ဂ်ပန္ကို အလုပ္သြားလုပ္မယ္ဆိုရင္ မျဖစ္မေန သိထားသင့္တဲ့ အခ်က္မ်ား

ဂ်ပန္ကို အလုပ္သြားလုပ္မယ္ဆိုရင္ မျဖစ္မေန သိထားသင့္တဲ့ အခ်က္မ်ား

ဂ်ပန္နိုင္ငံရဲ့ နိုင္ငံျခား သား အလုပ္သမားေခၚယူမယ့္ မူဝါဒ အ ေျပာင္းအလဲေၾကာင့္ ျမန္မာနိုင္ငံကေန အလုပ္သမားေတြ  ပိုၿပီး ေခၚယူလာနိုင္ တယ္လို႔ ျပည္ပ အလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီေတြက ခန႔္မွန္းထားၾကပါတယ္။

ဂ်ပန္နိုင္ငံကို သြားေရာက္အလုပ္ လုပ္ ကိုင္ဖို႔ ျပင္ဆင္သူေတြ မ်ားလာတာေၾကာင့္ မိမိဘက္က အရည္အခ်င္းျပည့္မီေအာင္ ႀကိဳးစားထားဖို႔ လိုတယ္လို႔ ေလ့လာသူေတြ က ေျပာပါတယ္။

ဂ်ပန္ဘာသာစကားသင္တန္းေက်ာင္း တစ္ခုက ေက်ာင္းအုပ္ႀကီး ဆရာ ခိုင္က “အခုကတည္းက ဂ်ပန္စာကို ႀကိဳ တင္ ၿပီး ေလ့လာထားပါ၊ အခြင့္အေရး ရလာ တဲ့ အခ်ိန္ လက္လြတ္မခံရဖို႔ အတြက္ ကိုယ္ တိုင္ ႀကိဳးစားမွရမယ္၊ အခုေနာက္ပိုင္း ေပၚ လ စီအရ ေစလႊတ္ရတဲ့ လူဦးေရတိုးလာ နိုင္ တယ္” လို႔ ေျပာပါတယ္။

ဂ်ပန္ကိုသြားဖို႔ ဆုံးျဖတ္လိုက္ၿပီ ဆို တာ နဲ႔ဂ်ပန္စာကို ေသခ်ာ စနစ္တက် သင္ ဖို႔ လိုအပ္ပါတယ္။ ဆယ္တန္းစာေမးပြဲေျဖ ဖို႔အတြက္ ႀကိဳးစားသလိုမ်ိဳးႀကိဳးစားၿပီး သင္ဖို႔လိုပါတယ္။ စာတစ္ခုတည္းမဟုတ္ ဘဲ စကားေျပာေခြ၊ သီခ်င္းေခြ နားေထာင္ တာတို႔ ၊ ႐ုပ္ရွင္ၾကည့္တာမ်ိဳးေတြကို လည္း လုပ္သင့္တယ္လို႔ သိရပါတယ္။

စကားေျပာေလ့က်င့္လာဖို႔လည္း လို ၿပီး စကားေျပာေလ့က်င့္တဲ့ ေနရာမွာ ကိုယ္ေျပာတဲ့စကားေတြကို အသံသြင္း ထားၿပီးေနာက္ ျပန္နားေထာင္ျခင္း အား ျဖင့္ ကိုယ့္အားနည္းခ်က္ေတြကို ျပန္ လည္ ျပင္ဆင္နိုင္မွာ ျဖစ္တယ္လို႔ ေလ့လာ သူ ေတြက ဆိုပါတယ္။

ဂ်ပန္နိုင္ငံမွာ အလုပ္လုပ္ကိုင္ၿပီး ဂ်ပန္သြားမယ့္သူေတြကို ကူညီေပးေန တဲ့ ကိုေအးကိုကို က “စာ၊စကားေလ့လာ တဲ့ အ တြက္ အက်ိဳး ယုတ္တာမရွိပါဘူး၊ စာ စကား  ရေလ ပိုေကာင္းေလပါပဲ၊ စာစကား ရလာ တဲ့ အ တြက္ ေက်ာင္းမွာ သာမက အလုပ္ အ ကိုင္ မွာလဲ ပိုအဆင္ေျပေစပါ တယ္၊ အလုပ္ အကိုင္ရွာေဖြရတာလဲ မ ခက္ပါဘူး၊ ကိုယ့္ စိတ္ ႀကိဳက္အလုပ္ေတြ ကို ကိုယ္တိုင္ရွာေဖြ ၿပီး လုပ္နိုင္တဲ့ အခြင့္ အေရးရွိပါတယ္၊ တ ကယ္ လို႔ စာစကား သာ ရမယ္ဆိုရင္ ကိုယ္ လုပ္ ခ်င္တဲ့ ေနရာ ေတြကို တိုက္ရိုက္ဖုန္း ေခၚ အင္တာဗ်ဴး ၿပီး အလုပ္ဝင္လို႔ ရပါ တယ္” လို႔ ေျပာပါ တယ္။

သူကပဲ ဆက္ၿပီး“ဂ်ပန္မလာခင္ သူ ငယ္ ခ်င္းမ်ားမ်ားရွာထားပါ၊ဂ်ပန္နိုင္ငံကို ကိုယ့္ထက္အရင္ေရာက္ေနတဲ့ သူေတြနဲ႔ အေပါင္းအသင္း ျဖစ္ေနဖို႔လိုအပ္ပါ တယ္၊ အေပါင္းအသင္းကလဲ မ်ားေလ ေကာင္း ေလ ပါပဲ၊ သူငယ္ခ်င္းေတြကို ဘယ္ကေန ရွာ ရမ လဲဆိုေတာ့ ေဖ့စ္ဘုတ္ခ္က တစ္ ဆင့္ ဂ်ပန္ ေရာက္ေနတဲ့ ျမန္မာလူမ်ိဳးေတြ ရဲ့ ဂ႐ု(ပ္) ေတြကေန လိုက္ရွာၿပီး add ပါ၊ ေဖ့စ္ ဘုတ္ခ္ မွာ သူငယ္ခ်င္းျဖစ္႐ုံေလာက္ နဲ႔ ေတာ့ မရပါ ဘူး၊ ရင္းႏွီးတဲ့ သူငယ္ခ်င္း ျဖစ္ဖို႔ အတြက္ ႀကိဳးစားဖို႔လိုပါတယ္”လို႔ ဆိုပါ တယ္။

သူငယ္ခ်င္း အခ်င္းခ်င္းမိတ္ဆက္ ေပး လို႔ အလုပ္ရတဲ့သူေတြက Group ေတြ ကတစ္ဆင့္ မိတ္ဆက္ေပးလို႔ အလုပ္ရတဲ့ သူေတြထက္ အေရအတြက္ ပိုမ်ားတာကို ေတြ႕ရပါတယ္။

ဂ်ပန္ဘာသာစကား သင္တန္းတစ္ခု မွာ ဆရာအျဖစ္ လုပ္ကိုင္ေနသူကိုထက္ေဝ က“အဓိက ကေတာ့ လုပ္ခ်င္ကိုင္ခ်င္စိတ္ ရွိ ဖို႔ပဲ လိုတာပါ၊ စာ၊ စကားလဲရ အေပါင္း အ သင္းလဲ ရွိတဲ့သူေတြအားလုံးလဲ အ လုပ္ အဆင္ေျပၾကတာမဟုတ္ပါဘူး၊ ကိုယ့္ရဲ့ ႀကိဳးစားမွုနဲ႔လဲဆိုင္တယ္”လို႔ ေျပာပါတယ္။

