လိမ္လည္မႈကို ဂိုဏ္းအသြင္ လုပ္ေဆာင္ေနတဲ့ ေဒၚနႏၵမာလာကို အမႈ(၂)မႈ ထပ္ဖြင့္

လိမ္လည္မႈကို ဂိုဏ္းအသြင္ လုပ္ေဆာင္ေနတဲ့ ေဒၚနႏၵမာလာကို အမႈ(၂)မႈ ထပ္ဖြင့္

က်ပ္သိန္းေပါင္း ႏွစ္ေသာင္းနီးပါး လိမ္လည္မႈျဖင့္ ေဒၚနႏၵမာလာကို အမႈႏွစ္မႈ ထပ္ဖြင့္လိုက္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လႈိင္ဝင္းက ေျပာသည္။ ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာလအတြင္းက ခင္မင္ရင္ႏွီးသူ ေဒၚနႏၵမာလာသည္ ဖုန္းေငြျဖည့္ကတ္မ်ိဳး စုံ လက္ကားျဖန႔္ခ်ိရာတြင္ ၎ထံမွ ယူပါက ရာခိုင္ႏႈန္းမ်ားမ်ား ေပးမည္ျဖစ္ေၾကာင္း ယုံၾကည္ေအာင္ ေျပာသျဖင့္ စာခ်ဳပ္ခ်ဳပ္ခဲ့ေၾကာင္း၊ စေပၚေငြက်ပ္သိန္း ၁၅ဝဝ အျပင္ စုစုေပါင္း က်ပ္သိန္း ၁၅ဝဝဝ နီး ပါးကိုယူၿပီးေနာက္ ၂ဝ၁၆ ခုႏွစ္ ေဖေဖာ္ဝါရီမွ စတင္ကာ ေငြမ်ားကို ျပန္မေပးေတာ့သျဖင့္ အမႈဖြင့္လိုက္ ၿပီျဖစ္ေၾကာင္း ကာယကံရွင္ အင္းစိန္ ၿမိဳ႕နယ္ေန ေဒၚေဌးေဌးက ဒီမိုက ေရစီတူေဒးသို႔ ေျပာသည္။

မဂၤလာဒုံၿမိဳ႕မရဲစခန္းသို႔ ဇန္နဝါရီ ၁၁ ရက္က သြားေရာက္ တိုင္တန္းျခင္းျဖစ္ၿပီး (ပ)၃၄/ ၂ဝ၁၉၊ လိမ္လည္မႈ ပုဒ္မ ၄၂ဝ ျဖင့္ ေဒၚနႏၵမာလာကို အမႈဖြင့္ထား ေၾကာင္း ၎က ေျပာသည္။ ”အမႈဖြင့္လိုက္ၿပီ။ အမႈနံပါတ္ ေတြလည္းရၿပီ။ လိမ္လည္မႈနဲ႔ပဲ။အားလုံး က်ပ္သိန္း ၁၅ဝဝဝ ဝန္းက်င္ေလာက္ပါတယ္။ တစ္ေယာက္ တည္းမဟုတ္ဘူး။ ေဆြမ်ိဳးေတြနဲ႔ ကုန္သည္အဖြဲ႕ေတြ ပါတယ္။ ရဲစခန္းကေတာ့ စစ္ခ်က္ေတြ အကုန္ယူၿပီးၿပီ”ဟု ကာယကံရွင္ ေဒၚေဌး ေဌးက ဇန္နဝါရီ ၁၃ ရက္တြင္ ေျပာသည္။

လိမ္လည္ခံရၿပီးေသာ ၂ဝ၁၆ ခုႏွစ္အတြင္း သက္ဆိုင္ရာ သာသနာေရးဝန္ႀကီးဌာနႏွင့္ အထူးစုံစမ္း စစ္ေဆးေရးဦးစီးဌာနသို႔ သြားေရာက္ တိုင္တန္းေသာ္လည္း တရားဥပေဒလမ္းေၾကာင္းအတိုင္းသာ ျပဳလုပ္ ရန္ အေၾကာင္းျပန္ခဲ့ေၾကာင္း ၎က ေျပာသည္။ ”ပထမ ေလးငါးခါေတြ႕ေတာ့ ေပးမယ္ ေပးမယ္နဲ႔ ရက္ခ်ိန္းေပး ၿပီးေတာ့ ေနာက္ပိုင္းေတာ့ ေရွာင္သြားတယ္။ ထြက္မေတြ႕ေတာ့ဘူး။ ေစာင့္ရင္းေစာင့္ရင္းနဲ႔ အခုလို ၾကန႔္ ၾကာသြားတာေပါ့”ဟု ၎ကဆက္ လက္ေျပာသည္။ ေငြသြားေတာင္းစဥ္ကလည္း ေဒၚနႏၵမာလာက ၿခိမ္းေျခာက္ခဲ့ ေၾကာင္း ေဒၚေဌးေဌးကေျပာသည္။

