ဆယ်လီတွေနဲ့ သူတို့ရဲ့ ကိုယ်ပွားစတန့်သရုပ်ဆောင်များ

ဆယ်လီတွေနဲ့ သူတို့ရဲ့ ကိုယ်ပွားစတန့်သရုပ်ဆောင်များ























Source – brightside

[UNICODE FONT]

အရမ်းအန္တာရယ်များတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ တခြားမသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေမှာဆိုရင် ကိုယ်တိုင်သရုပ်မဆောင်ပဲ လူစားထိုးပြီး သရုပ်ဆောင်တာတွေ ရှိပါတယ်။ မင်းသား၊မင်းသမီးနေရာမှာ လူစားထိုးသရုပ်ဆောင်မယ့်သူကို ရွေးတဲ့အခါမှာ သူတို့နဲ့ အနီးစပ်ဆုံးတူတဲ့ သူတွေကို ရွေးတတ်ကြပါတယ်။ ကမ္ဘာကျော်ဆယ်လီတွေရဲ့ တစ်ချို့ဇာတ်ဝင်ခန်း တွေမှာ လူစားထိုး သရုပ်ဆောင်ပေးတဲ့ ကိုယ်ပွားစတန့် သရုပ်ဆောင်တွေ ရှိပါတယ်။ တစ်ချို့ဆိုရင် အမြွှာတွေလားလို့ တောင်ထင်ရပါတယ်။

1. Margot Robbie & Ingrid Kleinig

Margot Robbie  ကတော့ Harley Quinn ဇာတ်ကောင်နဲ့ ပရိသတ်တွေကြားမှာ လူသိများပါတယ်။ သူမရဲ့ စတန့် ဇာတ်ဝင်ခန်းတွေရဲ့ နေရာမှာတော့ အစားထိုး သရုပ်ဆောင်ပေးသူလေးကတော့ Ingrid Kleinig ပါ။ Suicide Squad ၊The Legend of Tarzan ၊  Kong: Skull Island, Ant-Man and the Wasp ၊The Hobbit ၊ American Horror Story …တို့မှာ Margot  ရဲ့ ကိုယ်ပွားအဖြစ်သူမက သရုပ်ဆောင်ပေးခဲ့တာပါ။

2. Chris Hemsworth & Bobby Holland Hanton

Chris Hemsworth နဲ့တူတဲ့ ကိုယ်ပွားရှာဖို့ ဆိုတာကတော့ တကယ်ကို မလွယ်လှပါဘူး။ဒါပေမယ့် Bobby Holland Hanton ကို ရှာတွေ့ခဲ့ပါတယ်။Chris လိုမျိုး Body တောင့်တောင့်ဖြောင့်ဖြောင့်မျိုး ကို ရွေး ရှာ ထားတာပါ။Bobby Holland Hanton ကတော့” Chris က အရင်ထဲက Body ကြီးတဲ့ သူ၊ပုံမှန်ကိုက ကျတော့် ထက် ပိုကြီးနေတာ။ဒါကြောင့်သူ့ကို အမှီလိုက်ဖို့ တစ်နေ့ နှစ်ကြိမ် လေ့ကျင့်ခန်းလုပ်ခဲ့ရတယ်..” လို့ ပြောခဲ့ပါတယ် ။Thor နဲ့ The Avengers ရုပ်ရှင်ကားတွေမှာ စတန့်ခန်းတွေမှာ ကိုယ်စားသရုပ်ဆောင်ပေးခဲ့ပါတယ်။

3. Dwayne Johnson & Tanoai Reed

Dwayne ‘The Rock’ Johnson ရဲ့ နေရာမှာတော့ Tanoai Reed က ကိုယ်ပွားအဖြစ် သရုပ်ဆောင်ပေး ခဲ့တဲ့ (၁၆)နှစ်လောက်ရှိပါပြီ။ရုပ်ရှင်ကားပေါင်း (၂၀) ကျော်လောက်အတူ လက်တွဲ လုပ်ခဲ့ဖူးပါတယ်။ Reed  ကတော့ World Stunt Awards ရဲ့ (၁၀)ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး (၃)ကြိမ်ဆုရခဲ့ပါတယ်။