အခုေနာက္ပိုင္းမွာ ဂ်ပန္ နိုင္ငံလဝ က အေနနဲ႔ ဗီဇာေတြကို ဥပေဒနဲ႔ အညီ ကိုင္ တြယ္ေနတာေၾကာင့္ ပိုၿပီးသတိျပဳဖို႔ လို တယ္လို႔ ဂ်ပန္နိုင္ငံမွာ လုပ္ကိုင္သူေတြ အမ်ားစုက ေျပာၾကပါတယ္။

သတိျပဳပါ

အင္တာဗ်ဴးဝင္ဖို႔ျပင္ဆင္တဲ့ အခါမွာ လည္း တက္တူးရွိရွိ မရွိရွိ ဂ်ပန္စာသာ အဓိက ျဖစ္တယ္လို႔ သိရပါတယ္။ လည္ ပင္း၊ လက္ဖမိုးတို႔လိုျမင္သာတဲ့ေနရာမွာ ရွိရင္၊ နားေပါက္အက်ယ္ႀကီးေတြ၊ ဆံပင္ ကိုးရိုးကားရားထားရင္၊ ညစ္ပတ္တဲ့ ပုံစံေပၚလြင္ရင္၊ ဂ်င္းေဘာင္းဘီ၊ ေဘာင္းဘီ တို၊လက္ျပတ္အကၤ်ီ ဝတ္ထားတာ၊ အာ ႐ုံ စူး စိုက္မွုမရွိတာ၊ လုပ္ငန္းနဲ႔ပတ္သက္ၿပီး ႀကိဳတင္ ေလ့လာမထားတာ၊ မိမိစိတ္ထဲက

အတိုင္း ရိုးသားမွုမရွိဘဲ အလြတ္က်က္ထားသလိုမ်ိဳး ေျဖတဲ့ ပုံစံေတြက ဂ်ပန္စာေတာ္ရင္ေတာင္မွ အေရြးခံရဖို႔ မေသခ်ာ ပါဘူးလို႔ ဆိုပါတယ္။

N4 ေအာင္ထားၿပီး န၃ စာေမးပြဲေျဖ နိုင္ တဲ့အဆင့္ေရာက္ၿပီဆိုရင္ အင္တာဗ်ဴး ဝင္ေျဖတဲ့အခါ ေအာင္ဖို႔ရာခိုင္ႏွုန္းက ၅၀ ရာခိုင္ႏွုန္းေသခ်ာၿပီး ဟန္ပန္အမူအရာနဲ႔ ဂ်ပန္ယဥ္ေက်းမွုကို အေကာင္းဆုံးျပနိုင္ရင္ ၄၉ရာခိုင္ႏွုန္းနဲ႔ က်န္တဲ့ တစ္ရာခိုင္ႏွုန္း က ဂ်ပန္ရဲ့ ေရြးခ်ယ္မွုျဖစ္တယ္လို႔ သိရပါ တယ္။

ဂ်ပန္စာသင္တန္းေက်ာင္းေတြအ မ်ား ႀကီးရွိေပမဲ့ တကယ္သင္တာလား၊ဟန္ ျပ ေက်ာင္းလားဆိုတာ ေသခ်ာစုံစမ္းဖို႔ လို အပ္တယ္လို႔ သိရပါတယ္။

ဂ်ပန္သြားမယ့္သူေတြ အေနနဲ႔ Training visa နဲ႔ မသြားရလို႔ အလြယ္သြားရမယ့္ ေက်ာင္းဗီဇာကို မေရြးခ်ယ္ သင့္ဘဲ အလုပ္လုပ္ဖို႔ အတြက္နဲ႔ ေက်ာင္း ဗီဇာကို ေရြးမယ္ဆိုရင္ေတာ့ စာမလိုက္ နိုင္ လို႔ စိတ္ညစ္ရတာအျပင္ ေငြရွာရ ခက္ တာ ပါ တိုးလာနိုင္တယ္လို႔ အေတြ႕အၾကဳံရွိသူ တ ခ်ိဳ႕က ေျပာပါတယ္။

အမ်ားဆုံးပို႔နိုင္တဲ့ေအဂ်င္စီကိုမရွာ ပါနဲ႔။ ပြင့္ပြင့္လင္းလင္း ရွင္းျပၿပီး စာခ်ဳပ္စာ တမ္း အျပည့္အစုံျပေပးတဲ့ ေအဂ်င္စီကိုေရြးပါ။ အင္တာဗ်ဴးေအာင္မယ္ မေအာင္ဘူးဆိုတာ ကိုယ္နဲ႔သာသက္ဆိုင္ပါတယ္။ ဂ်ပန္ဘက္က လက္ခံနိုင္တဲ့ အရည္ အ ခ်င္းရွိသူျဖစ္ေနရပါမယ္။ ဝန္ေဆာင္ခ အ ျဖစ္ ေဒၚလာ ၂၈ဝဝ နဲ႔ ေဆးစစ္ခ၊ ပတ္စ္ပို႔ လုပ္ငန္းေထာက္ခံခ်က္(သို႔မဟုတ္) မိမိ သြားမယ့္အလုပ္နဲ႔ သက္ဆိုင္တဲ့ သင္ တန္းဆင္းလက္မွတ္ကို မိမိဘာသာအကုန္အက်ခံ ရပါမယ္။ ေလယာဥ္လက္မွတ္ဖိုး ထပ္ေပးဖို႔ မလိုပါ။

ေၾကာ္ျငာေတြကိုဂ႐ုျပဳပါ။ ေၾကာ္ျငာေနတိုင္း အမွန္မဟုတ္ပါဘူး။ အလိမ္ခံရ ၿပီးမွ ေဖ့စ္ဘုတ္ခ္မွာ နာမည္တပ္ၿပီးေရး တင္ တာ မ်ိဳးက အခန႔္မသင့္ရင္တရားစြဲခံ ရနိုင္ပါတယ္။ မိမိတို႔အေနနဲ႔ ဂ်ပန္စာကိုေသခ်ာေလ့လာၿပီးမွ မိမိလုပ္ကိုင္လိုတဲ့ အလုပ္နဲ႔ သြားနိုင္ေအာင္ ေဆာင္ရြက္သင့္ ပါတယ္။

လက္ရွိ မွာ ဂ်ပန္နိုင္ငံကို ဗီဇာမ်ိဳးစုံနဲ႔ သြား ေရာက္ေနၾကၿပီး ထရိန္နင္ဗီဇာနဲ႔ မ ဟုတ္ဘဲ ေက်ာင္းဗီဇာနဲ႔ သြားေရာက္ၾကသူ ေတြအ မ်ားစုရွိေနပါတယ္။

ေက်ာင္းဗီဇာနဲ႔ သြားေရာက္ၾကသူ ေတြအေနနဲ႔ အခ်ိန္ပိုင္းအလုပ္နဲ႔ ေက်ာင္းလခ အျပင္ အပိုဝင္ေငြရွာၾကတာ ျဖစ္ပါတယ္။

ဗီဇာတင္းက်ပ္မွုေၾကာင့္ ဂ်ပန္အစိုးရ ကေန ျပန္ခိုင္းလည္း မျပန္ၾကဘဲ နိုင္ငံေရး ေလၽွာက္မယ္ ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ၂၈ နာရီ ေက်ာ္ၿပီး လုပ္ၾကတဲ့ သူေတြလည္း ရွိတယ္လို႔ သိရပါတယ္။

ဂ်ပန္နိုင္ငံ အစိုးရ အေနနဲ႔လည္း နိုင္ငံ ေရးေလၽွာက္တာ မ်ားျပားလာတာေတြ၊ ေျပးတာေတြ ၊ my number စနစ္၊ အခြန္ စနစ္ ေတြေၾကာင့္ ဗီဇာတိုးတဲ့ အခါ အခ်ိန္ မတရားေက်ာ္ၿပီး လုပ္တာေတြမ်ားတာ ေၾကာင့္ လဝကရဲ့ သတိထားရမယ့္ နိုင္ငံ ငါးနိုင္ငံ စာရင္းမွာ ျမန္မာနိုင္ငံ ပါဝင္လာ တယ္လို႔ သိရပါတယ္။

