ကမာၻေက်ာ္ Tom & Jerry ကာတြန္းဇာတ္လမ္းတြဲအေၾကာင္း လူသိနည္းေသးတဲ့ အခ်က္မ်ား

ကမာၻေက်ာ္ Tom & Jerry ကာတြန္းဇာတ္လမ္းတြဲအေၾကာင္း လူသိနည္းေသးတဲ့ အခ်က္မ်ား

ကိုယ္ေတြ ငယ္ငယ္တုန္းက တစ္ေန႔လံုး အိပ္ရာေပၚမွာ ဇိမ္နဲ႔လွဲၿပီး ကာတြန္းကားေတြ ၾကည့္ၾကတဲ့အျဖစ္ကို မွတ္မိဦးမွာပါ။ ဒီထဲမွာ ဘယ္အခ်ိန္ၾကည့္ၾကည့္မရိုးႏိုင္တဲ့ Tom & Jerry ကာတြန္းကားေတြဟာ ကိုယ္ေတြနဲ႔ အရင္းႏွီးဆံုးျဖစ္မွာပါ။ ဇာတ္လမ္းထဲမွာ အျမဲတမ္းရန္ျဖစ္ေနတဲ့ သူတို႔ရဲ႕ မ်က္ႏွာေပးေတြဟာ အူတက္ေအာင္ ရီရပါတယ္။ Tom & Jerry ကို ၾကိဳက္ႏွစ္သက္တဲ့ ပရိသတ္ေတြ အမ်ားၾကီးရွိေနေပမယ့္လည္း ဒီကာတြန္းဇာတ္လမ္းတြဲနဲ႔ ပတ္သက္လို႔ လူသိနည္းတဲ့ အခ်က္ေတြလည္း ရွိေနပါေသးတယ္။

Tom & Jerry ကာတြန္းဇာတ္လမ္းတြဲကို (၁၉၄၀) ခုႏွစ္မွာ William Hanna နဲ႔ Joseph Barbera တို႔က ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ Yogi Bear ၊ Top Cat ၊ Scooby-Doo ၊ The Smurfs နဲ႔ The Flintstones တို႔ကိုလည္း သူတို႔ႏွစ္ေယာက္ပဲ ဖန္တီးခဲ့တာပါ။

Tom & Jerry ကို  Jasper & Jinx လို႔ နာမည္အရင္ ေပးခဲ့တာပါ။ ေနာက္ပိုင္းမွာ Tom & Jerry လုိ႔ နာမည္ေျပာင္းခဲ့တာ ျဖစ္ပါတယ္။

ဇာတ္လမ္းတြဲမွာ စုစုေပါင္း (၁၆၃) ပိုင္းပါ၀င္ၿပီး (၁၉၄၀) ခုႏွစ္ ေဖေဖာ္၀ါရီ(၁၀) ရက္မွာ ပထမဆံုး ထုတ္လႊင့္ျပသခဲ့ပါတယ္။ ၄င္းဇာတ္လမ္းတြဲကို (၂၀၀၅) ခုႏွစ္ စက္တင္ဘာ(၂၇) ရက္တုိင္ေအာင္ ဆက္လက္ ထုတ္လႊင့္ျပသခဲ့ပါတယ္။

Tom & Jerry ကို ပထမပိုင္း ထုတ္လႊင့္ျပသမႈအၿပီးမွာ ေၾကာင္နဲ႔ ၾကြက္ဟာ ကာတြန္းအစီအစဥ္ေတြထဲမွာ ရိုးရွင္းလြန္းေနတယ္ဆိုၿပီး MGM စတူဒီယိုက ဆက္ၿပီး မထုတ္လႊင့္အထိေတာင္ ဆံုးျဖတ္ခဲ့ပါတယ္။

ကာတြန္းဇာတ္လမ္းတြဲၾကီး တစ္ခုလံုးမွာ Tom ရဲ႕ ပိုင္ရွင္ Mammy Two Shoes ရဲ႕ မ်က္ႏွာကို တစ္ၾကိမ္ပဲ ျပသခဲ့ပါတယ္။

ဇာတ္လမ္း အစပိုင္းေတြမွာ Tom ကို ပံုမွန္ေၾကာင္တစ္ေကာင္လိုပဲ ေျခေလးေခ်ာင္းနဲ႔ သြားလာတာ ေတြ႔ရေပမယ့္ ေနာက္ပိုင္းခန္းေတြမွာေတာ့ ေျခေထာက္ႏွစ္ေခ်ာင္းနဲ႔ လမ္းေလွ်ာက္တာကို ေတြ႔ရပါတယ္။

Blue Cat Blues လို႔ေခၚတဲ့ အပိုင္းတစ္ခုမွာဆိုရင္ ေၾကာင္နဲ႔ ၾကြက္တို႔ဟာ ေသေၾကာင္းၾကံစည္ဖို႔ေတာင္ လုပ္ခဲ့ဖူးပါတယ္။ အဲ့ဒီအပိုင္းကို (၁၉၅၆)ခုႏွစ္ ႏို၀င္ဘာလ(၁၆)ရက္ေန႔မွာ စတင္ထုတ္လႊင့္ျပသခဲ့တာျဖစ္ၿပီး ပရိသတ္ေတြၾကားထဲ မွာ  ေနာက္ဆံုးအပိုင္း ဟုတ္/မဟုတ္ အေတာ္ေလး အျငင္းပြားစရာ ျဖစ္ခဲ့ပါတယ္။ Tom & Jerry ကို နာမည္အမ်ိဳးမ်ိဳးနဲ႔ သိၾကပါတယ္။ The Tom and Jerry Show, The Tom and Jerry Comedy Show, Tom and Jerry Kids, Tom and Jerry Tales စသျဖင့္ပါ။

