ရုပ္က်သြားတယ္လို႔ ေဝဖန္ေနတဲ႔ အေပၚ ထြန္းထြန္းရဲ႕ အျမင္

ရုပ္က်သြားတယ္လို႔ ေဝဖန္ေနတဲ႔ အေပၚ ထြန္းထြန္းရဲ႕ အျမင္

Examplez အဖြဲ႕ကေန တက္လွမ္းလာခဲ့တဲ့ ထြန္းထြန္းက ယေန႕အခ်ိန္ထိ နာမည္မက်ေသးဘဲ ရပ္တည္မႈတစ္ခုကို ဆက္လက္ထိန္းသိမ္းလာတာ ျဖစ္ပါတယ္။ အုတ္ၾကားျမက္ေပါက္ ရုပ္ရွင္ကားၾကီးနဲ႕ အကယ္ဒမီဆုကို ထိုက္ထုိက္တန္တန္ ဆြတ္ခူးခဲ့တဲ့ ထြန္းထြန္းအတြက္ ပရိသတ္ေတြကလည္း ဝမ္းသာၾကပါတယ္။ ဟိုးအရင္က ဇာတ္ကားေတြမွာ သရုပ္ေဆာင္မပီျပင္တာေတြ ရွိေကာင္းရွိခဲ့ႏိုင္ေပမဲ့ လက္ရွိမွာေတာ့ ထြန္းထြန္းက သ႑ာန္လုပ္ သရုပ္တူ အေကာင္းဆံုး သရုပ္ေဆာင္ ေနႏိုင္ပါျပီ။

သဘာဝဇာတ္ရုပ္ေတြပဲ ကမ္းလွမ္းလာတဲ့အတြက္ ကာရိုက္တာအတြက္ ျပင္ဆင္ေနရပံုကို ထြန္းထြန္းက ခုလို ေျပာျပသြားပါတယ္။“အဓိကကေလ ျပီးခဲ့တဲဲ့ တစ္ႏွစ္လံုးမွာ ကၽြန္ေတာ့္ကို လာျပီး ကမ္းလွမ္းတဲ့ ကာရိုက္တာေတြက ေတာ္ေတာ္ေလးကို ၾကြယ္ဝခ်မ္းသာတဲ့ အသိုင္းအဝိုင္း မဟုတ္ဘဲ သဘာဝ ဆန္ဆန္ ဇာတ္ရုပ္ေတြကို ကမ္းလွမ္းၾကတယ္။ အဲ့အေပၚမွာ ကၽြန္ေတာ္ ျပင္ဆင္ေနတယ္။ ႏႈတ္ခမ္းေမႊးေတြဆိုလည္း ထားရတဲ့ အခါမ်ိဳးမွာ ရွိတယ္။ ကိုယ့္ဟာနဲ႕ကိုယ္ အျပင္သြားရင္ေတာင္ ကိုယ္မွန္း ဘယ္သူမွ မသိၾကဘူး။

ေဘာ္ဒီဝိတ္နဲ႕ ပတ္သက္ျပီး ကၽြန္ေတာ္ ရည္မွန္းထားတဲ့ ကားေလးရွိတယ္။ အဲ့အတြက္ ကၽြန္ေတာ္ ျပင္ဆင္ေနတယ္ေပါ့ေနာ္။ တစ္ခ်ိဳ႕ ပရိသတ္ေတြက ကၽြန္ေတ္ာ မ်က္ႏွာ အရမ္းက်သြားတယ္။ မဟုတ္တာေတြ လုပ္ေနတယ္ေပါ့။ က်န္းမာေရးမေကာင္းဘူး ေဆးခ်ေနတယ္ဆိုျပီး ေျပာေနတာေတြက တစ္ခုမွ မဟုတ္ပါဘူး။ က်န္းမာေရးလည္း အရမ္းေကာင္းပါတယ္။ ဇာတ္ကားရိုက္ဖို႕အတြက္ အဓိကထား ျပင္ဆင္ေနတဲ့ အခိုက္အတန္႕ပါလို႕။” ဆိုျပီး ေျပာျပသြားပါတယ္။