”သူက ေထာင္လည္း က်ဖူး တယ္။ သူ႔ေနာက္မွာ လူႀကီးေတြရွိ တယ္ေပါ့။ ေနျပည္ေတာ္က လူႀကီး ေတြလည္းပိုင္တယ္ေပါ့။ ၿခိမ္းေျခာက္ တာေပါ့”ဟု ၎ကေျပာသည္။ ထို႔အတူ မရမ္းကုန္းၿမိဳ႕နယ္ (၉)ရပ္ကြက္ေန ကန္ထ႐ိုက္ လုပ္ကိုင္သူ ေဒၚခ်ိဳခ်ိဳကလည္း က်ပ္ သိန္း ၄ဝဝဝ ေက်ာ္ လိမ္လည္မႈ ျဖင့္ ေဒၚနႏၵမာလာကို ထပ္မံအမႈ ဖြင့္ခဲ့ေသးသည္။ ၂ဝ၁၅ ခုႏွစ္ စက္တင္ဘာလ အတြင္းက ေဒၚနႏၵမာလာက ယုံ ၾကည္ေအာင္ ေျပာဆိုမႈေၾကာင့္ ဖုန္း ေငြျဖည့္ကတ္မ်ိဳးစုံ ျဖန႔္ခ်ိမႈလုပ္ငန္း ကိုအတူ လုပ္ကိုင္ခဲ့ေၾကာင္း၊ ထို႔ ေနာက္ စေပၚတင္ခဲ့သည့္ က်ပ္သိန္း ၁ဝဝဝ အပါအဝင္ စုစုေပါင္း က်ပ္သိန္း ၄ဝဝဝ ေက်ာ္ကို ေျခာက္လ ၾကာသည့္အခါ ျပန္မေပးေတာ့ ေၾကာင္း ကာယကံရွင္ ေဒၚခ်ိဳခ်ိဳက ေျပာသည္။

အမႈကို မဂၤလာဒုံ ၿမိဳ႕မရဲစခန္း မွ (ပ)၃၅/၂ဝ၁၉၊ လိမ္လည္မႈပုဒ္မ ၄၂ဝ ျဖင့္ ေဒၚနႏၵမာလာကို ထပ္မံအမႈဖြင့္ထားသည္။ ”ပထမေတာ့ လိမ္လည္မွန္း မသိဘူး။ ေနာက္ေတာ့မွ သိတယ္။ေန႔စဥ္ ေငြသြင္းတယ္။ ဖုန္းကတ္ ေတြကို မေပးဘူး။ တျဖည္းျဖည္းနဲ႔ ေငြဆက္မသြင္းရင္ ၿခိမ္းေျခာက္တာလည္း ပါတယ္။ သူက လူႀကီး လည္းပိုင္တယ္။ ဝိတ္ရွိတယ္ဆိုတဲ့ အေၾကာင္း။ ဆက္မသြင္းရင္ အရင္ဝယ္ထားတဲ့ ကတ္ေတြကို Log လာ့ခ်လိုက္ရင္ အဆင့္ဆင့္မွာ ျဖန႔္ထားတဲ့ ကတ္ေတြကစ အကုန္လုံး ပိတ္သြားမွာေပါ့။ အဲဒီလိုျဖစ္မွာစိုးလို႔ ေစာင့္လိုက္တာ ပိုဆိုးသြားတယ္” ဟု ၎က ေျပာသည္။ ေဒၚနႏၵမာလာထံသို႔ ေန႔တိုင္းနီးပါး ေငြသြားေတာင္းခဲ့ရာ ေပးမည္ဟုသာေျပာၿပီး အခ်ိန္ဆြဲခဲ့ေၾကာင္း ၎ကဆက္လက္ ေျပာသည္။

