မစားခင်ရေဆေးသင့်တဲ့ စားစရာများနဲ့ မဆေးသင့်တဲ့ အစားအစာများ

မစားခင်ရေဆေးသင့်တဲ့ စားစရာများနဲ့ မဆေးသင့်တဲ့ အစားအစာများ

ငယ်စဉ်တည်းက ပြောချင်လွန်းလို့ တို့ဟာ စားစရာကို မချက်ပြုတ်ခင်မှာရေနဲ့ဆေးကြောမှ သန့်စင်တယ်လို့ အယူရှိကြပါတယ်။ ဒါပေမယ့် အသိအမြင်ကြွယ်လာတဲ့ ခေတ်မှာတော့ အခုလိုမျိုး ဘာကိုမဆို ရေနဲ့ဆေးကြောခြင်းဟာ ဆိုးကျိုးလည်း ကြုံတွေ့ရနိုင်တယ် ဆိုတာကို သိလာခဲ့ကြတယ်။ ပြောချင်လွန်းလို့ တို့အတွက် ဘာတွေကို မချက်ပြုတ်ခင် ဆေးကြောသင့်လဲ၊ ဘာကို မဆေးသင့်ဘူးလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

မဆေးကြောသင့်တဲ့ အစားအစာများ

၁. ဥများ

ကြက်ဥ၊ ဘဲဥတို့လို ဥတွေအပေါ်မှာ ပေါက်လာမယ့်အကောင်ကို ဘက်တီးရီးယားရန်က ကာကွယ်ပေးမယ့် အရာတစ်မျိုး ပါဝင်ပြီးသားပါ။ ဒါ့ကြောင့် မစားခင် ကြိုဆေးကြောထားတာက အဲ့ဒီအရာကို ဖယ်ရှားလိုက်သလို ဖြစ်သွားစေပါတယ်။

၂. ကြက်သား

ကြက်သား လတ်လတ်ဆန်ဆတ်ပေါ်မှာနေတဲ့ ဘက်တီးရီးယားဟာ လူသားတွေရဲ့ ကျန်းမာရေးကို ဆိုးကျိုးပေးနိုင်ပါတယ်။ လူသိအများဆုံး ဘက်တီးရီးယားမျိုးကတော့ ဆယ်လ်မွန်နယ်လာလို့ခေါ်တယ်။ လူတွေက မစားခင် ရေဆေးလိုက်ရင် ဒီပြဿနာရှင်းသွားပြီလို့ ထင်ကြပေမယ့် မဟုတ်ပါဘူး။ ဘေစင်ထဲမှာ ဆေးလိုက်ရင် အဲ့ဒီ ဘက်တီးရီးယားက ဆေးတဲ့လက်နဲ့ ဘေစင်ထဲကို ပြန့်သွားတာပါ။ အကောင်းဆုံးက ချက်ပြုတ်ချိန်မှာ လက်ကို လက်အိပ်စွတ်ထားတာနဲ့ ကြက်သားကို မချက်ခင် ရေဆူဆူနဲ့ ပြုတ်လိုက်တာပါပဲ။ စားဖိုမှူးတွေကတော့ နှစ်ခါပြန်ရေလဲပြီး ပြုတ်တာဟာ စိတ်အချရဆုံးလို့ ဆိုပါတယ်။

၃. အသားများ

ကြက်သားလိုပါပဲ။ အမဲ၊ ဝက် စတဲ့အသားတွေကိုလည်း မစားခင် ဆေးကြောရင် သူတို့မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေဟာ လက်နဲ့ နေရာကို ပြန့်သွားနိုင်ပါတယ်။ အဓိကဖြေရှင်းနည်းက အပူချိန်နဲ့ ဘက်တီးရီးယား တွေကို ရှင်းလင်းရမှာပါပဲ။ အသားတွေ မချက်ခင် မျက်နှာပြင်ကို အဝတ်တစ်ခုခုနဲ့ သုတ်နိုင်တယ်။ ချက်ပြုတ်ပြီးရင် လက်ကို ဆပ်ပြာနဲ့ ဖြစ်နိုင်ရင် ရေနွေးနဲ့ ဆေးကြောနိုင်ပါတယ်။

