အသားျဖဴရတဲ့ လူတစ္ေယာက္ရဲ႕ ဒုကၡကို ေျပာျပလာတဲ့ ဝတ္မံႈေရႊရည္

အသားျဖဴရတဲ့ လူတစ္ေယာက္ရဲ႕ ဒုကၡကို ေျပာျပလာတဲ့ ဝတ္မံႈေရႊရည္

အကယ္ဒမီဆုရွင္ေလး သရုပ္ေဆာင္ ဝတ္မံႈေရႊရည္ဟာ အသားအရည္ေကာင္းေကာင္းေလးကို ပိုင္ဆုိင္ထားတဲ့သူျဖစ္ပါတယ္။ ခႏၶာကိုယ္ အခ်ိဳးအစားေလးနဲ႕ သူမရဲ႕ အသားအရည္ေလးဟာ ျမင္တဲ့သူတိုင္း အားက်ရတဲ့ ပံုစံမ်ိဳးေလးေတြ ျဖစ္ပါတယ္။

အကယ္ဒမီဆုရွင္ေလး သရုပ္ေဆာင္ ဝတ္မံႈေရႊရည္ဟာ အသားအရည္ေကာင္းေကာင္းေလးကို ပိုင္ဆုိင္ထားတဲ့သူျဖစ္ပါတယ္။ ခႏၶာကိုယ္ အခ်ိဳးအစားေလးနဲ႕ သူမရဲ႕ အသားအရည္ေလးဟာ ျမင္တဲ့သူတိုင္း အားက်ရတဲ့ ပံုစံမ်ိဳးေလးေတြ ျဖစ္ပါတယ္။ တစ္ေန႕တျခား လွပလာတဲ့ သူမဟာ သူမကိုယ္တိုင္ကလည္း လွလွေလး ေနရတာကို ႀကိဳက္တဲ့သူတစ္ေယာက္ျဖစ္တယ္လို႕ ဆုိပါတယ္။

“ကစ္ကိုယ္တုိင္ကလည္း လွလွေလး ေနရတာကိုႀကိဳက္တယ္။ကိုယ္အလုပ္ကလည္း လွလွေလးေနရတာမ်ားတယ္။ဇာတ္ကားရိုက္တာ တခ်ိဳ႕ ေနရာ ေတြကေတာ့ ကာရိုက္ကို ဦးစာေပးရတာ မွန္ေပမယ့္ တခ်ိဳ႕ပြဲတက္တာတို႕ ေၾကာ္ျငာရိုက္တာ တို႕ဆိုရင္ လွလွေလးေနရ တာ မ်ားတယ္။ ကိုယ္ကလည္း လွလွေလးေနရာတာ ႀကိဳက္တယ္။အဲ့ဒါေၾကာင့္ပါ” ဆိုၿပီး စက္တင္ဘာ(၅) ရက္ေန႕က ျပဳလုပ္တဲ့ “တရားလား ” ရုပ္ရွင္ဇာတ္ ကား မိတ္ဆက္ပြဲမွာ ေျပာျပခဲ့ပါတယ္။

သူမအေနနဲ႕ သူမရဲ႕ ခႏၶာကိုယ္ အလွအပနဲ႕ ပတ္သက္ၿပီး အရမ္းႀကီး ေက်နပ္တာမ်ိဳးေတာ့ မရွိေပမယ့္လည္း ကိုယ့္ကိုကုိယ္ လွလွေလး ေနခ်င္ဟာလည္း ကိုယ့္ရဲ႕ အလုပ္အတြက္ေရာ ကိုယ့္ကိုကိုယ္လည္း confident ရွိေစတယ္လုိ႕ ဆက္လက္ေျပာျပခဲ့ပါတယ္။ ျဖဴေဖြးတဲ့ အသား အရည္ေလးကို ပိုင္ဆုိင္ထားတဲ့ သူမမွာ တစ္ခါတေလ သူမရဲ႕ အသားအရည္နဲ႕ ပတ္သက္ၿပီး ဒုကၡေရာက္ရတဲ့ အခါမ်ိဳးေတြ ရွိတယ္လို႕ ဆုိပါ တယ္။

“အသားျဖဴရတဲ့ဒုကၡက ရုပ္ရွင္ရိုက္ရင္ ကိုယ္နဲ႕အတူ တြဲၿပီး သရုပ္ေဆာင္တဲ့သူက အသားညိဳေနရင္ သူကို အသားျဖဴေအာင္ မီးေတြ ထိုးေတာ့ ကိုယ့္ကိုပါ ဘန္းကုန္တာေပ့ါ ။ အဲ့ဒါေတာ့ အဆင္မေျပဘူး။ ကိုယ္က လံုးဝျဖဴေဖြးစုပ္သြားတယ္။ အသားျဖဴတဲ့အတြက္ေတတာ့ နည္းနညး္ေလး ကိုယ့္ဘာသာကုိယ့္ ဂရုစိုက္ရတယ္။ အသားမဲရင္လည္ ကစ္က မလိုက္ဘူးေလ။” ဆိုၿပီး သူမက ယင္းပြဲမွာ ဆက္လက္ေျပာျပခဲ့ပါတယ္။