လဝကက ဂ်ပန္မွာ ေက်ာင္းသားဗီဇာ သတ္တမ္းတိုးတဲ့ ေက်ာင္းသားေတြရဲ့ တစ္ ဝက္ေက်ာ္ေက်ာ္က အခြန္စာရင္း၊ ဘဏ္စာ အုပ္နဲ႔ အလုပ္အားလုံးရဲ့ လစာစာရြက္ ေတြ ပါ တင္ျပေပးရတယ္လို႔ သိရပါတယ္။ အ ရင္က အသနားခံစာ၊ထုေခ်လႊာ တင္ရင္ ျပန္လည္စဥ္းစားေပးခဲ့တာေတြ ရွိခဲ့ပါ တယ္။

အခုႏွစ္မွာေတာ့ ဂ်ပန္မွာ ေက်ာင္း သား ဗီဇာ သက္တမ္းတိုးတဲ့ ေက်ာင္းသား အားလုံးနီးပါးကို အခြန္စာ ရင္း၊ဘဏ္စာ အုပ္နဲ႔ အလုပ္အားလုံးရဲ့လစာစာရြက္ေတြ ပါ တင္ျပရပါတယ္။

ရပ္ကြက္႐ုံးမွာထုတ္ရတဲ့ဝင္ေငြခြန္စာရင္းေတြ မျဖစ္မေနတင္ရပါတယ္။ အဲသည္ မွာ မိမိအလုပ္လုပ္ထားတဲ့ ဝင္ေငြကို တစ္ ပတ္ ၂၈ နာရီနဲ႔ ျပန္တြက္ပါတယ္။ ေက်ာင္း ရက္ရွည္ပိတ္တဲ့ကာလဆို တစ္ပတ္ နာရီ ၄၀ လုပ္ခြင့္ရွိတာ တစ္ႏွစ္ကို ေက်ာင္း ေလး လ ပိတ္ရင္ တစ္ႏွစ္ဝင္ေငြ ယန္း ေသာင္း ၁၅၀၊ ၁၆၀ အထိဆို အဆင္ေျပ ပါတယ္။

ဂ်ပန္ယန္း ေသာင္း ၁၆၀/၁၇၀ အ ထက္ ကို တျခား စာရြက္စာတမ္းေတြ ေတာင္းပါတယ္။ အေၾကာင္းျပခ်က္ေတြ ေရးခိုင္းပါၿပီ။ ေသာင္း၂ဝဝ ဝင္ေငြေက်ာ္ ေန တဲ့ စာရြက္ေတြဆို လုံးဝဗီဇာမရတာ၊ခ်က္ ခ်င္း ကတ္အေဖာက္ခံရနိုင္ပါတယ္။ အသနား ခံစာ၊ ထုေခ်လႊာ တင္ရင္လည္း ျပန္ လည္ စဥ္းစားေပးတာ မရွိေတာ့ပါဘူး။

ဒါမ်ိဳးလည္း ရွိတယ္

ဂ်ပန္မွာ ေက်ာင္းတက္ၿပီးလို႔ ကုမၺဏီ တစ္ခုက အလုပ္ခန႔္စာရၿပီး ရထားတဲ့ဘြဲ႕နဲ႔ အလုပ္နဲ႔ ကိုက္ညီမွုရွိေပမဲ့ ေက်ာင္းသား ဘဝမွာ အလုပ္ခ်ိန္  ၂၈ နာရီထက္ေက်ာ္ ေန လို႔ ဗီဇာမရဘဲ ကတ္ေဖာက္ခံရတာမ်ိဳးေတြလည္း ရွိတယ္လို႔ အေတြ႕အၾကဳံရွိသူ  ေတြက ဆိုပါတယ္။

ဂ်ပန္နိုင္ငံမွာ ခ်မွတ္ထားတဲ့စည္း မ်ဥ္း ေတြမတူညီေတာ့တာေၾကာင့္ ထရိန္နင္ ဗီဇာနဲ႔သြားေရာက္ၿပီး ပိုက္ဆံမျဖစ္မေန ရွာမယ့္သူေတြအတြက္ လုံးဝ အဆင္မေျပ နိုင္ ဘူးလို႔ လက္ရွိ ဂ်ပန္မွာ လုပ္ကိုင္ေနသူ တခ်ိဳ႕က   မွတ္ခ်က္ျပဳပါတယ္။

ဂ်ပန္သြားမယ့္သူေတြအေရး ကူညီ ေပး ေနတဲ့ ကိုေအးကိုကိုက“ဂ်ပန္နိုင္ငံကို ေအဂ်င္စီကေန သြားေရာက္မယ့္ သူေတြ အတြက္ အထူးသတိျပဳဖို႔ လိုပါတယ္၊ ဂ်ပန္ ကို သြားဖို႔အတြက္ မိမိတို႔အေနနဲ႔ေအ ဂ်င္စီ တစ္ခုကို အလုပ္အပ္မယ္ဆိုရင္ ကိုယ့္ ဘက္ က ပိုက္ဆံကို လက္မလြန္ခင္ ေအ ဂ်င္စီ အနည္းဆုံးေလးခု၊ ငါးခု ေလာက္ ေတာ့ စုံစမ္းၾကည့္ပါ၊ အသိဆရာ ၊မိတ္ေဆြ သူငယ္ခ်င္း ေတြကို ေမးျမန္းပါ၊ ခိုင္မာမွ၊ ေသခ်ာမွ မိမိရဲ့ ပိုက္ဆံကို ထုတ္ေပးပါ (လက္လြန္သြားတဲ့ ပိုက္ဆံဆိုတာ မ်ား ေသာအားျဖင့္ ျပန္ရ နိုင္ ဖို႔ သိပ္မလြယ္ကူ ပါ)၊ေအဂ်င္စီဆိုတာ မွန္မွန္ကန္ကန္ ဝန္ ေဆာင္မွုေပးေနတာလည္းရွိသလို တခ်ိဳ႕ က ခုပဲ ထြက္ရေတာ့မွာလိုလို၊ နက္ျဖန္ သန္ ဘက္ခါ ၊ ေနာက္တစ္ပတ္ပဲ အင္တာဗ်ဴး လာေတာ့မွာ လိုလိုနဲ႔ တကယ္ေတာ့ ဘယ္ ေတာ့မွန္းမသိတဲ့ အင္တာဗ်ဴး ပါ ၊ မ ေရ ရာ မေသခ်ာပါဘူး၊တစ္ခါတစ္ရံ အင္ တာဗ်ဴး ေတြက အတုအေယာင္ေတြရွိ တတ္ ပါ တယ္။“တစ္လကို ဘယ္ႏွသိန္း ေတာင္ ရမယ္ဆိုတဲ့ မက္လုံးေတြနဲ႔ ဆြဲေဆာင္ေန ၾကတာပါ၊ မွန္ကန္တဲ့ ေအဂ်င္စီအေနနဲ႔ အင္တာဗ်ဴး အခ်ိန္ကို   သိရင္ သိတယ္၊ မ သိရင္လဲ ႀကိဳမသိပါဘူးလို႔ ေျပာတယ္”လို႔ အႀကံျပဳ စကား ဆိုပါတယ္။

အတုအေယာင္ေတြကေတာ့ ပိုက္ဆံ ေတာင္းရင္ စဥ္းစားခ်ိန္ေတာင္မေပးပါ ဘူး။ အခုပဲ တင္ရေတာ့မွာ၊ စာရြက္ေတြကဂ်ပန္ ကေန လွမ္းေတာင္းေနၿပီေနာ္၊ေတာက္ ေလၽွာက္ run ေနရတာ၊ ဂ်ပန္ရဲ့မူ အ တိုင္း ငါက သြားေနတာ၊နင္တို႔ အခု မေပးရင္ ငါက တင္မေပးဘူးေနာ္၊ ပိုက္ဆံေပး ထား တဲ့သူပဲ ငါတို႔ဘက္က လုပ္ေပးမွာ စတဲ့ စကားေတြနဲ႔ ေခ်ာ့တစ္ခါ ေျခာက္တစ္ လွည့္၊ ေပ်ာ့တစ္ခါ မာတစ္လွည့္နဲ႔ ဇြတ္ အတင္းေတာင္းၾကတယ္လို႔ ဆိုပါတယ္။