ဇာတ္ေကာင္နဲ႕ လံုးဝတူေအာင္ အပင္ပန္းခံ ျပင္ဆင္ရပံုကို ထြန္းထြန္းက ခုလို ေျပာသြားပါတယ္။“ရုပ္ရွင္တစ္ကားက ၾကည့္ေတာ့သာ ဘာမွ မဟုတ္တာ။ ျပင္ဆင္ရတဲ့ အပိုင္းေတြ အမ်ားၾကီး ရွိပါတယ္လို႕။ တစ္ခ်ိဳ႕ဇာတ္ကားေတြအတြက္ ကၽြန္ေတာ္ ျပင္ဆင္တဲ့အခါ အသားေတြ ညိဳေအာင္လုိ႕ ေနပူထဲမွာ ကၽြန္ေတာ္ အၾကာၾကီး ထိုင္ခဲ့ဖူးတယ္။ အညိဳလိမ္းတာ အားမရလို႕။ တစ္ခ်ိဳ႕ ကာရိုက္တာ က်ေတာ့လည္း ကၽြန္ေတာ့္ ရုပ္မဟုတ္ဘဲ တစ္ျခားသူၾကီး ျဖစ္ေအာင္ ၾကိဳးစားေနတာဆိုေတာ့ ဒီလို ျပင္ဆင္မႈမ်ိဳးက လိုအပ္တယ္ဗ်။” လို႕ ဆိုပါတယ္။

မုန္းစြဲမွာ မေအးေသာင္းရဲ႕ ကာရိုက္တာကို ရင္မွာစြဲထင္သြားေၾကာင္း ထြန္းထြန္းက ခုလို ခ်ီးက်ဴးသြားပါတယ္။“မုန္းစြဲကား သြားၾကည့္ေတာ့ အဓိကက ေနမင္းေအာင္ကို လြမ္းတာေပါ့ေနာ္။ တစ္ျခား ကာရိုက္တာေတြ အကုန္လံုး ျပင္ဆင္ထားတာ အရမ္းေကာင္းတယ္။ အဲ့မွာ မေအးေသာင္းရဲ႕ ဇာတ္ရုပ္ကို ကၽြန္ေတာ္ ၾကိဳက္တယ္။ အားလံုး ၾကည့္ျပီးခ်ိန္မွာ ကၽြန္ေတာ္ စြဲက်န္ခဲ့တာက သူ႕ရဲ႕ ဇာတ္ရုပ္ေပ့ါေနာ္။ ကိုၾကံ႕လည္း အရမ္းေကာင္းတယ္။ ရူးသြပ္မႈေတြ အမ်ားၾကီးပါတဲ့ ကားတစ္ကားကို သြားၾကည့္လိုက္ရတာ တန္တယ္။ ကၽြန္ေတာ့္ရင္ထဲမွာေတာ့ မေအးေသာင္းရဲ႕ ကာရိုက္တာက စြဲထင္က်န္ခဲ့တယ္။” ဆိုျပီး ေျပာသြားပါတယ္။

ရံုတင္ကားေတြမ်ားလာဖို႕ ေမွ်ာ္လင့္သလို သဘာဝအဆန္ဆံုး အေကာင္းဆံုး ျဖစ္ေအာင္ ၾကိဳးစားသြားမယ္ဆိုတာကိုလည္း ထြန္းထြန္းက ကတိေပးသြားပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

Examplez အဖွဲ့ကနေ တက်လှမ်းလာခဲ့တဲ့ ထွန်းထွန်းက ယနေ့အချိန်ထိ နာမည်မကျသေးဘဲ ရပ်တည်မှုတစ်ခုကို ဆက်လက်ထိန်းသိမ်းလာတာ ဖြစ်ပါတယ်။ အုတ်ကြားမြက်ပေါက် ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တဲ့ ထွန်းထွန်းအတွက် ပရိသတ်တွေကလည်း ဝမ်းသာကြပါတယ်။ ဟိုးအရင်က ဇာတ်ကားတွေမှာ သရုပ်ဆောင်မပီပြင်တာတွေ ရှိကောင်းရှိခဲ့နိုင်ပေမဲ့ လက်ရှိမှာတော့ ထွန်းထွန်းက သဏ္ဍာန်လုပ် သရုပ်တူ အကောင်းဆုံး သရုပ်ဆောင် နေနိုင်ပါပြီ။

