စည်းနဲ့ဘောင်နဲ့နေခဲ့တဲ့ မိန်းမမို့ အထိန်းအကွပ်နဲ့ထားတာကို အရမ်းသဘောကျတယ် ဆိုတဲ့ ရွှေမှုန်ရတီ

စည်းနဲ့ဘောင်နဲ့နေခဲ့တဲ့ မိန်းမမို့ အထိန်းအကွပ်နဲ့ထားတာကို အရမ်းသဘောကျတယ် ဆိုတဲ့ ရွှေမှုန်ရတီ

သရုပ်ဆောင်ရွှေမှုန်ရတီကတော့ ခင်ပွန်းသည်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေလက်တွဲခဲ့ကြတာ (၂) လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ မိဘတွေနဲ့ သဘောထားချင်းမတိုက်ဆိုင်ခဲ့ကြပေမယ့် နှစ်ဦးသား ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ဘဝကိုတည်ဆောက်ထားခဲ့ကြတာပါ။ ရွှေမှုန်ရတီဟာ ယခုချိန်ထိတော့ မိခင်နဲ့ပြန်လည်အဆင်ပြေခြင်းမရှိသေးဘူးလို့သိရပါတယ်။ သူမကတော့ ဘဝကို အထိန်းအကွပ်နဲ့နေနေရတာကို ပိုပြီးသဘောကျနှစ်သက်သူတစ်ယောက်ပါ။

“အစတည်းက ကိုယ်က မလွတ်လပ်ချင်ဘူး။ စည်းနဲ့ ဘောင်နဲ့ နေခဲ့တဲ့ မိန်းမတယောက်ဆိုတော့ အဲဒီလို လွတ်လွတ်လပ်လပ်လည်း မနေချင်ဘူး။ ကိုယ့်ကို အထိန်းအကွပ်နဲ့ ထားတာ အရမ်းသဘောကျတယ်။ မိဘရဲ့ အုပ်ထိန်းမှုအောက်ပြီးတော့ အခု ယောက်ျားရဲ့ အုပ်ထိန်းမှုအောင်ပေါ့။ ကြိုက်တယ်” လို့ သူမရဲ့ခံယူချက်အပေါ် ပွင့်ပွင့်လင်းလင်းပြောပြလာတာဖြစ်ပါတယ်။

ရွှေမှုန်ရတီဟာ အိမ်ထောင်မှုနိုင်နင်းတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပြီးတော့ အိမ်မှုကိစ္စကျွမ်းကျင်မှုအတတ်ပညာတွေကိုတော့ မိခင်ဖြစ်သူဆီကနေ ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အိမ်ထောင်ကျသွားပြီဖြစ်တာကြောင့် အလုပ်နဲ့ ခင်ပွန်းသည်အတွက် မျှတအောင် အချိန်တွေပေးဖြစ်နေတဲ့အကြောင်းပြောပြလာပါတယ်။

” အနုပညာအလုပ်တွေက ကျဲတော့ကျဲတယ် ဘာလို့လဲဆိုတော့ ကိုယ့်ယောက်ကျားကိုလည်း အချိန်ပေးရဦးမှာမို့လေ။ အလုပ်တွေလုပ်ချင်တိုင်းဇွတ်လုပ်လို့တော့ဘယ်ရမလဲ။ ၂၀၁၈ အတွက် အကြီးမားဆုံးအပြောင်းအလဲကတော့ ယောက်ကျားရသွားတယ်” လို့ ခင်ပွန်းသည်ကိုအချိန်ပေးဖြစ်နေတဲ့အကြောင်းလေးပြောပြထားတာပါ။

ရွှေနှစ်ရွှေကတော့ အိမ်ထောင်ကျပြီးမှ တစ်ယောက်နဲ့တစ်ယောက်အရင်ကထက်ပိုချစ်လာကြသလိုပဲနော်။ ရွှေထူးကတော့ မကြာသေးခင်က City FM ကပေးတဲ့ တစ်နှစ်တာလုံးအတွက် ပရိသတ်တွေရဲ့ သီချင်းတောင်းဆိုမှုအများဆုံး (အမျိုးသား) ဆုကိုရရှိထားတာဖြစ်ပါတယ်။We Love Cele

Comments are closed.