မိသားစုဘဝေလးကို တည္ေဆာက္ခ်င္လို႔ အႏုပညာနဲ႔လဲလွယ္ခဲ့ေပမယ့္ ထင္ထားသလိုျဖစ္မလာခဲ့ဘူးဆိုတဲ့ ခိုင္ႏွင္းေဝ

မိသားစုဘဝေလးကို တည္ေဆာက္ခ်င္လို႔ အႏုပညာနဲ႔လဲလွယ္ခဲ့ေပမယ့္ ထင္ထားသလိုျဖစ္မလာခဲ့ဘူးဆိုတဲ့ ခိုင္ႏွင္းေဝ

ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေတြကို တေပြ႕တပုိက္ရရွိထားသူေလးပါ။ ျဖဴစင္ျမင့္ျမတ္တဲ့စိတ္ဓာတ္ေလးနဲ႔ ပရဟိတစိတ္အျပည့္ရွိတဲ့ ခိုင္ႏွင္းေဝဟာ အႏုပညာအလုပ္ေတြနဲ႔အတူ သူခ်စ္တဲ့ ပရဟိတအလုပ္ေတြကိုပါ တြဲဖက္ျပီးလုပ္ကိုင္ေနခဲ့တာပါ။ လိုအပ္ေနတဲ့ေနရာေလးေတြနဲ႔ ခ်ိဳ႕တဲ့ေနတဲ့သူေတြရဲ႕ဘဝေတြကို ျပန္လည္တည္ေဆာက္ေပးႏိုင္ခဲ့တဲ့ သူမရဲ႕ ပရဟိတအလုပ္ဟာလည္း လူတစ္ရာမွာ တစ္ေယာက္ေတာင္ လုပ္ႏိုင္ဖုိ႔ မလြယ္ကူလွပါဘူး။

ခိုင္ႏွင္းေဝဟာ ပရဟိတမလုပ္ျဖစ္ခင္အခ်ိန္ကာလၾကားမွာ မိသားစုတစ္ခုကို ဖန္တီးတည္ေဆာက္ဖုိ႔အတြက္ ၾကိဳးစားခဲ့တာျဖစ္ပါတယ္။ သူခ်စ္တဲ့အႏုပညာနဲ႔ မိသားစုဘဝေလးကို ဖန္တီးႏိုင္ဖို႔ လဲလွယ္ခဲ့ေပမယ့္ တကယ့္လက္ေတြ႔မွာေတာ့ သူမ ထင္ထားသလုိ ျဖစ္မလာခဲ့ပါဘူး။

“အႏုပညာအလုပ္ေတြ နားျဖစ္ခဲ့တာကေတာ့ အမ အိမ္ေထာင္လည္းက်သြားတယ္ အမမွာအဆင္မေျပတဲ့ကိစၥေတြလည္းအမ်ားၾကီးရွိလာတဲ့အတြက္ေၾကာင့္မို႔ နားျဖစ္ခဲ့တာပါ။ အဓိကကေတာ့ လူတစ္ေယာက္က ကိုယ္ေလ်ွာက္ခဲ့တဲ့လမ္းမွာ မွန္တယ္ထင္လို႔ေလ်ွာက္ခဲ့ေပမယ့္ မွားတာေတြ အမ်ားၾကီးၾကံဳေတြ႔လာႏိုင္တယ္။ အဲ့တုန္းကဆုိလည္း အမရယ္ မနႏၵာတုိ႔ရဲ႕ ေခတ္ေပါ့ေနာ္။ အဲခ်ိန္တုန္းကဆိုလည္း ဘာပဲျဖစ္ျဖစ္ ကိုယ္ေအာင္ျမင္ေနတဲ့အခ်ိန္ေပါ့။ အမက ငယ္ငယ္ေလးတည္းက Broken Family ဆိုေတာ့ မိသားစုတစ္ခုကိုအရမ္းလိုခ်င္တယ္။ ကုိယ့္အေဖနဲ႔အေမနဲ႔မွာ မရခဲ့တဲ့အတြက္ေၾကာင့္ ကိုယ့္ဘဝမွာတည္ေဆာက္ခ်င္တယ္ေပါ့။ ဒါေပမယ့္ အဲလိုမ်ိဳးဘဝနဲ႔ အမအႏုပညာကိုအမ လဲလွယ္ခဲ့တယ္။ လဲလွယ္ခဲ့ေပမယ့္ ကိုယ္ထင္တာျဖစ္မလာဘူး ”