ေသခ်ာတဲ့ အလုပ္မရွိဘဲ ဂ်ပန္ ဆိုတာ ေတြ ထပ္ေအာင္ေျပာၿပီး လုပ္စားၾကတာ ျဖစ္ ၿပီး အင္တာဗ်ဴးတယ္ ဆိုတိုင္း ယုံလို႔ မ ရတာေၾကာင့္ တခ်ိဳ႕ေအဂ်င္စီနာမည္ခံ ပြဲစား တခ်ိဳ႕က ဂ်ပန္ႏွစ္ေယာက္ခန႔္ကို အ ခ်ိန္ ပိုင္းငွားၿပီး အင္တာဗ်ဴးအတု လုပ္ တတ္ ၾကတယ္လို႔ ေတြ႕ၾကဳံခဲ့ရသူတခ်ိဳ႕ရဲ့ ေျပာျပခ်က္ေတြ အရ သိရပါတယ္။

စာခ်ဳပ္ ေသခ်ာဖတ္

ဂ်ပန္မွာ မိမိစရိတ္၊ မိဘစရိတ္နဲ႔ ဂ်ပန္စာေက်ာင္းကို   တက္ေရာက္ေနတဲ့ ေက်ာင္းသူေက်ာင္းသားေတြ၊ေက်ာင္း ဆက္ တက္မယ့္ ေက်ာင္းသူေက်ာင္းသား ေတြအေနနဲ႔ မိမိတို႔အင္တာဗ်ဴးေအာင္ ၿပီ၊ စာခ်ဳပ္ခ်ဳပ္ၿပီဆိုရင္ စာခ်ဳပ္ကိုေသခ်ာ ဖတ္ ပါ၊အနည္းဆုံးအစအဆုံး ႏွစ္ႀကိမ္ေလာက္ ဖတ္ပါ၊ မိမိစိတ္တိုင္းမက်ရင္ ေသခ်ာ ေမး ပါ၊ လစာေတြကို ေသခ်ာၾကည့္ပါ၊အလုပ္ ခ်ိန္၊ အခ်ိန္ပို ေသခ်ာေမးပါ၊ အလုပ္ခ်ိန္ကို ဘယ္လိုပုံစံနဲ႔ ရွင္းေပးမယ္ဆိုတာေတြကို အလုပ္ရွင္ဘက္က ရွင္းျပေျပာျပတာေတြ ကို ေသခ်ာစဥ္းစားၿပီးမွ လုပ္ငန္းခြင္ဝင္ သင့္ပါတယ္။

ဂ်ပန္ရဲ့ လဝက က ယခုထက္ထိ ဥပ ေဒ ေရးရာဝန္ႀကီးဌာနရဲ့ လက္ေအာက္ရွိ လူဝင္မွုႀကီးၾကပ္ေရးဌာန တစ္ခုသာ ျဖစ္ခဲ့ ေပမဲ့ ၂၀၁၉ ခုႏွစ္ ၄ လပိုင္းမွစၿပီး လူဝင္မွု ႀကီးၾကပ္ေရးဌာနကေန အဆင့္ျမႇင့္တင္ မွာ ျဖစ္တယ္လို႔ သိရပါတယ္။

လူဝင္မွုႀကီးၾကပ္ေရးဌာနက ဂ်ပန္ နိုင္ငံရဲ့Ministry of Justice တရား ေရးရာ ဝန္ႀကီးဌာန လက္ေအာက္မွာ ရွိခဲ့ ေပမဲ့ ၂၀၁၉ ဧၿပီလကေနစတင္ၿပီး တ ရား ေရး ရာဝန္ႀကီး႒ာနရဲ့extra-ministerial department တစ္ခု အျဖစ္ တိုးျမႇင့္ သတ္မွတ္ဖို႔ရည္ရြယ္ပါတယ္လို႔ ေၾကညာ ထား တာ ျဖစ္ပါတယ္။

လဝကကို extra-ministerial department တစ္ခု အျဖစ္ တိုးျမႇင့္သတ္ မွတ္ ရတဲ့ ရည္ရြယ္ခ်က္က ၂၀၂၀ အိုလံပစ္ မွာ နိုင္ငံျခားသားေတြ မ်ားျပားစြာ လာ ေရာက္ မွာျဖစ္တာရယ္၊ နိုင္ငံျခားသားေတြ ရဲ့ ျပည္ဝင္ခြင့္ေတြကို ေသခ်ာ စိစစ္နိုင္ ဖို႔၊ နိုင္ငံ ျခားသား အလုပ္သမားဦးေရနဲ႔ ဗီဇာ အမ်ိဳး အစားေတြကို ျပင္ဆင္သတ္ မွတ္ဖို႔ ျဖစ္ တယ္ လို႔ သိရပါတယ္။

ဂ်ပန္နိုင္ငံကို ေက်ာင္းဗီဇာနဲ႔ လာ ေရာက္ ၿပီး ဂ်ပန္မွာ ေက်ာင္းဆက္တက္ ၿပီး အလုပ္လုပ္ခ်င္တဲ့သူေတြအတြက္ ဥပေဒ ေဘာင္ထဲကေနၿပီး အလုပ္လုပ္ရ မွာ ျဖစ္တယ္လို႔ ေလ့လာသူေတြက ဆိုပါ တယ္။

ဂ်ပန္မွာ လာမယ့္ႏွစ္ ဧၿပီလမွာ စတင္ မယ့္ ဗီဇာအစီအစဥ္အသစ္ ေအာက္မွာ အက်ဳံးဝင္တဲ့ နိုင္ငံျခားသားအလုပ္သမား ေတြကို အလုပ္ခန႔္အပ္တဲ့အခါမွာ တာဝန္ ယူရမွာေတြကို ေဖာ္ျပထားတဲ့ မူၾကမ္း တစ္ ရပ္ကို တရားေရးဝန္ႀကီးဌာနက ေရးသား ျပဳစုခဲ့ပါတယ္။

အခုလတ္တေလာမွာျပင္ဆင္ ထားတဲ့ လူဝင္မွုႀကီးၾကပ္ေရးဥပေဒအရ လုပ္သား အင္အားရွားပါးမွုနဲ႔ အႀကီးအက်ယ္ရင္ ဆိုင္ ေနရတဲ့ ဂ်ပန္နိုင္ငံမွာ ကၽြမ္းက်င္မွု အဆင့္ ရွိတဲ့ နိုင္ငံျခားသားေတြကို ပိုၿပီးေန ထိုင္ ခြင့္ ျပဳသြားမယ္လို႔ ျပည္တြင္းသတင္း ေဖာ္ ျပခ်က္ေတြအရ သိရပါတယ္။

အဲသည္မူၾကမ္းအရ အလုပ္ရွင္ေတြ အေနနဲ႔ လုပ္အားခေတြကို လုပ္သားေတြရဲ့ ဘဏ္အေကာင့္ေတြထဲကို လႊဲေပးဖို႔ လို အပ္ၿပီး ဂ်ပန္လူမ်ိဳးမဟုတ္တဲ့ အလုပ္သ မား ေတြ မိုဘိုင္းလ္ဖုန္းအသုံးျပဳနိုင္ဖို႔ ဖုန္း ကုမၺဏီေတြနဲ႔ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုရာမွာ ကူညီေပးဖို႔ လိုအပ္ပါတယ္။

