စိတ်ကူးလေးထဲက မာယာချိုလေးကို ဝေးလံခေါင်ဖျား တဲ့ တောင်ပေါ်ဒေသကနေ လက်တွေ့ဘဝထဲ ခေါ်လာခဲ့ ပုံကို ဖော်ပြလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ
မောင် နဲ့ ရီရီပွင့်ဖြူ တို့ ချစ်သူနှစ်ဦးကတော့ တစ်ချိန်က အနုပညာနယ်ပယ်မှာ အောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝ ရရှိထားခဲ့တဲ့ သူတွေပဲဖြစ်ပါတယ်။ ကိုယ်စီပရိသတ်တွေရရှိထားတဲ့ သူတို့နှစ်ဦးဟာ ယခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေထက် ကိုယ် ပိုင်စီးပွားရေး လုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အမြဲနားလည်သလို ကာလရှည် တွဲလာတဲ့ ချစ်သူစုံတွဲတွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားကျနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ မောင်နဲ့ရီရီပွင့်ဖြူ တို့ ချစ်သူနှစ်ဦးဟာ မကြာခင်မှာ နှစ်ဦးသဘောတူ လက်ထက်တော့မယ်လို့လည်း ချစ် တဲ့ ပရိသတ်တွေကို တရားဝင်အသိပေးခဲ့ပါတယ်။ ဒါ့အပြင် Goal သေး​သေး​လေး​တွေကို အများကြီး ထားတတ် သူတို့ချစ်သူနှစ်ဦးက မကြာသေးခင်ကပဲ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း မာယာချိုလေးလို့ အမည်ပေးထားတဲ့ ခွေးလေးကိုလည်း ဝေးလံခေါင်ဖျားတဲ့ နေရာကနေ ခေါ်ယူမွေးစားခဲ့ပါတယ်။
ချစ်သူနှစ်ဦးရဲ့ ဖြစ်ချင်တဲ့လေးစိတ်ကူးထဲက​နေ တကယ့် လက်တွေ့ ဘဝထဲ​ကိုရောက်လာခဲ့တဲ့ မာယာချိုလေးကြောင့် နှစ်ယောက်လုံးက တကယ့်ကို ပျော်ရွှင်​နေကြတာ ဖြစ်ပါတယ်။ ယခုမှာလည်း သူတို့နှစ်ဦး အရမ်းချစ်ရတဲ့ မာယာချိုလေးဟာ လက်တွေ့ဘဝထဲ ရောက်လာ ဖြစ်ပုံကို Vlog ရိုက်ကူးပြီး တင်ပေးလာခဲ့ပါတယ်။ ဒီ Vlog လေးကို ကြည့်ပြီး ခွေးချစ်ကြတဲ့ ပရိသတ်တွေလည်း ထပ်တူပျော်ရွှင်ပြီး နား လည်ကြပါလိမ့်မယ်လို့ ထင်မိပါတယ်။
သတင်းအရင်းအမြစ်៖ Source – Sein Phyo & Yi Yi
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*