၎. ပါစတာ

ပါစတာ (Pasta) ကိုဘယ်သူကစပြီး ဆေးဖို့လိုတယ်လို့ထင်ခဲ့လဲ မသိပါဘူး။ စားဖိုနည်းတွေက ပါစတာကို မချက်ခင် ဆေးကြောခြင်းဟာ ဆော့စ်ကို စုပ်ယူနိုင်မှုကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ချက်ပြုတ်ပြီးတော့မှ ဆလပ်အသုပ်လိုမျိုး ရောနှောချက်ပြုတ်ဖို့အတွက် ဆေးကြောနိုင်ပါတယ်။

၅. မှိုများ

မှိုတွေဟာ ရေကိုကောင်းစွာစုပ်ယူနိုင်တာကြောင့် ရေကြာကြာစိမ်မထားသင့်ပါဘူး။ အကောင်းဆုံးက ရေအမြန်ဆေးပြီး ခြောက်သွေ့အောင် သုတ်လိုက်တာပါပဲ။ ဒါကိုလည်း ချက်ခါနီးမှ ကပ်လုပ်သင့်ပါတယ်။ မဟုတ်ရင် သူတို့ရဲ့ ပုံစံပြောင်းလဲသွားပြီး အရသာရှိသင့်သလောက် မရှိဖြစ်သွားနိုင်တယ်။

မစားခင်ဆေးကြောသင့်တဲ့ အစားအစာတွေ

၁. အခွံပါစားနိုင်တဲ့သစ်သီးများ

အခွံကိုပါ စားနိုင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆိုင်မှာမြင်ရရင် တောက်ပပြီး စားချင်စဖွယ် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ရေဆေးစရာမလိုဘူးလို့ မထင်ပါနဲ့။ အပြင်ခွံကို ရေဆေးပြီးမှ စားသောက်ရမှာပါ။

၂. သံဘူးများ

သံဘူးရဲ့ လုံအောင်ပိတ်ထားတဲ့ အဖုံးကြောင့် ဘက်တီးရီးယားတွေ အထဲကို မဝင်နိုင်ပါဘူး။ ဒါပေမယ့် ဖွင့်လိုက်တာနဲ့ ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေ ဝင်လာနိုင်တာကြောင့် ဘူးကိုမဖွင့်ခင် အရင်ဆေးပါ။

၃. အခွံကိုစားလို့မရတဲ့ သစ်သီးများ

ဘယ်လောက်ပဲ အခွံခွာရပါစေ၊ သူ့အခွံပေါ်က ဘက်တီးရီးယားတွေဟာ စားသောက်နိုင်တဲ့ အပိုင်းထိ ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ဌက်ပျောသီး၊ ဖရဲသီး နဲ့အခြားသစ်သီးတွေကိုလည်း မစားခင်မှာ အပြင်အခွံကို အရင်ဆေးကြောသင့်တာပါ။

၎. အစေ့အဆန်များ

အစေ့အဆန်တွေကို နွှင်ထုတ်ထားရင်တောင် ဆေးကြောပြီးမှ စားသင့်ပါတယ်။ သူတို့ကို ဘယ်ထဲမှာ သိုလှောင်ပြီး ဘယ်လိုတင်ပို့လာလဲ ဆိုတာ သင်မသိနိုင်ပါဘူး။ ဒါ့အပြင် လတ်ဆတ်တဲ့ အစေ့အဆန်တွေပေါ်က ဖက်တစ်အက်ဆစ်ကိုလည်း ဆေးကြောခြင်းက ရှင်းလင်းပေးတယ်။ သူက အဆန်တွေကို ပိုးမွှားမဝင်အောင် ကာကွယ်ပေးပေမယ့် လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ပါတယ်။

၅. သစ်သီးခြောက်များ

အခြောက်ခံထားတဲ့ သစ်သီးတွေဟာ အညစ်ပတ်ဆုံး အစားအစာလို့ ယူဆနိုင်တယ်။ အထူးသဖြင့် အလေးချိန်နဲ့ ချိန်တွယ်ရောင်းချတာမျိုးဆို ပိုဆိုးပါတယ်။ အဲဒီလို သစ်သီးခြောက်တွေကို ဝယ်လာပြီဆိုရင် အရင်ဆေးမှ ကောင်းပါလိမ့်မယ်။ လုပ်ချင်ရင် ရေထဲမှာတောင် ခနစိမ်ထားနိုင်တယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။ XB Media Myanmar

Comments are closed.