Tom & Jerry ကာတြန္းေတြဟာ ေအာ္စကာ(၇) ဆုရခဲ့ၿပီး (၆) ၾကိမ္ထက္မနည္း ဆန္ကာတင္အျဖစ္ အေရြးခံခဲ့ရပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းတြဲေတြဟာ (၁၉၄၀) ေဖေဖာ္၀ါရီေလာက္က စခဲ့တာေၾကာင့္ အသက္တြက္ၾကည့္လိုက္ရင္ အခုအခ်ိန္ (၇၈) ႏွစ္ေလာက္ ရွိေနၾကၿပီ ျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Ref: unbelievable-facts

[UNICODE FONT]

ကိုယ်တွေ ငယ်ငယ်တုန်းက တစ်နေ့လုံး အိပ်ရာပေါ်မှာ ဇိမ်နဲ့လှဲပြီး ကာတွန်းကားတွေ ကြည့်ကြတဲ့အဖြစ်ကို မှတ်မိဦးမှာပါ။ ဒီထဲမှာ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ Tom & Jerry ကာတွန်းကားတွေဟာ ကိုယ်တွေနဲ့ အရင်းနှီးဆုံးဖြစ်မှာပါ။ ဇာတ်လမ်းထဲမှာ အမြဲတမ်းရန်ဖြစ်နေတဲ့ သူတို့ရဲ့ မျက်နှာပေးတွေဟာ အူတက်အောင် ရီရပါတယ်။ Tom & Jerry ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အများကြီးရှိနေပေမယ့်လည်း ဒီကာတွန်းဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။

Tom & Jerry ကာတွန်းဇာတ်လမ်းတွဲကို (၁၉၄၀) ခုနှစ်မှာ William Hanna နဲ့ Joseph Barbera တို့က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Yogi Bear ၊ Top Cat ၊ Scooby-Doo ၊ The Smurfs နဲ့ The Flintstones တို့ကိုလည်း သူတို့နှစ်ယောက်ပဲ ဖန်တီးခဲ့တာပါ။

Tom & Jerry ကို  Jasper & Jinx လို့ နာမည်အရင် ပေးခဲ့တာပါ။ နောက်ပိုင်းမှာ Tom & Jerry လို့ နာမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲမှာ စုစုပေါင်း (၁၆၃) ပိုင်းပါဝင်ပြီး (၁၉၄၀) ခုနှစ် ဖေဖော်ဝါရီ(၁၀) ရက်မှာ ပထမဆုံး ထုတ်လွှင့်ပြသခဲ့ပါတယ်။ ၎င်းဇာတ်လမ်းတွဲကို (၂၀၀၅) ခုနှစ် စက်တင်ဘာ(၂၇) ရက်တိုင်အောင် ဆက်လက် ထုတ်လွှင့်ပြသခဲ့ပါတယ်။

Tom & Jerry ကို ပထမပိုင်း ထုတ်လွှင့်ပြသမှုအပြီးမှာ ကြောင်နဲ့ ကြွက်ဟာ ကာတွန်းအစီအစဉ်တွေထဲမှာ ရိုးရှင်းလွန်းနေတယ်ဆိုပြီး MGM စတူဒီယိုက ဆက်ပြီး မထုတ်လွှင့်အထိတောင် ဆုံးဖြတ်ခဲ့ပါတယ်။

ကာတွန်းဇာတ်လမ်းတွဲကြီး တစ်ခုလုံးမှာ Tom ရဲ့ ပိုင်ရှင် Mammy Two Shoes ရဲ့ မျက်နှာကို တစ်ကြိမ်ပဲ ပြသခဲ့ပါတယ်။

ဇာတ်လမ်း အစပိုင်းတွေမှာ Tom ကို ပုံမှန်ကြောင်တစ်ကောင်လိုပဲ ခြေလေးချောင်းနဲ့ သွားလာတာ တွေ့ရပေမယ့် နောက်ပိုင်းခန်းတွေမှာတော့ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်တာကို တွေ့ရပါတယ်။

Blue Cat Blues လို့ခေါ်တဲ့ အပိုင်းတစ်ခုမှာဆိုရင် ကြောင်နဲ့ ကြွက်တို့ဟာ သေကြောင်းကြံစည်ဖို့တောင် လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီအပိုင်းကို (၁၉၅၆)ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားထဲ မှာ  နောက်ဆုံးအပိုင်း ဟုတ်/မဟုတ် အတော်လေး အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ Tom & Jerry ကို နာမည်အမျိုးမျိုးနဲ့ သိကြပါတယ်။ The Tom and Jerry Show, The Tom and Jerry Comedy Show, Tom and Jerry Kids, Tom and Jerry Tales စသဖြင့်ပါ။

Tom & Jerry ကာတွန်းတွေဟာ အော်စကာ(၇) ဆုရခဲ့ပြီး (၆) ကြိမ်ထက်မနည်း ဆန်ကာတင်အဖြစ် အရွေးခံခဲ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတွဲတွေဟာ (၁၉၄၀) ဖေဖော်ဝါရီလောက်က စခဲ့တာကြောင့် အသက်တွက်ကြည့်လိုက်ရင် အခုအချိန် (၇၈) နှစ်လောက် ရှိနေကြပြီ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Ref: unbelievable-facts

Comments are closed.