သူမေမ်ွာ္လင့္ထားသလို ဘဝေလး မရလာတဲ့ေနာက္မွာေတာ့ ခိုင္ႏွင္းေဝဟာ သူမရဲ႕ဘဝကို ပရဟိတအလုပ္ေတြထဲ စံုနွစ္ျပီး ျဖတ္သန္းလာခဲ့ပါတယ္။ မိခင္ျဖစ္သူနဲ႔ တစ္ႏွစ္တာေလာက္အဆက္အသြယ္ျဖတ္ခဲ့ရတဲ့ ခိုင္ႏွင္းေဝအတြက္ေတာ့ ေနာင္တရစရာေတြျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။

“ကိုယ့္ဘဝမွာ ကိုယ္ေမ်ွာ္မွန္းထားသလိုျဖစ္မလာတဲ့အတြက္ေၾကာင့္မို႔ အခ်ိန္ေတြေနာက္ဆုတ္ျပီးေတာ့ ဒီအႏုပညာလုပ္ငန္းထဲမွာ အမ်ားအက်ိဳးသယ္ပိုးႏိုင္တ့ဲပရဟိတလုပ္ငန္းထဲမွာကိုအမ ဆက္ျပီးေတာ့ေလ်ွာက္ႏိုင္ခဲ့တယ္ေပါ့။ အဲလိုမ်ိဳးအခ်ိန္မွာ အမ အေမနဲ႔တစ္ႏွစ္ေလာက္အဆက္သြယ္ျဖတ္ခဲ့ရတယ္ေပါ့။ မိဘအသိုင္းအဝိုင္းေတြအဆင္မေျပတာေတြနဲ႔ေပါ့။ ဒါေပမယ့္ တစ္ႏွစ္ေလာက္အဆက္သြယ္ျဖတ္ထားခဲ့တဲ့အေပၚမွာေတာ့ ေနာင္တရတယ္ ဘာလို႔လဲဆိုေတာ့ ကိုယ္မရွိတဲ့အခ်ိန္မွာ ကိုယ္ပဲအိမ္ေထာင္ဦးစီး အရင္တုန္းကဆုိ ကိုယ္ပဲစီးပြားရွာ၊ ဘာရွာနဲ႔ဆုိ အဲ့အခ်ိန္မွာအေမဘယ္လိုစားလဲ၊ သူ႔ကိုဘာမွလဲမေထာက္ပံ့ရဘူး။ ဘာမွလဲ မေတြ႔ခဲ့ရဘူးေပါ့ေနာ္ အဲလိုမ်ိဳးအခ်ိန္လည္းၾကံဳခဲ့ရဖူးတယ္။ ဘာပဲျဖစ္ျဖစ္ အမ အဲ့ဒီခ်ိန္တုန္းကလည္း အေမ႔ကိုေျပာပါတယ္။ သမီးအတြက္ အေမကအသက္ရွင္ေပးေနတယ္ေပါ့ေနာ္ အဲ့ေတာ့ က်န္းမာေရးဂရုစိုက္ျပီးေတာ့ ကိုယ့္ကိုယ္ကိုက်န္းမာေအာင္ေနတဲ့အတြက္ေၾကာင့္ အခုခ်ိန္ အမေဘးနားမွာ အမအေမရွိေနတာေပါ့။ ကိုယ္ဘယ္အခ်ိန္အတိုင္းတာအထိ အမ အေမရွိမလဲ အမ အေမရွိေနတဲ့အခ်ိန္အတြင္းမွာ အမ အေမကိုျပဳစုရင္းနဲ႔ပဲအခ်ိန္ကုန္သြားခ်င္တယ္။ အမ အေမကိုေသသြားတဲ့အထိ ဘယ္သူအရင္ေသမလဲေတာ့မသိဘူး။ လူေတြကေတာ့ ေသျခင္းတရာနဲ႔ခြဲခြာသြားရမွာပဲ အဲေတာ့ အမအသက္ရွင္ေနသေရြ႕ျပဳစုေစာင့္ေရွာက္သြားမွာပါ။ ”

ခိုင္ႏွင္းေဝဟာ အေဒၚျဖစ္သူ ဆံုးမတဲ့အတုိင္း ရွက္သင့္တာကို မရွက္ဘဲ မရွက္သင့္တာကိုရွက္ေနရင္ မွားတတ္တယ္ဆိုတဲ့ စကားအတုိင္း ဘဝကို အားယူျပီးေတာ့ ျပန္လည္ေလ်ွာက္လွမ္းခဲ့တာျဖစ္ပါတယ္။