4. Tom Hardy & Jacob Tomuri

Tom Hardy  ရဲ့ စတန့်ကိုယ်ပွားကတော့ Jacob Tomuri   ပါ။Mad Max: Fury Road …ဇာတ်ကားမှာ ကိုယ်စား သရုပ်ဆောင်ပေးခဲ့တာပါ။Hardy ကလည်း သူ့ရဲ့ ကိုယ်ပွားသရုပ်ဆောင်နဲ့ အတူ အမြဲတွဲပြီး ပုံတွေ တင်လေ့ရှိပါတယ်။

5. Michael Douglas & Mike Runyard

Dwayne Johnson နဲ့ သူ့ရဲ့ စတန့်ကိုယ်ပွားMike Runyard တို့ကတော့ လက်တွဲလာတာ (၂၆)နှစ်တောင် ကြာခဲ့ပါပြီ။အပြင်မှာလည်း အရင်းနှီးဆုံး သူငယ်ချင်းတွေလို့ သိရပါတယ်။

6. Scarlett Johansson & Heidi Moneymaker

Heidi Moneymaker  ကတော ကမ္ဘာ့အတော်ဆုံးစတန့်အမျိုးသမီးတွေထဲက တစ်ယောက်ပါ။ Captain America: Civil War (2016), Star Trek (2009) and The Avengers (2012)…အစရှိတဲ့ ဇာတ် ကားတွေထဲကသူမရဲ့ ပြောင်မြောက်လွန်းတဲ့စတန့်အကွက်တွေကြောင့်နာမည်ကြီးပါတယ်။ ဆိုင်ကယ်စီး၊ရေကူး၊ေ ယာဂ၊အပြေး..နယ်ပယ်အားလုံးမှာကို ထူးချွန်တာပါ။Scarlett Johansson ရဲ့ Black Widow ဇာတ်ကောင် အတွက် သရုပ်ဆောင်ပေးခဲ့သူပါ။

7. Gal Gadot & Caitlin Dechelle

Wonder Woman  ဇာတ်ကားရ့ နောက်ကွယ်က ပဲ့ကိုင်ရှင်လေးလို့ ပြောလို့ရပါတယ်။Caitlin Dechelle က ဇာတ်ကားထဲမှာ အန္တာရယ်များတဲ့ ဇာတ်ဝင်ခန်းတွေမှာ သူမက ကိုယ်စား သရုပ်ဆောင်ပေးခဲ့တာပါ။ training  တွေ နှစ် ပေါင်း(၂၀) လောက်လေ့လာသင်ယူခဲ့ပြီး ကိုယ်ခံပညာ(၃) မျိုးမှာ ခါးပတ်နက်တွေ ရထားသူပါ။

8. Keanu Reeves & Chad Stahelski

Keanu Reeves ရဲ့ ကိုယ်ပွားစတန့်မင်းသားကတော့ Chad Stahelski ပါ။

9. Mark Ruffalo & Anthony Molinari

Mark Ruffalo နဲ့ Anthony Molinari တို့ကတော့ အမြွှာညီအစ်ကို တွေ ရုပ်ချင်းဆင်ကြပါတယ်။TV shows တစ်ရာ ကျော်နဲ့ ဇာတ်ကားအများကြီးမှာ ကိုယ်ပွားသရုပ်ဆောင်ပေးခဲ့တာပါ။mmy Award, a Screen Actors Guild Award, နဲ့ 2 Taurus World Stunt Awards ဆု ရခဲ့သူပါ။

10. Andrew Garfield & William Spencer

William Spencer ကတော့ တကယ့်ကို အရည်အချင်းရှိတဲ့စကိတ်စီးသမားပါ။Spencer  ကတော့ stuntman တင်မဟုတ်ပဲ သူ့ရဲ့ ကိုယ်ပိုင် content ကို ရေးသားနေသူပါ။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Source – brightside

Comments are closed.