ေခြတေခြထြက္ဖို႔ ခက္ခက္ခဲခဲ ၾကိဳးစားခဲ့ရတဲ့ ေတဇ MC

ေခြတေခြထြက္ဖို႔ ခက္ခက္ခဲခဲ ၾကိဳးစားခဲ့ရတဲ့ ေတဇ MC

ျပီးခဲ့တဲ့ႏွစ္ေတြတုန္းက အဆိုေတာ္ေရႊထူး၊ အိုေအစစ္၊ အစရွိတဲ့ လူငယ္အဆိုေတာ္ ေတာ္ေတာ္မ်ားမ်ားနဲ႔ သီခ်င္းေကာင္းေတြ တခါထဲ ထြက္ခဲ့တဲ့ အဆိုေတာ္ ေတဇကေတာ့ လက္ရွိမွာ သူ႔ရဲ့ တကုိယ္ေတာ္အေခြေလး ထြက္လာေတာ့မွာ ျဖစ္ပါတယ္။ သူကေတာ့ ၾကားထဲမွာ သီခ်င္းဆိုတာေတြကို ခဏရပ္နားခဲ့ျပီး ပရိသတ္ေတြ ေရွ႔ကေပ်ာက္သြားတာေၾကာင့္ ေမ့ေလ်ာ့ခံေနရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ယခုတဖန္ျပန္လည္ေပၚလာျပီး ပရိသတ္ၾကီးအတြက္ သီခ်င္းေကာင္းေတြပါတဲ့ အေခြေလးတေခြကို အေရာက္ပို႔ေပးေတာ့မွာ ျဖစ္ပါတယ္။

ေတဇ MC ကေတာ့ MC7 နဲ႔ အင္တာဗ်ဴးတြင္ “အခု ၁ လပိုင္း ၁၉ ရက္ေန႔က်ရင္ တကိုယ္ေတာ္ ေခြေလး ထြက္ပါမယ္။ ေက်းဇူးပဲ လို႔ အမည္ေပးထားပါတယ္။ ေတးေရးေတြကေတာ့ ကိုယ္ဆိုတဲ့အပိုင္း ကိုယ္ေရးၾကတာပါပဲ။ ကိုဟဲေလး၊ ကိုသားၾကီး၊ ေရႊထူး၊ လူေခတ္၊ ပေစာက္ပါတယ္၊ Glock ပါတယ္၊ ေဇာ္ခြန္းပါတယ္၊ အလံုး၊ ဝိုင္းေလးပါတယ္။ အားလံုး ၉ ေယာက္ပါပါတယ္။ သီခ်င္းကေတာ့ ၁၅ ပုဒ္ပါပါမယ္။ အေၾကာင္းရာကေတာ့ မ်ိဳးစံုပါပါတယ္။ ကိုယ္ၾကံဳေနရတဲ့အရာေလးေတြေပါ့”

“ကြ်န္ေတာ္ေပါက္ခဲ့တဲ့ သီခ်င္းေတြလိုမ်ိဳးေတာ့ ကြ်န္ေတာ္ျပန္ထည့္ထားတယ္။ အဲ့လိုအေၾကာင္းရာေလးေတြပဲ မ်ားပါတယ္။ အခ်ိန္ကေတာ့ ေတာ္ေတာ္ယူရတယ္။ ကြ်န္ေတာ္က အစတုန္းက လြန္ခဲ့တဲ့ ၂၀၁၆ ေလာက္ကတည္းက ထြက္မယ္လို႔စဥ္းစားထားခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနာက္က်သြားတယ္။ ကြ်န္ေတာ့္တကိုယ္ေတာ္ ေခြအတြက ၄ ႏွစ္ေလာက္ အခ်ိန္ယူလိုက္ရပါတယ္။ အရင္ကေတာ့ group ေခြေလး တေခြထြက္ခဲ့ပါတယ္။ အဲ့တုန္းက ခံစားခ်က္ထက္ အခု တကုိယ္ေတာ္ေခြ ထြက္ေတာ့မယ္ဆိုတဲ့ ခံစားခ်က္ကေတာ့ ပုိျပီးေတာ့ စိတ္လႈပ္ရွားတာေပါ့။ ၃ ေယာက္တြဲဆိုေတာ့ ပရိသတ္ေတြ အားေပးၾကေတာ့ ဘယ္သူက ဘယ္သူ႔ပရိသတ္လည္း ဆိုတာကို မသိဘူးေပါ့။ အခုကေတာ့ တေယာက္ထဲဆိုေတာ့ ရွင္းရွင္းလင္းလင္း သိရမယ္။

အဲ့လိုအေနအထားက်ေတာ့ ပြဲကေရာ လူလာပါ့မလား။ ေခြကေရာ ေရာင္းရပါ့မလားေပါ့။ ေခတ္ၾကီးက နည္းနည္းပ်က္ေနေတာ့ေလ။ ကိုယ့္ကိုကိုယ္ေတာ့ စိုးရိမ္မိတာေပါ့။ ဒါေပမယ့္လည္း ေၾကာင္ေနရင္ ဘာမွျဖစ္မွာ မဟုတ္တာေၾကာင့္ နည္းနည္း အရဲစြန္႔ျပီးမွ ထြက္ၾကည့္လိုက္ပါ”

