“Salt Bae” လို့ နာမည်ကြီးတဲ့ Nusret Gökçe အကြောင်း သင်မသိသေးတဲ့ (၁၀) ချက်

“Salt Bae” လို့ နာမည်ကြီးတဲ့ Nusret Gökçe အကြောင်း သင်မသိသေးတဲ့ (၁၀) ချက်













Source: Daily Social

[UNICODE FONT]

၂၀၁၇ ရဲ့ Memes လောကမှာ ဘုရင်တစ်ဆူဖြစ်ခဲ့တဲ့ Salt Bae နာမည်နဲ့ ဆားဖြူးတာကို အိုက်တင်အပြည့်နဲ့ ဖြူးနေတဲ့ အမျိုးသားကို မှတ်မိကြဦးမယ်ထင်ပါတယ်။ သူဘယ်သူလဲ၊ ဘာလုပ်သလဲ၊ ဘယ်လိုဘဝဇာတ်ကြောင်းတွေရှိသလဲ၊ ဘာတွေလုပ်နေလဲဆိုတဲ့ စိတ်ဝင်စားဖွယ်အချက်အလက် (၁၀) ချက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) Salt Bae ရဲ့ နာမည်အရင်းကတော့ Nusret Gökçe ဖြစ်ပြီး တူရကီစားဖိုမှုးတစ်ယောက်ဖြစ်ပါတယ်။ Nusr-Et လို့အမည်တွင်တဲ့ stake ဆိုင်ပေါင်းများစွာကို တူရကီနဲ့ ဒုဘိုင်းတို့မှာ ဖွင့်လှစ်ထားပါတယ်။ Memes မှာ မပါခင်ကတည်းက သူ့ရဲ့ဆိုင်တွေဟာ စားသုံးသူတွေကြားထဲ နာမည်ကြီးနေပြီးသားဖြစ်ပါတယ်။

(၂) နိုင်ငံကျော်ပေမယ့် အင်္ဂလိပ်လိုမပြောနိုင်ပါဘူး။ သို့ပေမယ့် New York နဲ့ လန်ဒန်တို့မှာ ဆိုင်ခွဲတစ်ဆိုင်စီဖွင့်ဖို့ စီစဉ်နေပါတယ်။

(၃) Leonardo DiCaprio ဟာ Salt Bae ကိုယ်တိုင်တည်ခင်းတဲ့ meal ကိုစားသုံးဖို့အတွက် ဆိုင်သို့တကူးတကအချိန်ပေးပြီးသွားခဲ့ဖူးပါတယ်။

(၄) Memes မှာ နာမည်ကြီးပြီးနောက်ပိုင်းမှာတော့ Salt Bae ကို ထပ်ပြီး နာမည်ကြီးစေမယ့် ဗီဒီယိုတစ်ခုကို သူကိုယ်တိုင်ပဲ တင်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ဝက်သေနဲ့ကနေတဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။ သူဟာ stake ကို အဓိကထားရောင်းတာဖြစ်တဲ့အတွက် အသားတွေဟာ သူ့ဘဝဖြစ်လို့နေပါတယ်။ ဒီဗီဒီယိုဟာလည်း သတ်သတ်လွတ်သမားများကြား တော်တော်လေးကို ဝေဖန်စရာဖြစ်သွားခဲ့ပါတယ်။

(၅) Salt Bae ဟာ အင်တာဗျူးတွေမှာ သူ့အကြောင်းနဲ့ပတ်သက်လို့ ဘာမှသိပ်မပြောဖူးပေမယ့် သတ်သတ်လွတ်စားခြင်းနဲ့ပတ်သက်ပြီး သူ့ထင်မြင်ချက်ကိုမေးတဲ့အခါမှာတော့ “ကျွန်တော်ကအသားရောင်းတာပါ။ ဒါကြောင့် အသားကလွဲပြီး ဘာမှမစားဘူး” လို့ ပြောခဲ့ပါတယ်။

(၆) သူ့ဆိုင်အတွက် အသားလိုတဲ့အခါ သားသတ်ရုံမှာ ကိုယ်တိုင်ဂရုတစိုက် သွားရွေးလေ့ရှိပါတယ်။

(၇) Memes မှ ာပါတဲ့အတိုင်း ဆားဖြူးတဲ့ပုံစံဟာ လုပ်ယူထားတာ မဟုတ်ဘဲ သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုက ရုပ်ရှင်ဆန်နေတာဖြစ်ပါတယ်။

(၈) Salt Bae ဟာ ချမ်းသာပြီး အောင်မြင်တဲ့ စားဖိုမှူးတစ်ယောက်ဖြစ်လာဖို့အတွက် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ မိုင်းလုပ်သားမိသားစုမှ ပေါက်ဖွားလာပြီး ဆင်းရဲလွန်းလို့ အထက်တန်းပြီးအောင် ကျောင်းတောင် ဆက်မတက်ခဲ့ရပါဘူး။ အသက် (၁၄) နှစ် လုပ်နိုင်ကိုင်နိုင် အရွယ်ရောက်လာတဲ့အခါမှာတော့ သားသတ်ရုံမှာ အလုပ်လုပ်ခဲ့ပြီး ရုန်းကန့်ရင်း ဒီအဆင့်အထိ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

(၉) သူဟာ ဆိုင်ပိုင်ရှင်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် တစ်နေ့ကို (၁၈) နာရီအလုပ် လုပ်သူပါ။ တစ်ပတ်လုံး အနားမယူဘဲ နေ့တိုင်းတစ်ဆိုင် သို့မဟုတ် တစ်ဆိုင်မှာ ရှိနေတတ်ပါတယ်။

(၁၀) Salt Bea ဟာ သူ့ရဲ့မိသားစုအကြောင်း၊ အချစ်ရေး၊ အိမ်ထောင်ရေးတို့ကို ဘယ်တော့မှ ဖွင့်ဟပြောဆိုဖူးတဲ့လူမဟုတ်တာကြောင့် ၂၀၁၈ စက်တင်ဘာလ (၁၃) ရက်နေ့တုန်းက Instagram မှာတင်တဲ့ပုံတစ်ပုံဟာ လူအများကြား သို့လောသို့လောဖြစ်စခဲ့ပါတယ်။ “The man who has not spent time with his family is not a real man.” (မိသားစုကို အချိန်မပေးတဲ့ လူဟာ လူသား အစစ်အမှန် မဟုတ်ဘူး) ဆိုတဲ့ caption နဲ့ သူရယ် ကလေး (၉) ယောက်ရယ်နဲ့ပုံကို တင်ထားတဲ့အတွက် အဲဒီကလေးတွေဟာ သူ့ရဲ့မတူညီတဲ့ ဇနီးမယားတွေမှ မွေးတဲ့ကလေးတွေလို့ ထင်မြင်ခဲ့ကြပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Source: Daily Social

Comments are closed.