ကိုရီးယားမလေးနဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့ ကမ်းလှမ်းခံရတဲ့ ပိုင်တံခွန်

ကိုရီးယားမလေးနဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့ ကမ်းလှမ်းခံရတဲ့ ပိုင်တံခွန်







[UNICODE FONT]

လက်ရှိတက်သစ်စ မော်ဒယ်သရုပ်ဆောင်များတွင် နာမည် အကြီးဆုံးမော်ဒယ်များထဲတွင် ပါဝင်သော ပိုင်တံခွန်ကတော့ လက်ရှိမှာလည်း အနုပညာလုပ်ရှားမှုတွေ အဆက်မပြတ် လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ ယခုတစ်ခါမှာလည်း ပိုင်တံခွန်အနေနဲ့လည်း ကိုရီးယားမချောချောလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံထားရကြောင်း သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ပြည်တွင်း အနုပညာလှုပ်ရှားမှုတွေသာမက ပြည်ပအနုပညာလှုပ်ရှားမှုတွေလည်း လုပ်ကိုင်နေရတဲ့ မော်ဒယ်သရုပ်ဆောင်လည်း ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ ကိုရီးယားမင်းသမီးလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ပိုင်တံခွန်အနေနဲ့ ကမ်းလှမ်းခံရတယ်ဆိုတဲ့ သတင်းတွေကိုတော့ တချို့ကတော့ ပိုင်တံခွန်ရဲ့ ပရိသတ်တွေအနေနဲ့ စနောက်ကြတယ်လို့ ထင်နေတာကြောင့် ပိုင်တံခွန်ကတော့ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ဒီသတင်းဟာ မှန်ကန်ကြောင်း ရေးသားခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ “ကိုရီးယားမလေးနဲ့ ရိုက်ကူးဖို့ ကျွန်တော့်ကိုရုပ်ရှင်ကားကြီးတစ်ကား ကမ်းလှမ်းထားပါတယ်။ သူမရဲ့မြန်မာနာမည်က ခင်ကံ့ကော်တဲ့” ဆိုပြီးယင်းကိုရီးယားမလေးနဲ့ ဓါတ်ပုံကို တွဲပြီးတင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုင်တံခွန်ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်း ဖြစ်ခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ မော်ဒယ်လုပ်ရင်း လူသိများလာကာ လက်ရှိမှာတော့ မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံး မော်ဒယ်အဖြစ်ရပ်တည်နေရုံသာမက သရုပ်ဆောင်ဘက်ပိုင်းကိုပါ စလုပ်လာပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမန်းကျားဝိညာည်ဆိုတဲ့ ဗီဒီယို ဇာတ်လမ်းကို ရိုက်ကူးနေပါတယ်။ ထို့နောက် ထိုင်း၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက ကမ်းလှမ်းထားတဲ့ ကြော်ငြာတချို့ကိုလည်း လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။

ဒါကြောင့်ပိုင်တံခွန်ကို အားပေးနေကြတဲ့ ပရိသတ်တွေအနေနဲ့လည်း ကိုယ်ချစ်တဲ့ အနုပညာရှင်တစ်ယောက် ပြည်ပက မင်းသမီးချောလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတာကြောင့် အားပေးလိုက်ကြရအောင်ဗျာ။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.