အသက္(၃၀) ျပည့္သြားၿပီျဖစ္တဲ့ သရုပ္ေဆာင္ ဝတ္မံႈေရႊရည္ဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ပိုပိုရင့္က်က္လာသလုိ စိတ္ကအစ ေျပာင္းလဲလာတာ ေတြလည္း ရွိတယ္လို႕ ဆုိပါတယ္။အသက္အရြယ္နဲ႕ မလိုက္ေအာင္ ႏုနယ္ၿပီး ခ်စ္ဖို႕ေကာင္း လွ တဲ့ သူမဟာ ျမန္မာႏိုင္ငံက ပရိသတ္မ်ားရဲ႕ အားေပးမႈကို တစ္ခဲနက္ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။

ဝတ္မံႈေရႊရည္ဟာ လက္ရွိမွာ ပြဲအခမ္းနားေတြ ေတာ္ေတာ္မ်ားမ်ား တက္ေရာက္ျဖစ္သလို “ဒ႑ာရီမိုး” ရုပ္ရွင္ဇာတ္ကားႀကိးကိုလည္း ရိုက္ကူး လ်က္ရွိတယ္လို႕ သိရပါတယ္။ အဲ့ဒီ ရုပ္ရွင္ဇာတ္ကားႀကီးကို ဒါရိုက္တာ ဝင္းလြင္ထက္ ရိုက္ကူးၿပီး ရဲတုိက္၊ ေရႊထူး၊ ေဒါင္း တို႕နဲ႕အတူ ပါဝင္ ရိုက္ကူးေနတာ ျဖစ္ပါတယ္။ မၾကာခင္မွာလည္း ဒါရိုက္တာ ေက်ာ္ေဇာ္လင္းရိုက္ကူးတဲ့ “တရားလား” ရုပ္ရွင္ဇာတ္ကားမွာ စိုးသူ ၊ ေျပတီဦး တို႕နဲ႕ အတူ ပါဝင္သရုပ္ေဆာင္သြားဖုိ႕လညး္ ရွိပါတယ္

ဝတ္မံႈေရႊရည္က ၁၉၈၈ခုႏွစ္ ၾသဂုတ္လ (၁၀)ရက္ေန႕မွာ ေမြးဖြားခဲ့သူတစ္ဦး ျဖစ္ပါတယ္။ ဝတ္မံႈေရႊရည္ဟာ Kanebo ေၾကာ္ျငာနဲ႕ အႏုပညာ ေလာ ကထဲကို ေရာက္ရွိလာတာျဖစ္ၿပီး ၂၀၀၈ခုႏွစ္မွာ ဇာတ္ကားမ်ား စတင္ရိုက္ကူးခဲ့သလို ေၾကာ္ျငာမ်ားနဲ႕လည္း လူႀကိဳက္မ်ား လာခဲ့တဲ့ သရုပ္ေဆာင္တစ္ဦး ျဖစ္ခဲ့ပါတယ္။

ေၾကာ္ျငာမ်ားနဲ႕အတူ ပရိသတ္အားေပးမႈ ရရွိခဲ့တဲ့ ဝတ္မႈံေရႊရည္ဟာ တီဗီေၾကာ္ျငာ ၃၀၀၊ ဗီဒီယိုဇာတ္ကားမ်ား ၂၀၀ေက်ာ္နဲ႕ ရုပ္ရွင္ဇာတ္ ကား ၃၀ေက်ာ္တို႕မွာ ပါဝင္သရုပ္ေဆာင္ႏုိင္ခဲ့တဲ့ သရုပ္ေဆာင္တစ္ဦး ျဖစ္လို႕လာခဲ့ပါတယ္။

ဝတ္မံႈေရႊရည္ဟာ ၂၀၁၃ခုႏွစ္မွာ “နင္ေစရင္” ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုရရွိခဲ့ၿပီး အဲ့ဒီအကယ္ဒမီ ေရႊၾကယ္ကိုလည္း ၂၀၁၅ခုႏွစ္ ၊ ေဖေဖာ္ဝါရီ (၁)ရက္ေန႕က ေမွာ္ဘီၿမိဳ႕ရွိ ေအာင္ဇဗၺဴေတာ ရေက်ာင္း တိုက္မွာ လွဴဒါန္းခဲ့ပါတယ္။ ဆက္ လက္ၿပီး သူမဟာ ၂၀၁၄ခုႏွစ္မွာေတာ့ “ႏွလံုးသားနဲ႕ျပဳလုပ္သည္” ရုပ္ရွင္ဇာတ္ ကားႀကီး နဲ႕ အေကာင္းဆံုးအမ်ိဳးသမီး ဇာတ္ပို႕ဆိုကို ရရွိခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Credit – Cele YatKwat