“ၾကားထဲမွာလည္း ကြ်န္ေတာ္က ေပ်ာက္သြားတာလည္းေတာ္ေတာ္ၾကာတယ္ေလ။ ေပ်ာက္သြားတာဆိုတာကလည္း သီခ်င္းေတြေတာ့ လုပ္ျဖစ္ပါတယ္။ လုပ္ျဖစ္တဲ့သီခ်င္းေတြကေတာ့ ေခတ္ေနာက္လုိက္တဲ့ ပံုေလးေတြမ်ားပါတယ္။ ေခြထဲမွာလည္း အဲ့လိုေလးေတြ ထည့္ထားပါတယ္။ ကြ်န္ေတာ့္ကို အားေပးတဲ့ ပရိသတ္ေတြကလည္း ေခြဘယ္ေတာ့ထြက္မွာလည္း အရင္တုန္းက သီခ်င္းေတြကို ပိုၾကိဳက္တယ္။ အခုေနာက္ပိုင္းထြက္တဲ့ သီခ်င္းေတြက တမ်ိဳးၾကီးပဲေပါ့။ အဲ့လိုမ်ိဳးေတြေၾကာင့္ အရင္တုန္းက ပံုစံေလးေတြကို ပိုထည့္ထားပါတယ္”

“ရည္ရြယ္ခ်က္ကေတာ့ ဘာျဖစ္မလဲဆိုေတာ့ ကြ်န္ေတာ့္ရဲ့ ပရိသတ္ေတြ အတြက္ေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ၾကားထဲမွာ ကြ်န္ေတာ္တို႔နဲ႔ တူတူတြဲလုပ္ခဲ့တ့ဲ အဆိုေတာ္ေတြ အားလံုးနာမည္ၾကီးကုန္ျပီဗ်ာ။ သူတို႔အလုပ္ၾကိဳးစားတာေတြလည္း ပါပါတယ္။ သူတို႔ကေတာ္တယ္။ အခ်ိန္ေပးျပီးလုပ္ရေတာ့ သူတို႔ေအာင္ျမင္သြားတယ္။ ကုိယ္ကေတာ့ သူတို႔ေနာက္က လုိုက္ရတဲ့လူလို ပံုစံေလးေတာ့ ျဖစ္သြားတာေပါ့။ ေရာင္းရရ မေရာင္းရရ ပရိသတ္ေတြအတြက္ တာဝန္မေက်သလို ခံစားရတာကေန ဒီေခြေလးက တာဝန္နည္းနည္းေက်ေစတာေပါ့ေနာ္။ အဆိုေတာ္ၾကီးေတြေတာင္ ေခြေတြက အရံႈးေပၚေသးတာပဲေလ။ ျပီးေတာ့ သားေတြ သမီးေတြ ေမြးလာရင္ မွတ္တိုင္ေလး တခုေတ့ာ ေျပာျပလို႔ရတာေပါ့” ဟု ေျပာၾကားသြားခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ပြီးခဲ့တဲ့နှစ်တွေတုန်းက အဆိုတော်ရွှေထူး၊ အိုအေစစ်၊ အစရှိတဲ့ လူငယ်အဆိုတော် တော်တော်များများနဲ့ သီချင်းကောင်းတွေ တခါထဲ ထွက်ခဲ့တဲ့ အဆိုတော် တေဇကတော့ လက်ရှိမှာ သူ့ရဲ့ တကိုယ်တော်အခွေလေး ထွက်လာတော့မှာ ဖြစ်ပါတယ်။ သူကတော့ ကြားထဲမှာ သီချင်းဆိုတာတွေကို ခဏရပ်နားခဲ့ပြီး ပရိသတ်တွေ ရှေ့ကပျောက်သွားတာကြောင့် မေ့လျော့ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုတဖန်ပြန်လည်ပေါ်လာပြီး ပရိသတ်ကြီးအတွက် သီချင်းကောင်းတွေပါတဲ့ အခွေလေးတခွေကို အရောက်ပို့ပေးတော့မှာ ဖြစ်ပါတယ်။

တေဇ MC ကတော့ MC7 နဲ့ အင်တာဗျူးတွင် “အခု ၁ လပိုင်း ၁၉ ရက်နေ့ကျရင် တကိုယ်တော် ခွေလေး ထွက်ပါမယ်။ ကျေးဇူးပဲ လို့ အမည်ပေးထားပါတယ်။ တေးရေးတွေကတော့ ကိုယ်ဆိုတဲ့အပိုင်း ကိုယ်ရေးကြတာပါပဲ။ ကိုဟဲလေး၊ ကိုသားကြီး၊ ရွှေထူး၊ လူခေတ်၊ ပစောက်ပါတယ်၊ Glock ပါတယ်၊ ဇော်ခွန်းပါတယ်၊ အလုံး၊ ဝိုင်းလေးပါတယ်။ အားလုံး ၉ ယောက်ပါပါတယ်။ သီချင်းကတော့ ၁၅ ပုဒ်ပါပါမယ်။ အကြောင်းရာကတော့ မျိုးစုံပါပါတယ်။ ကိုယ်ကြုံနေရတဲ့အရာလေးတွေပေါ့”