“ကားရိုက္မရွိေတာ႔ဘူး အႏုပညာလုပ္ငန္းျပန္ျပီး မရပ္တည္ႏုိင္ေတာ႔ဘူးဆိုရင္ေတာင္မွတစ္ျခားစီးပြားေရးတစ္ခုနဲ႔ ရိုးရိုးသားသားရွာေဖြစားေသာက္မယ္လုိ႔ဆံုးျဖတ္ပီးေတာ႔ ရဲရဲတင္းတင္းနဲ႔ ဒီ Single ဘက္ကုိျဖတ္သန္းလာခဲ႔တယ္ ဒါေပမဲ႔အဲ႔အခ်ိန္မွာ ပရိသတ္ကလည္းအမကို ျပန္ျပီးလက္ခံတယ္ ေနာက္ျပီးေတာ႔အမကိုယ္တုိင္ကလည္း မွန္မွန္ကန္ကန္ေနတယ္ သိကၡာတရားေပါ႔ေနာ္ အမအေဒၚဆိုလည္းအျမဲတမ္းေျပာတယ္ေလ ကိုယ္အိမ္ေထာင္ပ်က္သြားတယ္ဆိုတာတစ္လင္တစ္မယားစနစ္နဲ႕အိမ္ေထာင္ျပဳျပီးေတာ႔ပ်က္သြားတာေလ ရည္းစားေတြအမ်ားၾကီးထားျပီးေနခဲ႔တာလည္းမဟုတ္ဖူး သူမ်ားအိမ္ေထာင္ကိုလည္း ကိုယ္ကဖ်က္စီးခဲ႔တာမဟုတ္တဲ႔အတြက္ေၾကာင္႔မုိ႕လို႔ ကိုယ္႔မွာရွက္စရာဘာအေၾကာင္းမွမရွိဘူး တစ္ခါတစ္ေလက်ေတာ႕လည္းလူကစိတ္ဓါတ္က်ခိ်န္ေတြဆုိရင္ ရွက္သင္႔တာကိုရွက္ရမယ္ အခုလူေတြကရွက္သင္႔တာကိုမရွက္ပဲနဲ႕ မရွက္သင္႔တာကိုရွက္ေနရင္ မွားတတ္တယ္ဆိုတာ အမအေဒၚ အမကိုေျပာတယ္ အဲ႕ေတာ႕အခုလိုမ်ိဳးေပါ႔ ကိုယ္မွန္တဲ႔အတြက္ေၾကာင္႔အမက မရွက္သင္႔တာကိုရွက္စရာမလိုဘူး ရွက္သင္႔တာကိုေတာ႕ရွက္ရမယ္ အဲ႔တာေလးကေနျပီးေတာ႔ျပန္ျပီးအားယူခဲ႔တာပါ” လို႔ အကုန္သိမီဒီယာရဲ႕အင္တာဗ်ဴးေျဖၾကားခ်က္မွာ ေျဖဆုိသြားခဲ့တာပါ။

ခိုင္ႏွင္းေဝကေတာ့ အားကိုးရာမဲ့ေနတဲ့သက္ၾကီးရြယ္အုိေတြနဲ႔ ၊ ကေလးငယ္မ်ားအတြက္ ခိုကုိးရာ လက္တစ္စံုျဖစ္ေနခဲ့ပါျပီ။ သူမရဲ႕ ပရဟိတစိတ္ဓာတ္ကိုလည္း ပရိသတ္ၾကီးက ယခုခ်ိန္မွာ အသိအမွတ္ျပဳခဲ့ၾကျပီးေတာ့ ပရဟိတဆုတံဆိပ္ေတြပါ လက္ခံရရွိခဲ့ျပီျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Credit – Khine Hnin Wai

[UNICODE FONT]

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို တပွေ့တပိုက်ရရှိထားသူလေးပါ။ ဖြူစင်မြင့်မြတ်တဲ့စိတ်ဓာတ်လေးနဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေနဲ့အတူ သူချစ်တဲ့ ပရဟိတအလုပ်တွေကိုပါ တွဲဖက်ပြီးလုပ်ကိုင်နေခဲ့တာပါ။ လိုအပ်နေတဲ့နေရာလေးတွေနဲ့ ချို့တဲ့နေတဲ့သူတွေရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တဲ့ သူမရဲ့ ပရဟိတအလုပ်ဟာလည်း လူတစ်ရာမှာ တစ်ယောက်တောင် လုပ်နိုင်ဖို့ မလွယ်ကူလှပါဘူး။