[UNICODE FONT]

အကယ်ဒမီဆုရှင်လေး သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ အသားအရည်ကောင်းကောင်းလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားလေးနဲ့ သူမရဲ့ အသားအရည်လေးဟာ မြင်တဲ့သူတိုင်း အားကျရတဲ့ ပုံစံမျိုးလေးတွေ ဖြစ်ပါတယ်။

အကယ်ဒမီဆုရှင်လေး သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ အသားအရည်ကောင်းကောင်းလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားလေးနဲ့ သူမရဲ့ အသားအရည်လေးဟာ မြင်တဲ့သူတိုင်း အားကျရတဲ့ ပုံစံမျိုးလေးတွေ ဖြစ်ပါတယ်။ တစ်နေ့တခြား လှပလာတဲ့ သူမဟာ သူမကိုယ်တိုင်ကလည်း လှလှလေး နေရတာကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကစ်ကိုယ်တိုင်ကလည်း လှလှလေး နေရတာကိုကြိုက်တယ်။ကိုယ်အလုပ်ကလည်း လှလှလေးနေရတာများတယ်။ဇာတ်ကားရိုက်တာ တချို့ နေရာ တွေကတော့ ကာရိုက်ကို ဦးစာပေးရတာ မှန်ပေမယ့် တချို့ပွဲတက်တာတို့ ကြော်ငြာရိုက်တာ တို့ဆိုရင် လှလှလေးနေရ တာ များတယ်။ ကိုယ်ကလည်း လှလှလေးနေရာတာ ကြိုက်တယ်။အဲ့ဒါကြောင့်ပါ” ဆိုပြီး စက်တင်ဘာ(၅) ရက်နေ့က ပြုလုပ်တဲ့ “တရားလား ” ရုပ်ရှင်ဇာတ် ကား မိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။

သူမအနေနဲ့ သူမရဲ့ ခန္ဓာကိုယ် အလှအပနဲ့ ပတ်သက်ပြီး အရမ်းကြီး ကျေနပ်တာမျိုးတော့ မရှိပေမယ့်လည်း ကိုယ့်ကိုကိုယ် လှလှလေး နေချင်ဟာလည်း ကိုယ့်ရဲ့ အလုပ်အတွက်ရော ကိုယ့်ကိုကိုယ်လည်း confident ရှိစေတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ ဖြူဖွေးတဲ့ အသား အရည်လေးကို ပိုင်ဆိုင်ထားတဲ့ သူမမှာ တစ်ခါတလေ သူမရဲ့ အသားအရည်နဲ့ ပတ်သက်ပြီး ဒုက္ခရောက်ရတဲ့ အခါမျိုးတွေ ရှိတယ်လို့ ဆိုပါ တယ်။

“အသားဖြူရတဲ့ဒုက္ခက ရုပ်ရှင်ရိုက်ရင် ကိုယ်နဲ့အတူ တွဲပြီး သရုပ်ဆောင်တဲ့သူက အသားညိုနေရင် သူကို အသားဖြူအောင် မီးတွေ ထိုးတော့ ကိုယ့်ကိုပါ ဘန်းကုန်တာပေ့ါ ။ အဲ့ဒါတော့ အဆင်မပြေဘူး။ ကိုယ်က လုံးဝဖြူဖွေးစုပ်သွားတယ်။ အသားဖြူတဲ့အတွက်တေတာ့ နည်းနည်းလေး ကိုယ့်ဘာသာကိုယ့် ဂရုစိုက်ရတယ်။ အသားမဲရင်လည် ကစ်က မလိုက်ဘူးလေ။” ဆိုပြီး သူမက ယင်းပွဲမှာ ဆက်လက်ပြောပြခဲ့ပါတယ်။

အသက်(၃၀) ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ တစ်နှစ်ထက် တစ်နှစ်ပိုပိုရင့်ကျက်လာသလို စိတ်ကအစ ပြောင်းလဲလာတာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။အသက်အရွယ်နဲ့ မလိုက်အောင် နုနယ်ပြီး ချစ်ဖို့ကောင်း လှ တဲ့ သူမဟာ မြန်မာနိုင်ငံက ပရိသတ်များရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ဟာ လက်ရှိမှာ ပွဲအခမ်းနားတွေ တော်တော်များများ တက်ရောက်ဖြစ်သလို “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြိးကိုလည်း ရိုက်ကူး လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက် ရိုက်ကူးပြီး ရဲတိုက်၊ ရွှေထူး၊ ဒေါင်း တို့နဲ့အတူ ပါဝင် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဒါရိုက်တာ ကျော်ဇော်လင်းရိုက်ကူးတဲ့ “တရားလား” ရုပ်ရှင်ဇာတ်ကားမှာ စိုးသူ ၊ ပြေတီဦး တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်သွားဖို့လည်း ရှိပါတယ်

ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လော ကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက် လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ “နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Credit – Cele YatKwat

Comments are closed.