သားလေးအပေါ် အစ်ကိုဖြစ်သူ “ရေမွန်” ပြောခဲ့တဲ့ စကားလေးတွေကို (၅) လပြည့်နေ့လေးမှာ ပြန်လည် မျှဝေလာတဲ့ လပြည့်ကဗျာ

ဂီတလောကမှာ သီချင်းကောင်းတွေများစွာ ထွက်ရှိထားပြီး ပြည်သူတွေရဲ့ တခဲနက်အားပေးမှုတွေကို ရရှိထားခဲ့တဲ့အဆိုတော်ရေမွန်ကွယ်လွန်သွားတာ မနေ့ကဆိုရင် (၅)လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ 

ကိုယ်ပိုင်အရည်အချင်းတွေနဲ့ Idiots အဖွဲ့ရဲ့ ပင်တိုင်အဆိုတော်အဖြစ် အောင်မြင်မှုတွေ များစွာရရှိထားပြီး သူ့ရဲ့သီချင်းတိုင်းကလည်း လူငယ်တွေကြားရေပန်းစားခဲ့တာမို့ ပရိသတ်တွေက နှမြောတသနဲ့ စိတ်မကောင်းဖြစ်နေကြရတာလည်း ဖြစ်ပါတယ်။

ကွယ်လွန်သွားတာ (၅) လတင်းတင်းရှိခဲ့ပြီဖြစ်ပေမယ့် သူ့ကိုချစ်ကြတဲ့သူတွေရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်းရှင်သန်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ရေမွန်ရဲ့အမေ ဒေါ်ခင်မြတ်မွန်နဲ့ ညီမဖြစ်သူ လပြည့်ကဗျာတို့က ရေမွန်အပေါ် အရမ်းသတိရနေပြီး ရေမွန်နဲ့ပက်သတ်တဲ့အကြောင်းအရာတွေကိုလည်း ပရိသတ်တွေဆီဝေမျှပေးလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း လပြည့်ကဗျာက သူမရဲ့သားလေးကို အရမ်းချစ်တဲ့ ရေမွန်အကြောင်းကို ပြောလာပါတယ်။

” ‘ဟျောင့် ပိုပိုး မင်းလူပျို အရွယ်ရောက်လာရင်

Advertisement

 ငါနဲ့ ဘီယာလိုက်သောက် မင်းအမေကိုထားခ့ဲ

 အေး တခုတော့ရှိတယ်…

 ငါပြောသလိုလုပ် ငါလုပ်သလိုတော့ မလုပ်နဲ့ 

 မင်းကြီးလာတ့ဲအခါဆိုရင် ငါလဲအဖော်ရပီ 

Advertisement

 မင်း Rocker လုပ်မယ်မလား

 လုပ်မယ်ဆို အခုထဲက Modern Rock နားထောင်…’

Nov26/2020 ” ဆိုပြီး  ရေမွန် ပြောခဲ့တဲ့ စကားလေးတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*