အေမ႔ေလ်ာ ႔ခံ အည တရ သူရဲေကာင္္္္းတစ္ဦးရဲ႕ ေန၀င္ခ်ိန္ (သို႔မဟုတ္) ဓါးစန္းရီ

အေမ႔ေလ်ာ ႔ခံ အည တရ သူရဲေကာင္္္္းတစ္ဦးရဲ႕ ေန၀င္ခ်ိန္ (သို႔မဟုတ္) ဓါးစန္းရီ

ရန္ ကုန္၊ ေရႊျပည္သာၿမိဳ႕နယ္ရွိ ေနအိမ္ ခပ္စိပ္စိပ္ ရပ္ကြက္ထဲက အိမ္ကေလးမွာ ေနထိုင္တဲ႔ အသက္ ၈၀ ေက်ာ္ အဘြားအို တစ္ဦးကို ဂ႐ုျပဳမိသူေတြ အေတာ္နည္းပါးလွပါတယ္။ အဲဒီ အဘြားအိုကေတာ႔ သမိုင္းစာမ်က္ႏွာေတြထဲမွာ အေမ႔ေလ်ာ႔ခံ ထားရတဲ႔ အညတရ သူရဲေကာင္း တစ္ဦးျဖစ္တဲ႔ ဓါးစန္းရီလို႔ လူသိမ်ားတဲ႔ ေဒၚစန္းရီ ျဖစ္ပါတယ္။

ဓါးတစ္လက္ကို ကြ်မ္းက်င္ပိုင္ႏိုင္စြာ ကိုင္တြယ္ႏိုင္ၿပီး၊ ဒုစ႐ိုက္ေလာကမွာေရာ၊ ရဲ၀န္ထမ္းေလာကမွာပါ ဖိန္ဖိန္႔တုန္ေအာင္ နာမည္ႀကီးခဲ႔တဲ႔ ဓားစန္းရီဟာ အာဇာနည္ဗိမာန္ ဗံုးေဖာက္ခြဲမႈက ေျမာက္ကိုရီးယားႏိုင္ငံသား တရားခံ ဇင္မိုကို အရွင္ရေအာင္ အသက္စြန္႔ၿပီး ဖမ္းဆီးေပးႏိုင္ခဲ႔ပါတယ္။

၁၉၈၃ ခုႏွစ္ ေအာက္တိုဘာလ ၁၀ ရက္ေန႔၊ ည ၉ နာရီခြဲ အခ်ိန္ေလာက္မွာ ပုဇြန္ေတာင္ေစ်း အေနာက္ဘက္ က ေခ်ာင္း႐ိုးတစ္ေလွ်ာက္ဆူညံသံေတြၾကားရတဲ႔အတြက္ ေညာင္တန္း ဆိပ္ကမ္းအနီးမွာေနတဲ႔ ဓားစန္းရီ တစ္ေယာက္ ညဝတ္အက်ႌနဲ႔ ေခ်ာင္းစပ္ကို ေျပးထြက္လာခဲ့ရာက ဒီအျဖစ္အပ်က္ေတြ စတင္ခဲ႔တာျဖစ္ပါတယ္။

“ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အုတ္ဂူကို ေဖာက္ခြဲပစ္ၿပီလို႔ မနက္က ၾကားလိုက္ရေတာ့ နားထဲမွာ မခံႏိုင္လို႔ ၊ ဟာ ဒါ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ေဖာက္ခြဲလို႔ ၊ အုတ္ဂူကိုေဖာက္ခြဲတဲ့ေကာင္ေတြပဲ ျဖစ္မွာပဲလို႔ ၊ ငါ သြားၾကည့္ဦးမယ္ ဆိုၿပီးေတာ့ သြားဆင္းၾကည့္ၿပီး စိတ္ထဲကိုက မခံခ်င္တဲ့စိတ္နဲ႔ ျပင္းျပၿပီးေတာ့ ဆင္းဖမ္းတာ ” လို႔ ဓားစန္းရီက အဲဒီညကို ျပန္ေျပာင္းေျပာျပပါတယ္။

ေတာင္ကိုရီးယား သမၼတခ်န္ဒူးဝမ္ကို လုပ္ႀကံမႈမွာ ေတာင္ကိုရီးယားအရာရွိ ၁၇ ဦးနဲ႔ ျမန္မာႏိုင္ငံသား ၄ ဦး ေသဆံုးခဲ့ရပါတယ္။ ဒါ့အျပင္ သမိုင္း၀င္ အာဇာနည္ေတြရဲ႕ အုတ္ဂူေတြလည္း ပ်က္စီးခဲ့ရၿပီး အဲဒီေနရာမွာပဲ ကေန႔ေခတ္ ျမင္ေနရတဲ့ အာဇာနည္ဗိမာန္ကို ျပန္တည္ေဆာက္ခဲ့ရတာပါ။

ဒီ လုပ္ႀကံမႈမွာ ပါဝင္သူ ေျမာက္ကိုရီးယား ႏိုင္ငံသားသံုးဦးအနက္ တစ္ဦးကို အေသ ဖမ္းမိခဲ့ၿပီး ၂ ေယာက္ကို အရွင္ဖမ္းမိခဲ႔ပါတယ္။ပုဇြန္ေတာင္ေခ်ာင္းမွာ တရားခံ ဇင္မိုကို အရွင္ရေအာင္ ဖမ္းဆီးေပးခဲ့တဲ႔ ဓားစန္းရီကို အစိုးရက ဂုဏ္ျပဳ မွတ္တမ္းနဲ႔ ကက္ဆက္တစ္လံုး၊ ဆုခ်ီးျမႇင့္ခဲ့ပါတယ္။ ဒါေပမယ္႔လည္း လက္႐ွိအေနအထားမွာေတာ႔ ဓားစန္းရီ ဟာ ေမြးစားသမီးျဖစ္သူရဲ႕အိမ္ကေလးမွာ ဆင္းရဲခ်ဳိ႕တဲ႔စြာေနထိုင္ရင္း တစ္ခ်ိန္က ရဲရင့္တဲ့ႏွလံုးသားပိုင္ရွင္ ေဒၚစန္းရီဟာ အခု အခ်ိန္မွာေတာ့ ႏွလုံးေရာဂါေ၀ဒနာကိုလည္း ခံစားေနရပါတယ္။