“ကျွန်တော်ပေါက်ခဲ့တဲ့ သီချင်းတွေလိုမျိုးတော့ ကျွန်တော်ပြန်ထည့်ထားတယ်။ အဲ့လိုအကြောင်းရာလေးတွေပဲ များပါတယ်။ အချိန်ကတော့ တော်တော်ယူရတယ်။ ကျွန်တော်က အစတုန်းက လွန်ခဲ့တဲ့ ၂၀၁၆ လောက်ကတည်းက ထွက်မယ်လို့စဉ်းစားထားခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားတယ်။ ကျွန်တော့်တကိုယ်တော် ခွေအတွက ၄ နှစ်လောက် အချိန်ယူလိုက်ရပါတယ်။ အရင်ကတော့ group ခွေလေး တခွေထွက်ခဲ့ပါတယ်။ အဲ့တုန်းက ခံစားချက်ထက် အခု တကိုယ်တော်ခွေ ထွက်တော့မယ်ဆိုတဲ့ ခံစားချက်ကတော့ ပိုပြီးတော့ စိတ်လှုပ်ရှားတာပေါ့။ ၃ ယောက်တွဲဆိုတော့ ပရိသတ်တွေ အားပေးကြတော့ ဘယ်သူက ဘယ်သူ့ပရိသတ်လည်း ဆိုတာကို မသိဘူးပေါ့။ အခုကတော့ တယောက်ထဲဆိုတော့ ရှင်းရှင်းလင်းလင်း သိရမယ်။

အဲ့လိုအနေအထားကျတော့ ပွဲကရော လူလာပါ့မလား။ ခွေကရော ရောင်းရပါ့မလားပေါ့။ ခေတ်ကြီးက နည်းနည်းပျက်နေတော့လေ။ ကိုယ့်ကိုကိုယ်တော့ စိုးရိမ်မိတာပေါ့။ ဒါပေမယ့်လည်း ကြောင်နေရင် ဘာမှဖြစ်မှာ မဟုတ်တာကြောင့် နည်းနည်း အရဲစွန့်ပြီးမှ ထွက်ကြည့်လိုက်ပါ”

“ကြားထဲမှာလည်း ကျွန်တော်က ပျောက်သွားတာလည်းတော်တော်ကြာတယ်လေ။ ပျောက်သွားတာဆိုတာကလည်း သီချင်းတွေတော့ လုပ်ဖြစ်ပါတယ်။ လုပ်ဖြစ်တဲ့သီချင်းတွေကတော့ ခေတ်နောက်လိုက်တဲ့ ပုံလေးတွေများပါတယ်။ ခွေထဲမှာလည်း အဲ့လိုလေးတွေ ထည့်ထားပါတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကလည်း ခွေဘယ်တော့ထွက်မှာလည်း အရင်တုန်းက သီချင်းတွေကို ပိုကြိုက်တယ်။ အခုနောက်ပိုင်းထွက်တဲ့ သီချင်းတွေက တမျိုးကြီးပဲပေါ့။ အဲ့လိုမျိုးတွေကြောင့် အရင်တုန်းက ပုံစံလေးတွေကို ပိုထည့်ထားပါတယ်”

“ရည်ရွယ်ချက်ကတော့ ဘာဖြစ်မလဲဆိုတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေ အတွက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ကြားထဲမှာ ကျွန်တော်တို့နဲ့ တူတူတွဲလုပ်ခဲ့တဲ့ အဆိုတော်တွေ အားလုံးနာမည်ကြီးကုန်ပြီဗျာ။ သူတို့အလုပ်ကြိုးစားတာတွေလည်း ပါပါတယ်။ သူတို့ကတော်တယ်။ အချိန်ပေးပြီးလုပ်ရတော့ သူတို့အောင်မြင်သွားတယ်။ ကိုယ်ကတော့ သူတို့နောက်က လိုက်ရတဲ့လူလို ပုံစံလေးတော့ ဖြစ်သွားတာပေါ့။ ရောင်းရရ မရောင်းရရ ပရိသတ်တွေအတွက် တာဝန်မကျေသလို ခံစားရတာကနေ ဒီခွေလေးက တာဝန်နည်းနည်းကျေစေတာပေါ့နော်။ အဆိုတော်ကြီးတွေတောင် ခွေတွေက အရှုံးပေါ်သေးတာပဲလေ။ ပြီးတော့ သားတွေ သမီးတွေ မွေးလာရင် မှတ်တိုင်လေး တခုတေ့ာ ပြောပြလို့ရတာပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.