အသက်(၁၇)နှစ်အရွယ်မှာ ကိုယ်တိုင်ရှာဖွေထား တဲ့လုပ်အားငွေနဲ့ ကိုယ်ပိုင်ကားအကောင်းစားကြီး တစ်စီးပိုင်ဆိုင်ခဲ့ပါပြီဆိုတဲ့ Teddy
CeleGabarပရိသတ်ကြီးရေ Beauty by Teddyကို အထူးမိတ်ဆက်ပြောစရာမလိုအောင်သိကြမှာပါ။အသက်ငယ်ငယ်လေးနဲ့beauty bloggerလောကမှာ နေရာတစ်ခုနဲ့ရပ်တည်အခြေချထားနိုင်တဲ့ လူငယ်လေးတစ်ယောက်လည်းဖြစ်ပါတယ်။အမြဲသွက်လက်တဲ့အပြောလေး တွေနဲ့ လူငယ်ပီပီပွင့်လင်းတက်ကြွလွန်းတဲ့သူ့ကို စီနီယာbeauty bloggerတွေကအစချီးကျူးရတဲ့သူလေးပါ။
Teddyအနေနဲ့လက်ရှိမှာတော့ အသက်၁၇နှစ်အရွယ်မှာ သူ့ရဲ့ လုပ်အားနဲ့ပိုင်ဆိုင်ခဲ့တာလေးကိုချပြခဲ့တာပါ။” အသက်၁၇နှစ်မှာကိုယ်ပိုင် ကားတစ်စီးဝယ်နိုင်ခဲ့ပါပြီ။၂ လပိုင်းထဲကားလေးတစ်စီးဝယ်ဖို့ပြည့်ခါနီးမှာ ဒီကိစ္စတွေကြောင့် အဲ့အချိန်မှာလိုအပ်နေတဲ့သူတွေကိုပတ်လှူတာ အလုပ်ပြန်လုပ်တော့ ၅ သိန်းဘဲ ကျန်တော့တယ် 😅 ဒါက ခုမှပြန်စစုပြီးဝယ်ခဲ့တာပါ 🙏🤍 လှူလဲလှူမယ် လိုချင်တာလဲဝယ်မယ်🤍”ဆို တဲ့စာလေးနဲ့အတူ videoဖိုင်လေးကို တင်လာခဲ့တာပါ။
အသက်(၁၇)နှစ်အရွယ်နဲ့ကိုယ်တိုင်ရှာဖွေထားတဲ့ငွေနဲ့ကားတစ်စီးပိုင်ဆိုင်နိုင်ခဲ့တာကတော့တကယ့်ကို အထင်ကြီး ချီးကျူးစရာပါပဲနော်။ CeleGabarပရိသတ်တွေလည်း Teddyအတွက် ဂုဏ်ပြုချီးကျူးစကားလေးပြော ခဲ့ကြပါဦးနော်။
[]zawgyi
Advertisement
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*