”ေငြေတာင္းတယ္။ ေပးမယ္လု႔ိေျပာတယ္။ မေပးဘူးလို႔ တစ္ခါ မွမေျပာဘူး။ ေစာင့္ဆိုင္းခိုင္းတယ္။ အခ်ိန္ဆြဲတာေပါ့။ လုံးဝကို မေပးခဲ့ဘူး။ ေနာက္ပိုင္းေတာ့ အလိမ္ခံ ရသူေတြမ်ားလာတယ္။ ကုန္သည္ အခ်င္းခ်င္းသတင္းေတြ ၾကားလာ ေတာ့ လုံးဝလိမ္တယ္ဆိုတာ သိ သြားတာ”ဟု ေဒၚခ်ိဳခ်ိဳက ေျပာသည္။ လိမ္လည္မႈ အမ်ားစုမွာ ဖုန္း ေငြျဖည့္ကတ္မ်ိဳးစုံ လက္ကားျဖန႔္ ခ်ိေရး လုပ္ငန္းမ်ားတြင္ျဖစ္ေၾကာင္း ကာယကံရွင္မ်ားက ေျပာသည္။ မဂၤလာဒုံၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ေအာင္သန္းဦးက ”အမႈႏွစ္မႈ ထပ္ ဖြင့္ထားတာဟုတ္ပါတယ္”ဟု ဒီမို ကေရစီတူေဒးသို႔ ဇန္နဝါရီ ၁၃ ရက္တြင္ ေျပာသည္။ အလိမ္ခံရသူတိုင္းမွာ ၿခိမ္း ေျခာက္ခံခဲ့ရေၾကာင္း မဂၤလာဒုံၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ဦးေအာင္လႈိင္ဝင္းက ေျပာ သည္။

”လူတိုင္းနီးပါးကေတာ့ ၿခိမ္း ေျခာက္မႈေတြ လုပ္ခဲ့တယ္ဆိုၿပီး ေျပာတယ္။ သူက လူႀကီးေတြနဲ႔ သိတဲ့အတြက္ ရဲေတြဘက္က သိပ္ မလုပ္ေပးဘူးေပါ့။ ခုက်မွ မိလည္း မိၿပီဆိုေတာ့ သတၱိရွိၿပီးေတာ့မွ လာ တိုင္ၾကတာေပါ့”ဟု ၎က ေျပာ သည္။ လိမ္လည္မႈကို တစ္ဦးတစ္ ေယာက္တည္း မဟုတ္ဘဲ စုေပါင္း၍ ဂိုဏ္းအသြင္လုပ္ျခင္း ျဖစ္သည္ဟု ခိုင္မာေသာ အခ်က္အလက္မ်ား ရထားေၾကာင္း ၎ကဆက္လက္ ေျပာသည္။ ”သတင္းၾကားကတည္းက ေဖာ္ထုတ္လိုက္ရင္ ဒီေလာက္မႀကီးလာဘူး။ ခုဟာက မူးယစ္ဂိုဏ္းလို ျဖစ္လာတယ္။ ဂိုဏ္းက တျဖည္း ျဖည္း ႀကီးလာၿပီးေတာ့ ေငြေၾကး အင္အား ေတာင့္တင္းလာတယ္။ ေဒၚနႏၵမာလာ တစ္ေယာက္တည္းကိုပဲ အာ႐ုံစိုက္လို႔ မရဘူး။ သူ႔ေနာက္မွာ လုပ္ေပးေနတဲ့ဂိုဏ္းက အဖြဲ႕ လိုက္ရွိတယ္။ သတင္းရထားတယ္။ အမ်ားႀကီးရွိတယ္။ ေနာက္ကြယ္ မွာ ႀကိဳးကိုင္ၿပီးလုပ္ေနတာ။ ေဖာ္ ထုတ္သြားမွာပါ”ဟု ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေအာင္လႈိင္ ဝင္းက ေျပာသည္။