အလုပ္ရွင္ေတြဟာ အဲသည္လို နိုင္ငံ ျခား သား အလုပ္သမားေတြကို အနည္းဆုံး သူ တို႔ ေတြရဲ့ ဂ်ပန္လူမ်ိဳးျဖစ္တဲ့ လုပ္ေဖာ္ ကိုင္ ဖက္ေတြရဲ့လစာအတိုင္း ေပးရမွာျဖစ္ ၿပီး သူတို႔ေတြရဲ့နိုင္ငံကို ျပန္ဖို႔ လိုအပ္တဲ့ ေငြ ေရးေၾကးေရး မရွိရင္လည္း အဲသည္ ကုန္ က် စရိတ္ကို က်ခံေပးရမွာ ျဖစ္တယ္။

ဆိုးရြားတဲ့ အလုပ္ပြဲစားေတြကို ဖယ္ ရွားဖို႔အတြက္ နည္းလမ္းေတြကိုလည္း အဲ သည္မူၾကမ္းထဲမွာ ထည့္သြင္း ေရးသား ထားပါတယ္။

လာမယ့္ႏွစ္ ဧၿပီလကစၿပီး ငါးႏွစ္တာ ကာလအတြင္းမွာ က႑ ၁၄ ခုအတြက္ အ တိုင္းအတာတစ္ခုအထိအရည္အခ်င္း ရွိတဲ့ နိုင္ငံျခားသား အလုပ္သမား ၃၄၅ဝဝဝ အထိ ခန႔္အပ္သြားဖို႔ ဂ်ပန္အစိုးရက ခန႔္ မွန္းထားတာ ျဖစ္ပါတယ္။

အလည္ဗီဇာ၊ အလုပ္ဗီဇာ၊ ဘာသာေရး ဗီဇာစတဲ့ ဗီဇာအမ်ိဳးအစားေတြက ဂ်ပန္နိုင္ငံကို သြားေရာက္လိုသူေတြအေပၚ လိမ္ လည္ဖို႔ အေကာင္းဆုံး နည္းလမ္းျဖစ္တာ ေၾကာင့္ သတိထား ေသခ်ာေလ့လာ ၿပီး မွသာေဆာင္ရြက္ၾကဖို႔လိုတယ္လို႔ ဂ်ပန္ နိုင္ငံမွာ  ေရာက္ရွိေနတဲ့ ျမန္မာတခ်ိဳ႕က သုံးသပ္ၾကပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

– Kumudra

Credit-xyznews

[UNICODE FONT]

ဂျပန်နိုင်ငံရဲ့ နိုင်ငံခြား သား အလုပ်သမားခေါ်ယူမယ့် မူဝါဒ အ ပြောင်းအလဲကြောင့် မြန်မာနိုင်ငံကနေ အလုပ်သမားတွေ  ပိုပြီး ခေါ်ယူလာနိုင် တယ်လို့ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေက ခန့်မှန်းထားကြပါတယ်။

ဂျပန်နိုင်ငံကို သွားရောက်အလုပ် လုပ် ကိုင်ဖို့ ပြင်ဆင်သူတွေ များလာတာကြောင့် မိမိဘက်က အရည်အချင်းပြည့်မီအောင် ကြိုးစားထားဖို့ လိုတယ်လို့ လေ့လာသူတွေ က ပြောပါတယ်။

ဂျပန်ဘာသာစကားသင်တန်းကျောင်း တစ်ခုက ကျောင်းအုပ်ကြီး ဆရာ ခိုင်က “အခုကတည်းက ဂျပန်စာကို ကြို တင် ပြီး လေ့လာထားပါ၊ အခွင့်အရေး ရလာ တဲ့ အချိန် လက်လွတ်မခံရဖို့ အတွက် ကိုယ် တိုင် ကြိုးစားမှရမယ်၊ အခုနောက်ပိုင်း ပေါ် လ စီအရ စေလွှတ်ရတဲ့ လူဦးရေတိုးလာ နိုင် တယ်” လို့ ပြောပါတယ်။

ဂျပန်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဆို တာ နဲ့ဂျပန်စာကို သေချာ စနစ်တကျ သင် ဖို့ လိုအပ်ပါတယ်။ ဆယ်တန်းစာမေးပွဲဖြေ ဖို့အတွက် ကြိုးစားသလိုမျိုးကြိုးစားပြီး သင်ဖို့လိုပါတယ်။ စာတစ်ခုတည်းမဟုတ် ဘဲ စကားပြောခွေ၊ သီချင်းခွေ နားထောင် တာတို့ ၊ ရုပ်ရှင်ကြည့်တာမျိုးတွေကို လည်း လုပ်သင့်တယ်လို့ သိရပါတယ်။

စကားပြောလေ့ကျင့်လာဖို့လည်း လို ပြီး စကားပြောလေ့ကျင့်တဲ့ နေရာမှာ ကိုယ်ပြောတဲ့စကားတွေကို အသံသွင်း ထားပြီးနောက် ပြန်နားထောင်ခြင်း အား ဖြင့် ကိုယ့်အားနည်းချက်တွေကို ပြန် လည် ပြင်ဆင်နိုင်မှာ ဖြစ်တယ်လို့ လေ့လာ သူ တွေက ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး ဂျပန်သွားမယ့်သူတွေကို ကူညီပေးနေ တဲ့ ကိုအေးကိုကို က “စာ၊စကားလေ့လာ တဲ့ အ တွက် အကျိုး ယုတ်တာမရှိပါဘူး၊ စာ စကား  ရလေ ပိုကောင်းလေပါပဲ၊ စာစကား ရလာ တဲ့ အ တွက် ကျောင်းမှာ သာမက အလုပ် အ ကိုင် မှာလဲ ပိုအဆင်ပြေစေပါ တယ်၊ အလုပ် အကိုင်ရှာဖွေရတာလဲ မ ခက်ပါဘူး၊ ကိုယ့် စိတ် ကြိုက်အလုပ်တွေ ကို ကိုယ်တိုင်ရှာဖွေ ပြီး လုပ်နိုင်တဲ့ အခွင့် အရေးရှိပါတယ်၊ တ ကယ် လို့ စာစကား သာ ရမယ်ဆိုရင် ကိုယ် လုပ် ချင်တဲ့ နေရာ တွေကို တိုက်ရိုက်ဖုန်း ခေါ် အင်တာဗျူး ပြီး အလုပ်ဝင်လို့ ရပါ တယ်” လို့ ပြောပါ တယ်။

သူကပဲ ဆက်ပြီး“ဂျပန်မလာခင် သူ ငယ် ချင်းများများရှာထားပါ၊ဂျပန်နိုင်ငံကို ကိုယ့်ထက်အရင်ရောက်နေတဲ့ သူတွေနဲ့ အပေါင်းအသင်း ဖြစ်နေဖို့လိုအပ်ပါ တယ်၊ အပေါင်းအသင်းကလဲ များလေ ကောင်း လေ ပါပဲ၊ သူငယ်ချင်းတွေကို ဘယ်ကနေ ရှာ ရမ လဲဆိုတော့ ဖေ့စ်ဘုတ်ခ်က တစ် ဆင့် ဂျပန် ရောက်နေတဲ့ မြန်မာလူမျိုးတွေ ရဲ့ ဂရု(ပ်) တွေကနေ လိုက်ရှာပြီး add ပါ၊ ဖေ့စ် ဘုတ်ခ် မှာ သူငယ်ချင်းဖြစ်ရုံလောက် နဲ့ တော့ မရပါ ဘူး၊ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်ဖို့ အတွက် ကြိုးစားဖို့လိုပါတယ်”လို့ ဆိုပါ တယ်။