သဘာဝဇာတ်ရုပ်တွေပဲ ကမ်းလှမ်းလာတဲ့အတွက် ကာရိုက်တာအတွက် ပြင်ဆင်နေရပုံကို ထွန်းထွန်းက ခုလို ပြောပြသွားပါတယ်။“အဓိကကလေ ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ ကျွန်တော့်ကို လာပြီး ကမ်းလှမ်းတဲ့ ကာရိုက်တာတွေက တော်တော်လေးကို ကြွယ်ဝချမ်းသာတဲ့ အသိုင်းအဝိုင်း မဟုတ်ဘဲ သဘာဝ ဆန်ဆန် ဇာတ်ရုပ်တွေကို ကမ်းလှမ်းကြတယ်။ အဲ့အပေါ်မှာ ကျွန်တော် ပြင်ဆင်နေတယ်။ နှုတ်ခမ်းမွှေးတွေဆိုလည်း ထားရတဲ့ အခါမျိုးမှာ ရှိတယ်။ ကိုယ့်ဟာနဲ့ကိုယ် အပြင်သွားရင်တောင် ကိုယ်မှန်း ဘယ်သူမှ မသိကြဘူး။

ဘော်ဒီဝိတ်နဲ့ ပတ်သက်ပြီး ကျွန်တော် ရည်မှန်းထားတဲ့ ကားလေးရှိတယ်။ အဲ့အတွက် ကျွန်တော် ပြင်ဆင်နေတယ်ပေါ့နော်။ တစ်ချို့ ပရိသတ်တွေက ကျွန်တေ်ာ မျက်နှာ အရမ်းကျသွားတယ်။ မဟုတ်တာတွေ လုပ်နေတယ်ပေါ့။ ကျန်းမာရေးမကောင်းဘူး ဆေးချနေတယ်ဆိုပြီး ပြောနေတာတွေက တစ်ခုမှ မဟုတ်ပါဘူး။ ကျန်းမာရေးလည်း အရမ်းကောင်းပါတယ်။ ဇာတ်ကားရိုက်ဖို့အတွက် အဓိကထား ပြင်ဆင်နေတဲ့ အခိုက်အတန့်ပါလို့။” ဆိုပြီး ပြောပြသွားပါတယ်။

ဇာတ်ကောင်နဲ့ လုံးဝတူအောင် အပင်ပန်းခံ ပြင်ဆင်ရပုံကို ထွန်းထွန်းက ခုလို ပြောသွားပါတယ်။“ရုပ်ရှင်တစ်ကားက ကြည့်တော့သာ ဘာမှ မဟုတ်တာ။ ပြင်ဆင်ရတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်လို့။ တစ်ချို့ဇာတ်ကားတွေအတွက် ကျွန်တော် ပြင်ဆင်တဲ့အခါ အသားတွေ ညိုအောင်လို့ နေပူထဲမှာ ကျွန်တော် အကြာကြီး ထိုင်ခဲ့ဖူးတယ်။ အညိုလိမ်းတာ အားမရလို့။ တစ်ချို့ ကာရိုက်တာ ကျတော့လည်း ကျွန်တော့် ရုပ်မဟုတ်ဘဲ တစ်ခြားသူကြီး ဖြစ်အောင် ကြိုးစားနေတာဆိုတော့ ဒီလို ပြင်ဆင်မှုမျိုးက လိုအပ်တယ်ဗျ။” လို့ ဆိုပါတယ်။

မုန်းစွဲမှာ မအေးသောင်းရဲ့ ကာရိုက်တာကို ရင်မှာစွဲထင်သွားကြောင်း ထွန်းထွန်းက ခုလို ချီးကျူးသွားပါတယ်။“မုန်းစွဲကား သွားကြည့်တော့ အဓိကက နေမင်းအောင်ကို လွမ်းတာပေါ့နော်။ တစ်ခြား ကာရိုက်တာတွေ အကုန်လုံး ပြင်ဆင်ထားတာ အရမ်းကောင်းတယ်။ အဲ့မှာ မအေးသောင်းရဲ့ ဇာတ်ရုပ်ကို ကျွန်တော် ကြိုက်တယ်။ အားလုံး ကြည့်ပြီးချိန်မှာ ကျွန်တော် စွဲကျန်ခဲ့တာက သူ့ရဲ့ ဇာတ်ရုပ်ပေ့ါနော်။ ကိုကြံ့လည်း အရမ်းကောင်းတယ်။ ရူးသွပ်မှုတွေ အများကြီးပါတဲ့ ကားတစ်ကားကို သွားကြည့်လိုက်ရတာ တန်တယ်။ ကျွန်တော့်ရင်ထဲမှာတော့ မအေးသောင်းရဲ့ ကာရိုက်တာက စွဲထင်ကျန်ခဲ့တယ်။” ဆိုပြီး ပြောသွားပါတယ်။

ရုံတင်ကားတွေများလာဖို့ မျှော်လင့်သလို သဘာဝအဆန်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်ဆိုတာကိုလည်း ထွန်းထွန်းက ကတိပေးသွားပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.