လက္ရွိတြင္ေယာဂီဝတ္ ေဒၚနႏၵမာလာသည္ မႏၲေလးႏွင့္ ရန္ကုန္တို႔၌ လိမ္လည္မႈျဖင့္ အမႈ ေျခာက္မႈ ရင္ဆိုင္ေနရၿပီး အမႈထပ္ ဖြင့္လိုသူ အမ်ားအျပားရွိေၾကာင္း လည္း သိရသည္။ ေယာဂီဝတ္ ေဒၚနႏၵမာလာ ကို ယခုႏွစ္ ဇန္နဝါရီ ၂ ရက္က ရန္ကုန္-မႏၲေလး အျမန္လမ္းတြင္ ဖမ္းမိခဲ့ၿပီးေနာက္ လူဝတ္လဲကာ မႏၲေလးၿမိဳ႕ ေအာင္ေျမသာစည္ တရား႐ုံးႏွင့္ မဂၤလာဒုံၿမိဳ႕နယ္ တရား႐ုံး၌ လိမ္လည္မႈျဖင့္ ႐ုံးထုတ္ခဲ့ၿပီး အာမခံေပးထားေၾကာင္း၊ လႈိင္ၿမိဳ႕ နယ္ တရား႐ုံးတြင္ ဇန္နဝါရီ ၁၅ ရက္သို႔ ႐ုံးခ်ိန္း ခ်ိန္းဆိုထားကာ အာ မခံေပးသင့္၊ မေပးသင့္ အမိန႔္ခ် သြားမည္ျဖစ္သည္။

Crd-WYHW
democracytoday

Unicode ျဖင့္ဖတ္ရန္

ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး လိမ်လည်မှုဖြင့် ဒေါ်နန္ဒမာလာကို အမှုနှစ်မှု ထပ်ဖွင့်လိုက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလအတွင်းက ခင်မင်ရင်နှီးသူ ဒေါ်နန္ဒမာလာသည် ဖုန်းငွေဖြည့်ကတ်မျိုး စုံ လက်ကားဖြန့်ချိရာတွင် ၎င်းထံမှ ယူပါက ရာခိုင်နှုန်းများများ ပေးမည်ဖြစ်ကြောင်း ယုံကြည်အောင် ပြောသဖြင့် စာချုပ်ချုပ်ခဲ့ကြောင်း၊ စပေါ်ငွေကျပ်သိန်း ၁၅ဝဝ အပြင် စုစုပေါင်း ကျပ်သိန်း ၁၅ဝဝဝ နီး ပါးကိုယူပြီးနောက် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီမှ စတင်ကာ ငွေများကို ပြန်မပေးတော့သဖြင့် အမှုဖွင့်လိုက် ပြီဖြစ်ကြောင်း ကာယကံရှင် အင်းစိန် မြို့နယ်နေ ဒေါ်ဌေးဌေးက ဒီမိုက ရေစီတူဒေးသို့ ပြောသည်။

မင်္ဂလာဒုံမြို့မရဲစခန်းသို့ ဇန်နဝါရီ ၁၁ ရက်က သွားရောက် တိုင်တန်းခြင်းဖြစ်ပြီး (ပ)၃၄/ ၂ဝ၁၉၊ လိမ်လည်မှု ပုဒ်မ ၄၂ဝ ဖြင့် ဒေါ်နန္ဒမာလာကို အမှုဖွင့်ထား ကြောင်း ၎င်းက ပြောသည်။ ”အမှုဖွင့်လိုက်ပြီ။ အမှုနံပါတ် တွေလည်းရပြီ။ လိမ်လည်မှုနဲ့ပဲ။အားလုံး ကျပ်သိန်း ၁၅ဝဝဝ ဝန်းကျင်လောက်ပါတယ်။ တစ်ယောက် တည်းမဟုတ်ဘူး။ ဆွေမျိုးတွေနဲ့ ကုန်သည်အဖွဲ့တွေ ပါတယ်။ ရဲစခန်းကတော့ စစ်ချက်တွေ အကုန်ယူပြီးပြီ”ဟု ကာယကံရှင် ဒေါ်ဌေး ဌေးက ဇန်နဝါရီ ၁၃ ရက်တွင် ပြောသည်။