ခိုင်နှင်းဝေဟာ ပရဟိတမလုပ်ဖြစ်ခင်အချိန်ကာလကြားမှာ မိသားစုတစ်ခုကို ဖန်တီးတည်ဆောက်ဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပါတယ်။ သူချစ်တဲ့အနုပညာနဲ့ မိသားစုဘဝလေးကို ဖန်တီးနိုင်ဖို့ လဲလှယ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ သူမ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။

“အနုပညာအလုပ်တွေ နားဖြစ်ခဲ့တာကတော့ အမ အိမ်ထောင်လည်းကျသွားတယ် အမမှာအဆင်မပြေတဲ့ကိစ္စတွေလည်းအများကြီးရှိလာတဲ့အတွက်ကြောင့်မို့ နားဖြစ်ခဲ့တာပါ။ အဓိကကတော့ လူတစ်ယောက်က ကိုယ်လျှောက်ခဲ့တဲ့လမ်းမှာ မှန်တယ်ထင်လို့လျှောက်ခဲ့ပေမယ့် မှားတာတွေ အများကြီးကြုံတွေ့လာနိုင်တယ်။ အဲ့တုန်းကဆိုလည်း အမရယ် မနန္ဒာတို့ရဲ့ ခေတ်ပေါ့နော်။ အဲချိန်တုန်းကဆိုလည်း ဘာပဲဖြစ်ဖြစ် ကိုယ်အောင်မြင်နေတဲ့အချိန်ပေါ့။ အမက ငယ်ငယ်လေးတည်းက Broken Family ဆိုတော့ မိသားစုတစ်ခုကိုအရမ်းလိုချင်တယ်။ ကိုယ့်အဖေနဲ့အမေနဲ့မှာ မရခဲ့တဲ့အတွက်ကြောင့် ကိုယ့်ဘဝမှာတည်ဆောက်ချင်တယ်ပေါ့။ ဒါပေမယ့် အဲလိုမျိုးဘဝနဲ့ အမအနုပညာကိုအမ လဲလှယ်ခဲ့တယ်။ လဲလှယ်ခဲ့ပေမယ့် ကိုယ်ထင်တာဖြစ်မလာဘူး ”

သူမမျှော်လင့်ထားသလို ဘဝလေး မရလာတဲ့နောက်မှာတော့ ခိုင်နှင်းဝေဟာ သူမရဲ့ဘဝကို ပရဟိတအလုပ်တွေထဲ စုံနှစ်ပြီး ဖြတ်သန်းလာခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့ တစ်နှစ်တာလောက်အဆက်အသွယ်ဖြတ်ခဲ့ရတဲ့ ခိုင်နှင်းဝေအတွက်တော့ နောင်တရစရာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

“ကိုယ့်ဘဝမှာ ကိုယ်မျှော်မှန်းထားသလိုဖြစ်မလာတဲ့အတွက်ကြောင့်မို့ အချိန်တွေနောက်ဆုတ်ပြီးတော့ ဒီအနုပညာလုပ်ငန်းထဲမှာ အများအကျိုးသယ်ပိုးနိုင်တဲ့ပရဟိတလုပ်ငန်းထဲမှာကိုအမ ဆက်ပြီးတော့လျှောက်နိုင်ခဲ့တယ်ပေါ့။ အဲလိုမျိုးအချိန်မှာ အမ အမေနဲ့တစ်နှစ်လောက်အဆက်သွယ်ဖြတ်ခဲ့ရတယ်ပေါ့။ မိဘအသိုင်းအဝိုင်းတွေအဆင်မပြေတာတွေနဲ့ပေါ့။ ဒါပေမယ့် တစ်နှစ်လောက်အဆက်သွယ်ဖြတ်ထားခဲ့တဲ့အပေါ်မှာတော့ နောင်တရတယ် ဘာလို့လဲဆိုတော့ ကိုယ်မရှိတဲ့အချိန်မှာ ကိုယ်ပဲအိမ်ထောင်ဦးစီး အရင်တုန်းကဆို ကိုယ်ပဲစီးပွားရှာ၊ ဘာရှာနဲ့ဆို အဲ့အချိန်မှာအမေဘယ်လိုစားလဲ၊ သူ့ကိုဘာမှလဲမထောက်ပံ့ရဘူး။ ဘာမှလဲ မတွေ့ခဲ့ရဘူးပေါ့နော် အဲလိုမျိုးအချိန်လည်းကြုံခဲ့ရဖူးတယ်။ ဘာပဲဖြစ်ဖြစ် အမ အဲ့ဒီချိန်တုန်းကလည်း အမေ့ကိုပြောပါတယ်။ သမီးအတွက် အမေကအသက်ရှင်ပေးနေတယ်ပေါ့နော် အဲ့တော့ ကျန်းမာရေးဂရုစိုက်ပြီးတော့ ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေတဲ့အတွက်ကြောင့် အခုချိန် အမဘေးနားမှာ အမအမေရှိနေတာပေါ့။ ကိုယ်ဘယ်အချိန်အတိုင်းတာအထိ အမ အမေရှိမလဲ အမ အမေရှိနေတဲ့အချိန်အတွင်းမှာ အမ အမေကိုပြုစုရင်းနဲ့ပဲအချိန်ကုန်သွားချင်တယ်။ အမ အမေကိုသေသွားတဲ့အထိ ဘယ်သူအရင်သေမလဲတော့မသိဘူး။ လူတွေကတော့ သေခြင်းတရာနဲ့ခွဲခွာသွားရမှာပဲ အဲတော့ အမအသက်ရှင်နေသရွေ့ပြုစုစောင့်ရှောက်သွားမှာပါ။ ”