သူငယ်ချင်း အချင်းချင်းမိတ်ဆက် ပေး လို့ အလုပ်ရတဲ့သူတွေက Group တွေ ကတစ်ဆင့် မိတ်ဆက်ပေးလို့ အလုပ်ရတဲ့ သူတွေထက် အရေအတွက် ပိုများတာကို တွေ့ရပါတယ်။

ဂျပန်ဘာသာစကား သင်တန်းတစ်ခု မှာ ဆရာအဖြစ် လုပ်ကိုင်နေသူကိုထက်ဝေ က“အဓိက ကတော့ လုပ်ချင်ကိုင်ချင်စိတ် ရှိ ဖို့ပဲ လိုတာပါ၊ စာ၊ စကားလဲရ အပေါင်း အ သင်းလဲ ရှိတဲ့သူတွေအားလုံးလဲ အ လုပ် အဆင်ပြေကြတာမဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့လဲဆိုင်တယ်”လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ ဂျပန် နိုင်ငံလဝ က အနေနဲ့ ဗီဇာတွေကို ဥပဒေနဲ့ အညီ ကိုင် တွယ်နေတာကြောင့် ပိုပြီးသတိပြုဖို့ လို တယ်လို့ ဂျပန်နိုင်ငံမှာ လုပ်ကိုင်သူတွေ အများစုက ပြောကြပါတယ်။

သတိပြုပါ

အင်တာဗျူးဝင်ဖို့ပြင်ဆင်တဲ့ အခါမှာ လည်း တက်တူးရှိရှိ မရှိရှိ ဂျပန်စာသာ အဓိက ဖြစ်တယ်လို့ သိရပါတယ်။ လည် ပင်း၊ လက်ဖမိုးတို့လိုမြင်သာတဲ့နေရာမှာ ရှိရင်၊ နားပေါက်အကျယ်ကြီးတွေ၊ ဆံပင် ကိုးရိုးကားရားထားရင်၊ ညစ်ပတ်တဲ့ ပုံစံပေါ်လွင်ရင်၊ ဂျင်းဘောင်းဘီ၊ ဘောင်းဘီ တို၊လက်ပြတ်အင်္ကျီ ဝတ်ထားတာ၊ အာ ရုံ စူး စိုက်မှုမရှိတာ၊ လုပ်ငန်းနဲ့ပတ်သက်ပြီး ကြိုတင် လေ့လာမထားတာ၊ မိမိစိတ်ထဲက

အတိုင်း ရိုးသားမှုမရှိဘဲ အလွတ်ကျက်ထားသလိုမျိုး ဖြေတဲ့ ပုံစံတွေက ဂျပန်စာတော်ရင်တောင်မှ အရွေးခံရဖို့ မသေချာ ပါဘူးလို့ ဆိုပါတယ်။

N4 အောင်ထားပြီး န၃ စာမေးပွဲဖြေ နိုင် တဲ့အဆင့်ရောက်ပြီဆိုရင် အင်တာဗျူး ဝင်ဖြေတဲ့အခါ အောင်ဖို့ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းသေချာပြီး ဟန်ပန်အမူအရာနဲ့ ဂျပန်ယဉ်ကျေးမှုကို အကောင်းဆုံးပြနိုင်ရင် ၄၉ရာခိုင်နှုန်းနဲ့ ကျန်တဲ့ တစ်ရာခိုင်နှုန်း က ဂျပန်ရဲ့ ရွေးချယ်မှုဖြစ်တယ်လို့ သိရပါ တယ်။

ဂျပန်စာသင်တန်းကျောင်းတွေအ များ ကြီးရှိပေမဲ့ တကယ်သင်တာလား၊ဟန် ပြ ကျောင်းလားဆိုတာ သေချာစုံစမ်းဖို့ လို အပ်တယ်လို့ သိရပါတယ်။

ဂျပန်သွားမယ့်သူတွေ အနေနဲ့ Training visa နဲ့ မသွားရလို့ အလွယ်သွားရမယ့် ကျောင်းဗီဇာကို မရွေးချယ် သင့်ဘဲ အလုပ်လုပ်ဖို့ အတွက်နဲ့ ကျောင်း ဗီဇာကို ရွေးမယ်ဆိုရင်တော့ စာမလိုက် နိုင် လို့ စိတ်ညစ်ရတာအပြင် ငွေရှာရ ခက် တာ ပါ တိုးလာနိုင်တယ်လို့ အတွေ့အကြုံရှိသူ တ ချို့က ပြောပါတယ်။

အများဆုံးပို့နိုင်တဲ့အေဂျင်စီကိုမရှာ ပါနဲ့။ ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး စာချုပ်စာ တမ်း အပြည့်အစုံပြပေးတဲ့ အေဂျင်စီကိုရွေးပါ။ အင်တာဗျူးအောင်မယ် မအောင်ဘူးဆိုတာ ကိုယ်နဲ့သာသက်ဆိုင်ပါတယ်။ ဂျပန်ဘက်က လက်ခံနိုင်တဲ့ အရည် အ ချင်းရှိသူဖြစ်နေရပါမယ်။ ဝန်ဆောင်ခ အ ဖြစ် ဒေါ်လာ ၂၈ဝဝ နဲ့ ဆေးစစ်ခ၊ ပတ်စ်ပို့ လုပ်ငန်းထောက်ခံချက်(သို့မဟုတ်) မိမိ သွားမယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ သင် တန်းဆင်းလက်မှတ်ကို မိမိဘာသာအကုန်အကျခံ ရပါမယ်။ လေယာဉ်လက်မှတ်ဖိုး ထပ်ပေးဖို့ မလိုပါ။

ကြော်ငြာတွေကိုဂရုပြုပါ။ ကြော်ငြာနေတိုင်း အမှန်မဟုတ်ပါဘူး။ အလိမ်ခံရ ပြီးမှ ဖေ့စ်ဘုတ်ခ်မှာ နာမည်တပ်ပြီးရေး တင် တာ မျိုးက အခန့်မသင့်ရင်တရားစွဲခံ ရနိုင်ပါတယ်။ မိမိတို့အနေနဲ့ ဂျပန်စာကိုသေချာလေ့လာပြီးမှ မိမိလုပ်ကိုင်လိုတဲ့ အလုပ်နဲ့ သွားနိုင်အောင် ဆောင်ရွက်သင့် ပါတယ်။

လက်ရှိ မှာ ဂျပန်နိုင်ငံကို ဗီဇာမျိုးစုံနဲ့ သွား ရောက်နေကြပြီး ထရိန်နင်ဗီဇာနဲ့ မ ဟုတ်ဘဲ ကျောင်းဗီဇာနဲ့ သွားရောက်ကြသူ တွေအ များစုရှိနေပါတယ်။

ကျောင်းဗီဇာနဲ့ သွားရောက်ကြသူ တွေအနေနဲ့ အချိန်ပိုင်းအလုပ်နဲ့ ကျောင်းလခ အပြင် အပိုဝင်ငွေရှာကြတာ ဖြစ်ပါတယ်။

ဗီဇာတင်းကျပ်မှုကြောင့် ဂျပန်အစိုးရ ကနေ ပြန်ခိုင်းလည်း မပြန်ကြဘဲ နိုင်ငံရေး လျှောက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၈ နာရီ ကျော်ပြီး လုပ်ကြတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ အစိုးရ အနေနဲ့လည်း နိုင်ငံ ရေးလျှောက်တာ များပြားလာတာတွေ၊ ပြေးတာတွေ ၊ my number စနစ်၊ အခွန် စနစ် တွေကြောင့် ဗီဇာတိုးတဲ့ အခါ အချိန် မတရားကျော်ပြီး လုပ်တာတွေများတာ ကြောင့် လဝကရဲ့ သတိထားရမယ့် နိုင်ငံ ငါးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံ ပါဝင်လာ တယ်လို့ သိရပါတယ်။