လိမ်လည်ခံရပြီးသော ၂ဝ၁၆ ခုနှစ်အတွင်း သက်ဆိုင်ရာ သာသနာရေးဝန်ကြီးဌာနနှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနသို့ သွားရောက် တိုင်တန်းသော်လည်း တရားဥပဒေလမ်းကြောင်းအတိုင်းသာ ပြုလုပ် ရန် အကြောင်းပြန်ခဲ့ကြောင်း ၎င်းက ပြောသည်။ ”ပထမ လေးငါးခါတွေ့တော့ ပေးမယ် ပေးမယ်နဲ့ ရက်ချိန်းပေး ပြီးတော့ နောက်ပိုင်းတော့ ရှောင်သွားတယ်။ ထွက်မတွေ့တော့ဘူး။ စောင့်ရင်းစောင့်ရင်းနဲ့ အခုလို ကြန့် ကြာသွားတာပေါ့”ဟု ၎င်းကဆက် လက်ပြောသည်။ ငွေသွားတောင်းစဉ်ကလည်း ဒေါ်နန္ဒမာလာက ခြိမ်းခြောက်ခဲ့ ကြောင်း ဒေါ်ဌေးဌေးကပြောသည်။

”သူက ထောင်လည်း ကျဖူး တယ်။ သူ့နောက်မှာ လူကြီးတွေရှိ တယ်ပေါ့။ နေပြည်တော်က လူကြီး တွေလည်းပိုင်တယ်ပေါ့။ ခြိမ်းခြောက် တာပေါ့”ဟု ၎င်းကပြောသည်။ ထို့အတူ မရမ်းကုန်းမြို့နယ် (၉)ရပ်ကွက်နေ ကန်ထရိုက် လုပ်ကိုင်သူ ဒေါ်ချိုချိုကလည်း ကျပ် သိန်း ၄ဝဝဝ ကျော် လိမ်လည်မှု ဖြင့် ဒေါ်နန္ဒမာလာကို ထပ်မံအမှု ဖွင့်ခဲ့သေးသည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ အတွင်းက ဒေါ်နန္ဒမာလာက ယုံ ကြည်အောင် ပြောဆိုမှုကြောင့် ဖုန်း ငွေဖြည့်ကတ်မျိုးစုံ ဖြန့်ချိမှုလုပ်ငန်း ကိုအတူ လုပ်ကိုင်ခဲ့ကြောင်း၊ ထို့ နောက် စပေါ်တင်ခဲ့သည့် ကျပ်သိန်း ၁ဝဝဝ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၄ဝဝဝ ကျော်ကို ခြောက်လ ကြာသည့်အခါ ပြန်မပေးတော့ ကြောင်း ကာယကံရှင် ဒေါ်ချိုချိုက ပြောသည်။

အမှုကို မင်္ဂလာဒုံ မြို့မရဲစခန်း မှ (ပ)၃၅/၂ဝ၁၉၊ လိမ်လည်မှုပုဒ်မ ၄၂ဝ ဖြင့် ဒေါ်နန္ဒမာလာကို ထပ်မံအမှုဖွင့်ထားသည်။ ”ပထမတော့ လိမ်လည်မှန်း မသိဘူး။ နောက်တော့မှ သိတယ်။နေ့စဉ် ငွေသွင်းတယ်။ ဖုန်းကတ် တွေကို မပေးဘူး။ တဖြည်းဖြည်းနဲ့ ငွေဆက်မသွင်းရင် ခြိမ်းခြောက်တာလည်း ပါတယ်။ သူက လူကြီး လည်းပိုင်တယ်။ ဝိတ်ရှိတယ်ဆိုတဲ့ အကြောင်း။ ဆက်မသွင်းရင် အရင်ဝယ်ထားတဲ့ ကတ်တွေကို Log လာ့ချလိုက်ရင် အဆင့်ဆင့်မှာ ဖြန့်ထားတဲ့ ကတ်တွေကစ အကုန်လုံး ပိတ်သွားမှာပေါ့။ အဲဒီလိုဖြစ်မှာစိုးလို့ စောင့်လိုက်တာ ပိုဆိုးသွားတယ်” ဟု ၎င်းက ပြောသည်။ ဒေါ်နန္ဒမာလာထံသို့ နေ့တိုင်းနီးပါး ငွေသွားတောင်းခဲ့ရာ ပေးမည်ဟုသာပြောပြီး အချိန်ဆွဲခဲ့ကြောင်း ၎င်းကဆက်လက် ပြောသည်။

