အထဲမွာပါတဲ့ မေအးေသာင္းကအကယ္ဒမီရင္ခုန္သံကုိ “ပရိသတ္ေပးတဲ့အကယ္ဒမီနဲ႔တင္ရင္ခုန္ဖို႔ေကာင္းေနပါျပီ။ ဘာလို႔ဆိုေတာ့ ဒါေပါက္စီရဲ႕ပထမဆံုးကားေလး။ ရံုျပန္တင္တာလည္းပထမဆံုးဆိုေတာ့ အရမ္းၾကီးေတာ့ မေမွ်ာ္လင့္ထားတာေတာ့အမွန္ပါပဲ။ ဒီေလာက္နဲ႔တင္အရမ္းအားေပးတယ္ဆိုေတာ့ ေက်နပ္ဖို႔ေကာင္းေနပါျပီ။ အကယ္ဒမီရတယ္ဆိုရင္ေတာ့အတိုင္းထက္အလြန္ေပါ့ေပ်ာ္တာေပါ့”လို႔ ေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ မေအးေသာင္းကုိခ်စ္ၾကလား။ မေအးေသာင္းကုိအကယ္ဒမီေရာရေစခ်င္ၾကလား။ မေအးေသာင္းသိပ္ခ်စ္တဲ့ ခ်စ္သူေလးကေရာ ဘယ္သူျဖစ္မယ္ထင္လဲ…။ပရိသတ္ေတြထင္ေနၾကတဲ့သူပဲလား။ ေျပာခဲ့ၾကပါဦး။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

မအေးသောင်းလို့ပရိသတ်တွေချစ်စနိုးခေါ်နေကြတဲ့ အေးဝတ်ရည်သောင်းဟာဆိုရင် အနုပညာလောကထဲကိုရောက်လာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ပရိသတ်အားပေးမှုတွေရရှိခဲ့သူတစ်ဦးပါ။ သိပ်မကြာခင်နှစ်တွေကမှ စန်းပွင့်ပြီး အကြီးအကျယ်အောင်မြင်မှုရလာခဲ့တဲ့မအေးသောင်းဟာ ရိုးရိုးယဉ်ယဉ်အနေအေးတဲ့ပုံစံလေးနဲ့ပဲ ပုရိသထုကြီးရဲ့အသည်းနှလုံးကိုခြွေယူသွားခဲ့တာပါ။ ဝမ်းနည်းစရာသတင်းတစ်ခုကတော့ မအေးသောင်းမှာ ချစ်ရမယ့်သူရှိနေပါပြီတဲ့။ မကြာခင်က မီဒီယာတွေနဲ့အင်တာဗျူးမှာ မအေးသောင်းက ချစ်သူနဲ့ဆက်ဆံရေးအကြောင်းကို ရင်ဖွင့်ပြောပြသွားပါတယ်။

မအေးသောင်းက ချစ်သူက အရမ်းကိုနားလည်မှုရှိပြီး သိတတ်လိမ်မာတဲ့ကောင်လေးဖြစ်ကြောင်း “သူနိုင်ကိုယ်နိုင်တော့အဲ့လိုမျိုးမရှိဘူး။ ညှိညှိနှိုင်းနှိုင်းပဲ”လို့ ပြောပြထားပြီး ချစ်သူကိုစိတ်ပူမနေရပဲစိတ်ချရတဲ့သူမျိုးဖြစ်ကြောင်းကို “တစ်ခုရှိတာက သူကစိတ်ချရတယ်။ ပေါက်စီအလုပ်လုပ်နေတဲ့အချိန်မှာ နောက်ဆံမတင်းရဘူးပေါ့နော်။ စိတ်ပူပြီးတော့ တခြား သူဘယ်သွားနေမှာလဲ ဘာလုပ်နေမှာလဲစိတ်မပူရဘူးပေါ့နော်”လို့ ပြောသွားပါတယ်။

ဒါ့အပြင် ချစ်သူက နားလည်မှုရှိပြီး အားပေးတတ်တဲ့သူမျိုးဖြစ်ကြောင်းကိုလည်း “ပေါက်စီအပေါ်မှာလည်းနားလည်မှုရှိတယ်။ အားငယ်နေတဲ့အချိန်မှာဆိုလည်း အားပေးတယ်။ ကိုယ့်ကိုဂရုစိုက်တယ်ပေါ့နော်။ သူ့အပေါ်မှာလည်း ပေါက်စီကအဲ့လိုပဲ။ နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိပြီးအေးအေးဆေးဆေးပဲနေတာများပါတယ်။တစ်ယောက်နဲ့တစ်ယောက်အနိုင်ယူတာမရှိပါဘူး”လို့လည်း ကြည်နူးစရာပြောပြသွားပါတယ်။

မအေးသောင်းက မင်္ဂလာအမြဲတမ်းဆောင်ချင်နေတာဆိုပြီးတော့လည်း “ပေါက်စီက အမြဲတမ်းအားကျတယ်။ စိတ်ကူးလည်းယဉ်တယ်။ သူများတွေကြည့်လိုက်တိုင်း ဟာ ငါ့အလှည့်ကျရင်ဘယ်လိုဆောင်မယ် အမြဲတမ်းအားကျတယ်။ တကယ်သာမဆောင်ဖြစ်သေးတာ။ စိတ်ကူးလည်းယဉ်တယ်”လို့ ဖြေသွားပါတယ်။ ပရိသတ်တွေကတော့ ဟိန်းဝေယံကလည်း ဟိုတလောကမှ နာမည်လေးလုံးမင်းသမီးတစ်လက်နဲ့ ကောလဟလတွေထွက်နေတာဆိုတော့ မအေးသောင်းနဲ့ ကြိုက်နေတာများလားလို့ သို့လောသို့လောဖြစ်နေကြပါတယ်။

ဒီနှစ်အကယ်ဒမီတစ်ကြိုပေးခံရတဲ့အထဲမှာပါတဲ့ မအေးသောင်းကအကယ်ဒမီရင်ခုန်သံကို “ပရိသတ်ပေးတဲ့အကယ်ဒမီနဲ့တင်ရင်ခုန်ဖို့ကောင်းနေပါပြီ။ ဘာလို့ဆိုတော့ ဒါပေါက်စီရဲ့ပထမဆုံးကားလေး။ ရုံပြန်တင်တာလည်းပထမဆုံးဆိုတော့ အရမ်းကြီးတော့ မမျှော်လင့်ထားတာတော့အမှန်ပါပဲ။ ဒီလောက်နဲ့တင်အရမ်းအားပေးတယ်ဆိုတော့ ကျေနပ်ဖို့ကောင်းနေပါပြီ။ အကယ်ဒမီရတယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့ပျော်တာပေါ့”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မအေးသောင်းကိုချစ်ကြလား။ မအေးသောင်းကိုအကယ်ဒမီရောရစေချင်ကြလား။ မအေးသောင်းသိပ်ချစ်တဲ့ ချစ်သူလေးကရော ဘယ်သူဖြစ်မယ်ထင်လဲ…။ပရိသတ်တွေထင်နေကြတဲ့သူပဲလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.