အိမ်လည်လာတဲ့ လူတစ်ယောက်က နမ်းလိုက်တာကြောင့် ၈ ရက်သားမှာ ဆုံးသွားတဲ့ ကလေးငယ်
အိမ်လည်လာတဲ့ လူတစ်ယောက်က နမ်းလိုက်တာကြောင့် ၈ ရက်သားမှာ ဆုံးသွားတဲ့ ကလေးငယ်
[UNICODE FONT]
ဒီပုံထဲက Aliza Rose ဆိုတဲ့ကလေးလေးဟာ မွေးလာတုန်းက ကျန်းမာပြီး ၉ ပေါင်နီးပါးရှိတဲ့ကလေးလေးပါ။
HSV-1 ဆိုတဲ့ Virus ရှိတဲ့သူတစ်ယောက်ကနေ လက်သေချာမဆေးပဲ ကလေးကိုကိုင်တာ၊ နမ်းတာလုပ်လိုက်မိရာကနေ ကလေးကရောဂါကူးပြီး ၈ ရက်သားမှာ ဆုံးသွားတာပါ။
HSV-1 ဆိုတာကို google မှာရှာကြည့်သလောက် အအေးမိဖျားနာပြီး ရေယုန်ဖြစ်တာလို့ဖတ်ရပါတယ်။ (ကျွန်မမှားရင် ပြင်ပေးပါရှင်) ဒီလို Virus ရှိနေတဲ့သူတိုင်း မသိသာပါဘူးတဲ့။
လူကြီးတွေအတွက်သေလောက်တဲ့ရောဂါမဟုတ်ရင်တောင်မှ အအေးမိဖျားနာတဲ့ Virus တွေနဲ့၊ တခြား Virus တွေဟာ ရက်သားကလေးတွေ ကလေးငယ်လေးတွေမှာတော့ အသက်အန္တရာယ်ရှိတာမို့ မွေးကင်းစကလေးတွေကို ကိုင်တွယ်ချင်တဲ့အခါမှာကလေးကိုမကိုင်ခင် လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။ လက်ဆေးရည်နဲ့ဆေးကြပါ။ မနမ်းကြပါနဲ့။ မိဘကလည်း ဘယ်သူ့ကိုပဲဖြစ်ဖြစ် အားနာပြီးခွင့်မပြုပါနဲ့။
ကလေးရဲ့အဘိုးအဘွားအပါအဝင် ဆွေမျိုးများအားလုံးကလည်း ကလေးကိုချစ်နည်းမှန်ပါစေ။ ကလေးကိုချစ်တယ်ဆိုရင် ကလေးကောင်းကျိုး၊ ကလေးကျန်းမာရေး၊ ကလေးအန္တရာယ်ကင်းရေးကိုသာ ဦးစားပေးရမှာဖြစ်ပါတယ်။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Credit-Jessica Mozart (အေးအေးမျိုးဆက်)
Comments are closed.