”ငွေတောင်းတယ်။ ပေးမယ်လု့ိပြောတယ်။ မပေးဘူးလို့ တစ်ခါ မှမပြောဘူး။ စောင့်ဆိုင်းခိုင်းတယ်။ အချိန်ဆွဲတာပေါ့။ လုံးဝကို မပေးခဲ့ဘူး။ နောက်ပိုင်းတော့ အလိမ်ခံ ရသူတွေများလာတယ်။ ကုန်သည် အချင်းချင်းသတင်းတွေ ကြားလာ တော့ လုံးဝလိမ်တယ်ဆိုတာ သိ သွားတာ”ဟု ဒေါ်ချိုချိုက ပြောသည်။ လိမ်လည်မှု အများစုမှာ ဖုန်း ငွေဖြည့်ကတ်မျိုးစုံ လက်ကားဖြန့် ချိရေး လုပ်ငန်းများတွင်ဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။ မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲအုပ် အောင်သန်းဦးက ”အမှုနှစ်မှု ထပ် ဖွင့်ထားတာဟုတ်ပါတယ်”ဟု ဒီမို ကရေစီတူဒေးသို့ ဇန်နဝါရီ ၁၃ ရက်တွင် ပြောသည်။ အလိမ်ခံရသူတိုင်းမှာ ခြိမ်း ခြောက်ခံခဲ့ရကြောင်း မင်္ဂလာဒုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးအောင်လှိုင်ဝင်းက ပြော သည်။

”လူတိုင်းနီးပါးကတော့ ခြိမ်း ခြောက်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး ပြောတယ်။ သူက လူကြီးတွေနဲ့ သိတဲ့အတွက် ရဲတွေဘက်က သိပ် မလုပ်ပေးဘူးပေါ့။ ခုကျမှ မိလည်း မိပြီဆိုတော့ သတ္တိရှိပြီးတော့မှ လာ တိုင်ကြတာပေါ့”ဟု ၎င်းက ပြော သည်။ လိမ်လည်မှုကို တစ်ဦးတစ် ယောက်တည်း မဟုတ်ဘဲ စုပေါင်း၍ ဂိုဏ်းအသွင်လုပ်ခြင်း ဖြစ်သည်ဟု ခိုင်မာသော အချက်အလက်များ ရထားကြောင်း ၎င်းကဆက်လက် ပြောသည်။ ”သတင်းကြားကတည်းက ဖော်ထုတ်လိုက်ရင် ဒီလောက်မကြီးလာဘူး။ ခုဟာက မူးယစ်ဂိုဏ်းလို ဖြစ်လာတယ်။ ဂိုဏ်းက တဖြည်း ဖြည်း ကြီးလာပြီးတော့ ငွေကြေး အင်အား တောင့်တင်းလာတယ်။ ဒေါ်နန္ဒမာလာ တစ်ယောက်တည်းကိုပဲ အာရုံစိုက်လို့ မရဘူး။ သူ့နောက်မှာ လုပ်ပေးနေတဲ့ဂိုဏ်းက အဖွဲ့ လိုက်ရှိတယ်။ သတင်းရထားတယ်။ အများကြီးရှိတယ်။ နောက်ကွယ် မှာ ကြိုးကိုင်ပြီးလုပ်နေတာ။ ဖော် ထုတ်သွားမှာပါ”ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်လှိုင် ဝင်းက ပြောသည်။

လက်ရှိတွင်ယောဂီဝတ် ဒေါ်နန္ဒမာလာသည် မန္တလေးနှင့် ရန်ကုန်တို့၌ လိမ်လည်မှုဖြင့် အမှု ခြောက်မှု ရင်ဆိုင်နေရပြီး အမှုထပ် ဖွင့်လိုသူ အများအပြားရှိကြောင်း လည်း သိရသည်။ ယောဂီဝတ် ဒေါ်နန္ဒမာလာ ကို ယခုနှစ် ဇန်နဝါရီ ၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဖမ်းမိခဲ့ပြီးနောက် လူဝတ်လဲကာ မန္တလေးမြို့ အောင်မြေသာစည် တရားရုံးနှင့် မင်္ဂလာဒုံမြို့နယ် တရားရုံး၌ လိမ်လည်မှုဖြင့် ရုံးထုတ်ခဲ့ပြီး အာမခံပေးထားကြောင်း၊ လှိုင်မြို့ နယ် တရားရုံးတွင် ဇန်နဝါရီ ၁၅ ရက်သို့ ရုံးချိန်း ချိန်းဆိုထားကာ အာ မခံပေးသင့်၊ မပေးသင့် အမိန့်ချ သွားမည်ဖြစ်သည်။

Crd-WYHW

Comments are closed.