လဝကက ဂျပန်မှာ ကျောင်းသားဗီဇာ သတ်တမ်းတိုးတဲ့ ကျောင်းသားတွေရဲ့ တစ် ဝက်ကျော်ကျော်က အခွန်စာရင်း၊ ဘဏ်စာ အုပ်နဲ့ အလုပ်အားလုံးရဲ့ လစာစာရွက် တွေ ပါ တင်ပြပေးရတယ်လို့ သိရပါတယ်။ အ ရင်က အသနားခံစာ၊ထုချေလွှာ တင်ရင် ပြန်လည်စဉ်းစားပေးခဲ့တာတွေ ရှိခဲ့ပါ တယ်။

အခုနှစ်မှာတော့ ဂျပန်မှာ ကျောင်း သား ဗီဇာ သက်တမ်းတိုးတဲ့ ကျောင်းသား အားလုံးနီးပါးကို အခွန်စာ ရင်း၊ဘဏ်စာ အုပ်နဲ့ အလုပ်အားလုံးရဲ့လစာစာရွက်တွေ ပါ တင်ပြရပါတယ်။

ရပ်ကွက်ရုံးမှာထုတ်ရတဲ့ဝင်ငွေခွန်စာရင်းတွေ မဖြစ်မနေတင်ရပါတယ်။ အဲသည် မှာ မိမိအလုပ်လုပ်ထားတဲ့ ဝင်ငွေကို တစ် ပတ် ၂၈ နာရီနဲ့ ပြန်တွက်ပါတယ်။ ကျောင်း ရက်ရှည်ပိတ်တဲ့ကာလဆို တစ်ပတ် နာရီ ၄၀ လုပ်ခွင့်ရှိတာ တစ်နှစ်ကို ကျောင်း လေး လ ပိတ်ရင် တစ်နှစ်ဝင်ငွေ ယန်း သောင်း ၁၅၀၊ ၁၆၀ အထိဆို အဆင်ပြေ ပါတယ်။

ဂျပန်ယန်း သောင်း ၁၆၀/၁၇၀ အ ထက် ကို တခြား စာရွက်စာတမ်းတွေ တောင်းပါတယ်။ အကြောင်းပြချက်တွေ ရေးခိုင်းပါပြီ။ သောင်း၂ဝဝ ဝင်ငွေကျော် နေ တဲ့ စာရွက်တွေဆို လုံးဝဗီဇာမရတာ၊ချက် ချင်း ကတ်အဖောက်ခံရနိုင်ပါတယ်။ အသနား ခံစာ၊ ထုချေလွှာ တင်ရင်လည်း ပြန် လည် စဉ်းစားပေးတာ မရှိတော့ပါဘူး။

ဒါမျိုးလည်း ရှိတယ်

ဂျပန်မှာ ကျောင်းတက်ပြီးလို့ ကုမ္ဗဏီ တစ်ခုက အလုပ်ခန့်စာရပြီး ရထားတဲ့ဘွဲ့နဲ့ အလုပ်နဲ့ ကိုက်ညီမှုရှိပေမဲ့ ကျောင်းသား ဘဝမှာ အလုပ်ချိန်  ၂၈ နာရီထက်ကျော် နေ လို့ ဗီဇာမရဘဲ ကတ်ဖောက်ခံရတာမျိုးတွေလည်း ရှိတယ်လို့ အတွေ့အကြုံရှိသူ  တွေက ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ချမှတ်ထားတဲ့စည်း မျဉ်း တွေမတူညီတော့တာကြောင့် ထရိန်နင် ဗီဇာနဲ့သွားရောက်ပြီး ပိုက်ဆံမဖြစ်မနေ ရှာမယ့်သူတွေအတွက် လုံးဝ အဆင်မပြေ နိုင် ဘူးလို့ လက်ရှိ ဂျပန်မှာ လုပ်ကိုင်နေသူ တချို့က   မှတ်ချက်ပြုပါတယ်။

ဂျပန်သွားမယ့်သူတွေအရေး ကူညီ ပေး နေတဲ့ ကိုအေးကိုကိုက“ဂျပန်နိုင်ငံကို အေဂျင်စီကနေ သွားရောက်မယ့် သူတွေ အတွက် အထူးသတိပြုဖို့ လိုပါတယ်၊ ဂျပန် ကို သွားဖို့အတွက် မိမိတို့အနေနဲ့အေ ဂျင်စီ တစ်ခုကို အလုပ်အပ်မယ်ဆိုရင် ကိုယ့် ဘက် က ပိုက်ဆံကို လက်မလွန်ခင် အေ ဂျင်စီ အနည်းဆုံးလေးခု၊ ငါးခု လောက် တော့ စုံစမ်းကြည့်ပါ၊ အသိဆရာ ၊မိတ်ဆွေ သူငယ်ချင်း တွေကို မေးမြန်းပါ၊ ခိုင်မာမှ၊ သေချာမှ မိမိရဲ့ ပိုက်ဆံကို ထုတ်ပေးပါ (လက်လွန်သွားတဲ့ ပိုက်ဆံဆိုတာ များ သောအားဖြင့် ပြန်ရ နိုင် ဖို့ သိပ်မလွယ်ကူ ပါ)၊အေဂျင်စီဆိုတာ မှန်မှန်ကန်ကန် ဝန် ဆောင်မှုပေးနေတာလည်းရှိသလို တချို့ က ခုပဲ ထွက်ရတော့မှာလိုလို၊ နက်ဖြန် သန် ဘက်ခါ ၊ နောက်တစ်ပတ်ပဲ အင်တာဗျူး လာတော့မှာ လိုလိုနဲ့ တကယ်တော့ ဘယ် တော့မှန်းမသိတဲ့ အင်တာဗျူး ပါ ၊ မ ရေ ရာ မသေချာပါဘူး၊တစ်ခါတစ်ရံ အင် တာဗျူး တွေက အတုအယောင်တွေရှိ တတ် ပါ တယ်။“တစ်လကို ဘယ်နှသိန်း တောင် ရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဆွဲဆောင်နေ ကြတာပါ၊ မှန်ကန်တဲ့ အေဂျင်စီအနေနဲ့ အင်တာဗျူး အချိန်ကို   သိရင် သိတယ်၊ မ သိရင်လဲ ကြိုမသိပါဘူးလို့ ပြောတယ်”လို့ အကြံပြု စကား ဆိုပါတယ်။

အတုအယောင်တွေကတော့ ပိုက်ဆံ တောင်းရင် စဉ်းစားချိန်တောင်မပေးပါ ဘူး။ အခုပဲ တင်ရတော့မှာ၊ စာရွက်တွေကဂျပန် ကနေ လှမ်းတောင်းနေပြီနော်၊တောက် လျှောက် run နေရတာ၊ ဂျပန်ရဲ့မူ အ တိုင်း ငါက သွားနေတာ၊နင်တို့ အခု မပေးရင် ငါက တင်မပေးဘူးနော်၊ ပိုက်ဆံပေး ထား တဲ့သူပဲ ငါတို့ဘက်က လုပ်ပေးမှာ စတဲ့ စကားတွေနဲ့ ချော့တစ်ခါ ခြောက်တစ် လှည့်၊ ပျော့တစ်ခါ မာတစ်လှည့်နဲ့ ဇွတ် အတင်းတောင်းကြတယ်လို့ ဆိုပါတယ်။

သေချာတဲ့ အလုပ်မရှိဘဲ ဂျပန် ဆိုတာ တွေ ထပ်အောင်ပြောပြီး လုပ်စားကြတာ ဖြစ် ပြီး အင်တာဗျူးတယ် ဆိုတိုင်း ယုံလို့ မ ရတာကြောင့် တချို့အေဂျင်စီနာမည်ခံ ပွဲစား တချို့က ဂျပန်နှစ်ယောက်ခန့်ကို အ ချိန် ပိုင်းငှားပြီး အင်တာဗျူးအတု လုပ် တတ် ကြတယ်လို့ တွေ့ကြုံခဲ့ရသူတချို့ရဲ့ ပြောပြချက်တွေ အရ သိရပါတယ်။