ခိုင်နှင်းဝေဟာ အဒေါ်ဖြစ်သူ ဆုံးမတဲ့အတိုင်း ရှက်သင့်တာကို မရှက်ဘဲ မရှက်သင့်တာကိုရှက်နေရင် မှားတတ်တယ်ဆိုတဲ့ စကားအတိုင်း ဘဝကို အားယူပြီးတော့ ပြန်လည်လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။

“ကားရိုက်မရှိတော့ဘူး အနုပညာလုပ်ငန်းပြန်ပြီး မရပ်တည်နိုင်တော့ဘူးဆိုရင်တောင်မှတစ်ခြားစီးပွားရေးတစ်ခုနဲ့ ရိုးရိုးသားသားရှာဖွေစားသောက်မယ်လို့ဆုံးဖြတ်ပီးတော့ ရဲရဲတင်းတင်းနဲ့ ဒီ Single ဘက်ကိုဖြတ်သန်းလာခဲ့တယ် ဒါပေမဲ့အဲ့အချိန်မှာ ပရိသတ်ကလည်းအမကို ပြန်ပြီးလက်ခံတယ် နောက်ပြီးတော့အမကိုယ်တိုင်ကလည်း မှန်မှန်ကန်ကန်နေတယ် သိက္ခာတရားပေါ့နော် အမအဒေါ်ဆိုလည်းအမြဲတမ်းပြောတယ်လေ ကိုယ်အိမ်ထောင်ပျက်သွားတယ်ဆိုတာတစ်လင်တစ်မယားစနစ်နဲ့အိမ်ထောင်ပြုပြီးတော့ပျက်သွားတာလေ ရည်းစားတွေအများကြီးထားပြီးနေခဲ့တာလည်းမဟုတ်ဖူး သူများအိမ်ထောင်ကိုလည်း ကိုယ်ကဖျက်စီးခဲ့တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်မှာရှက်စရာဘာအကြောင်းမှမရှိဘူး တစ်ခါတစ်လေကျတော့လည်းလူကစိတ်ဓါတ်ကျချိန်တွေဆိုရင် ရှက်သင့်တာကိုရှက်ရမယ် အခုလူတွေကရှက်သင့်တာကိုမရှက်ပဲနဲ့ မရှက်သင့်တာကိုရှက်နေရင် မှားတတ်တယ်ဆိုတာ အမအဒေါ် အမကိုပြောတယ် အဲ့တော့အခုလိုမျိုးပေါ့ ကိုယ်မှန်တဲ့အတွက်ကြောင့်အမက မရှက်သင့်တာကိုရှက်စရာမလိုဘူး ရှက်သင့်တာကိုတော့ရှက်ရမယ် အဲ့တာလေးကနေပြီးတော့ပြန်ပြီးအားယူခဲ့တာပါ” လို့ အကုန်သိမီဒီယာရဲ့အင်တာဗျူးဖြေကြားချက်မှာ ဖြေဆိုသွားခဲ့တာပါ။

ခိုင်နှင်းဝေကတော့ အားကိုးရာမဲ့နေတဲ့သက်ကြီးရွယ်အိုတွေနဲ့ ၊ ကလေးငယ်များအတွက် ခိုကိုးရာ လက်တစ်စုံဖြစ်နေခဲ့ပါပြီ။ သူမရဲ့ ပရဟိတစိတ်ဓာတ်ကိုလည်း ပရိသတ်ကြီးက ယခုချိန်မှာ အသိအမှတ်ပြုခဲ့ကြပြီးတော့ ပရဟိတဆုတံဆိပ်တွေပါ လက်ခံရရှိခဲ့ပြီဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Credit – Khine Hnin Wai

Comments are closed.