စာချုပ် သေချာဖတ်

ဂျပန်မှာ မိမိစရိတ်၊ မိဘစရိတ်နဲ့ ဂျပန်စာကျောင်းကို   တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေ၊ကျောင်း ဆက် တက်မယ့် ကျောင်းသူကျောင်းသား တွေအနေနဲ့ မိမိတို့အင်တာဗျူးအောင် ပြီ၊ စာချုပ်ချုပ်ပြီဆိုရင် စာချုပ်ကိုသေချာ ဖတ် ပါ၊အနည်းဆုံးအစအဆုံး နှစ်ကြိမ်လောက် ဖတ်ပါ၊ မိမိစိတ်တိုင်းမကျရင် သေချာ မေး ပါ၊ လစာတွေကို သေချာကြည့်ပါ၊အလုပ် ချိန်၊ အချိန်ပို သေချာမေးပါ၊ အလုပ်ချိန်ကို ဘယ်လိုပုံစံနဲ့ ရှင်းပေးမယ်ဆိုတာတွေကို အလုပ်ရှင်ဘက်က ရှင်းပြပြောပြတာတွေ ကို သေချာစဉ်းစားပြီးမှ လုပ်ငန်းခွင်ဝင် သင့်ပါတယ်။

ဂျပန်ရဲ့ လဝက က ယခုထက်ထိ ဥပ ဒေ ရေးရာဝန်ကြီးဌာနရဲ့ လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန တစ်ခုသာ ဖြစ်ခဲ့ ပေမဲ့ ၂၀၁၉ ခုနှစ် ၄ လပိုင်းမှစပြီး လူဝင်မှု ကြီးကြပ်ရေးဌာနကနေ အဆင့်မြှင့်တင် မှာ ဖြစ်တယ်လို့ သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနက ဂျပန် နိုင်ငံရဲ့Ministry of Justice တရား ရေးရာ ဝန်ကြီးဌာန လက်အောက်မှာ ရှိခဲ့ ပေမဲ့ ၂၀၁၉ ဧပြီလကနေစတင်ပြီး တ ရား ရေး ရာဝန်ကြီးဋ္ဌာနရဲ့extra-ministerial department တစ်ခု အဖြစ် တိုးမြှင့် သတ်မှတ်ဖို့ရည်ရွယ်ပါတယ်လို့ ကြေညာ ထား တာ ဖြစ်ပါတယ်။

လဝကကို extra-ministerial department တစ်ခု အဖြစ် တိုးမြှင့်သတ် မှတ် ရတဲ့ ရည်ရွယ်ချက်က ၂၀၂၀ အိုလံပစ် မှာ နိုင်ငံခြားသားတွေ များပြားစွာ လာ ရောက် မှာဖြစ်တာရယ်၊ နိုင်ငံခြားသားတွေ ရဲ့ ပြည်ဝင်ခွင့်တွေကို သေချာ စိစစ်နိုင် ဖို့၊ နိုင်ငံ ခြားသား အလုပ်သမားဦးရေနဲ့ ဗီဇာ အမျိုး အစားတွေကို ပြင်ဆင်သတ် မှတ်ဖို့ ဖြစ် တယ် လို့ သိရပါတယ်။

ဂျပန်နိုင်ငံကို ကျောင်းဗီဇာနဲ့ လာ ရောက် ပြီး ဂျပန်မှာ ကျောင်းဆက်တက် ပြီး အလုပ်လုပ်ချင်တဲ့သူတွေအတွက် ဥပဒေ ဘောင်ထဲကနေပြီး အလုပ်လုပ်ရ မှာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါ တယ်။

ဂျပန်မှာ လာမယ့်နှစ် ဧပြီလမှာ စတင် မယ့် ဗီဇာအစီအစဉ်အသစ် အောက်မှာ အကျုံးဝင်တဲ့ နိုင်ငံခြားသားအလုပ်သမား တွေကို အလုပ်ခန့်အပ်တဲ့အခါမှာ တာဝန် ယူရမှာတွေကို ဖော်ပြထားတဲ့ မူကြမ်း တစ် ရပ်ကို တရားရေးဝန်ကြီးဌာနက ရေးသား ပြုစုခဲ့ပါတယ်။

အခုလတ်တလောမှာပြင်ဆင် ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ လုပ်သား အင်အားရှားပါးမှုနဲ့ အကြီးအကျယ်ရင် ဆိုင် နေရတဲ့ ဂျပန်နိုင်ငံမှာ ကျွမ်းကျင်မှု အဆင့် ရှိတဲ့ နိုင်ငံခြားသားတွေကို ပိုပြီးနေ ထိုင် ခွင့် ပြုသွားမယ်လို့ ပြည်တွင်းသတင်း ဖော် ပြချက်တွေအရ သိရပါတယ်။

အဲသည်မူကြမ်းအရ အလုပ်ရှင်တွေ အနေနဲ့ လုပ်အားခတွေကို လုပ်သားတွေရဲ့ ဘဏ်အကောင့်တွေထဲကို လွှဲပေးဖို့ လို အပ်ပြီး ဂျပန်လူမျိုးမဟုတ်တဲ့ အလုပ်သ မား တွေ မိုဘိုင်းလ်ဖုန်းအသုံးပြုနိုင်ဖို့ ဖုန်း ကုမ္ဗဏီတွေနဲ့ စာချုပ်တွေ ချုပ်ဆိုရာမှာ ကူညီပေးဖို့ လိုအပ်ပါတယ်။

အလုပ်ရှင်တွေဟာ အဲသည်လို နိုင်ငံ ခြား သား အလုပ်သမားတွေကို အနည်းဆုံး သူ တို့ တွေရဲ့ ဂျပန်လူမျိုးဖြစ်တဲ့ လုပ်ဖော် ကိုင် ဖက်တွေရဲ့လစာအတိုင်း ပေးရမှာဖြစ် ပြီး သူတို့တွေရဲ့နိုင်ငံကို ပြန်ဖို့ လိုအပ်တဲ့ ငွေ ရေးကြေးရေး မရှိရင်လည်း အဲသည် ကုန် ကျ စရိတ်ကို ကျခံပေးရမှာ ဖြစ်တယ်။

ဆိုးရွားတဲ့ အလုပ်ပွဲစားတွေကို ဖယ် ရှားဖို့အတွက် နည်းလမ်းတွေကိုလည်း အဲ သည်မူကြမ်းထဲမှာ ထည့်သွင်း ရေးသား ထားပါတယ်။

လာမယ့်နှစ် ဧပြီလကစပြီး ငါးနှစ်တာ ကာလအတွင်းမှာ ကဏ္ဍ ၁၄ ခုအတွက် အ တိုင်းအတာတစ်ခုအထိအရည်အချင်း ရှိတဲ့ နိုင်ငံခြားသား အလုပ်သမား ၃၄၅ဝဝဝ အထိ ခန့်အပ်သွားဖို့ ဂျပန်အစိုးရက ခန့် မှန်းထားတာ ဖြစ်ပါတယ်။

အလည်ဗီဇာ၊ အလုပ်ဗီဇာ၊ ဘာသာရေး ဗီဇာစတဲ့ ဗီဇာအမျိုးအစားတွေက ဂျပန်နိုင်ငံကို သွားရောက်လိုသူတွေအပေါ် လိမ် လည်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တာ ကြောင့် သတိထား သေချာလေ့လာ ပြီး မှသာဆောင်ရွက်ကြဖို့လိုတယ်လို့ ဂျပန် နိုင်ငံမှာ  ရောက်ရှိနေတဲ့ မြန်မာတချို့က သုံးသပ်ကြပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

– Kumudra

Credit-xyznews

Comments are closed.