အာဇာနည္ေန႔နဲ႔ အာဇာနည္ဗိမာန္ဟာ ခြဲျခားလို႔မရေအာင္ သမိုင္းအစဥ္အလာႀကီးမားလွသလို အာဇာနည္ေတြ လဲေလ်ာင္းရာ ဗိမာန္ကို ဗံုးေဖါက္ခဲ့တဲ့ တရားခံကို ဖမ္းေပးခဲ့တဲ့ အရပ္သား အမ်ဳိးသမီး ဓားစန္းရီဟာလည္း သမိုင္းထဲက အဓိကဇာတ္ေကာင္တစ္ေကာင္ျဖစ္ပါတယ္။

ဒါေပမယ္႔လည္း အခု အခါမွာေတာ႔ အေမ႔ေလ်ာ႔ခံ အညတရသူရဲေကာင္း ဓားစန္းရီဟာ ဆိုး၀ါးလာတဲ႔ က်န္းမာေရးေၾကာင္႔ သူရဲ႕အသက္ေမြး၀မ္းေက်ာင္းျဖစ္တဲ႔ လူစည္ကားရာေနရာေတြမွာ အလွဴခံဖို႔ေတာင္ ခက္ခဲေနၿပီး လာေရာက္ကူညီေပးမယ္႔သူေတြကိုသာ ေနအိမ္ကေစာင္႔ေမွ်ာ္ရင္း ဘ၀ကို ခက္ခဲစြာ ျဖတ္သန္းေနရရွာပါတယ္။

အသက္ ၈၀ ေက်ာ္အရြယ္ အဘြားအိုတစ္ဦးရဲ႕ အခက္အခဲကို အခုလိုပဲ သူက ခပ္ရွင္းရွင္း ေျပာခ်လိုက္ပါေတာ့တယ္။
“ အဘြားကို ေျမေလးတစ္ကြက္ေလာက္ ၊ တင့္တင့္တယ္တယ္ လူၾကားထဲမွာ ေနႏိုင္တဲ့ေနရာေလးမွာ ေျမတစ္ကြက္ေလာက္ေလးနဲ႔ အိမ္ေလးတစ္လံုးနဲ႔၊ အဘြားဟာ အဘြား ေစ်းေလးဘာေလး ထိုင္ရင္းနဲ႔ ေရာင္းစားမယ္။ သူတို႔အေနနဲ႔ ေငြေၾကးေလးေထာက္ပံ့မယ္ဆိုရင္ေတာင္ အဘြား ေက်နပ္ပါတယ္တဲ႔ဗ်ာ။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။ XB Media Myanmar

ref:Mizzima

Unicode

ရန် ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ နေအိမ် ခပ်စိပ်စိပ် ရပ်ကွက်ထဲက အိမ်ကလေးမှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘွားအို တစ်ဦးကို ဂရုပြုမိသူတွေ အတော်နည်းပါးလှပါတယ်။ အဲဒီ အဘွားအိုကတော့ သမိုင်းစာမျက်နှာတွေထဲမှာ အမေ့လျော့ခံ ထားရတဲ့ အညတရ သူရဲကောင်း တစ်ဦးဖြစ်တဲ့ ဓါးစန်းရီလို့ လူသိများတဲ့ ဒေါ်စန်းရီ ဖြစ်ပါတယ်။

ဓါးတစ်လက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ပြီး၊ ဒုစရိုက်လောကမှာရော၊ ရဲဝန်ထမ်းလောကမှာပါ ဖိန်ဖိန့်တုန်အောင် နာမည်ကြီးခဲ့တဲ့ ဓားစန်းရီဟာ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှုက မြောက်ကိုရီးယားနိုင်ငံသား တရားခံ ဇင်မိုကို အရှင်ရအောင် အသက်စွန့်ပြီး ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်လောက်မှာ ပုဇွန်တောင်စျေး အနောက်ဘက် က ချောင်းရိုးတစ်လျှောက်ဆူညံသံတွေကြားရတဲ့အတွက် ညောင်တန်း ဆိပ်ကမ်းအနီးမှာနေတဲ့ ဓားစန်းရီ တစ်ယောက် ညဝတ်အကျႌနဲ့ ချောင်းစပ်ကို ပြေးထွက်လာခဲ့ရာက ဒီအဖြစ်အပျက်တွေ စတင်ခဲ့တာဖြစ်ပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အုတ်ဂူကို ဖောက်ခွဲပစ်ပြီလို့ မနက်က ကြားလိုက်ရတော့ နားထဲမှာ မခံနိုင်လို့ ၊ ဟာ ဒါ ဗိုလ်ချုပ်အောင်ဆန်းကို ဖောက်ခွဲလို့ ၊ အုတ်ဂူကိုဖောက်ခွဲတဲ့ကောင်တွေပဲ ဖြစ်မှာပဲလို့ ၊ ငါ သွားကြည့်ဦးမယ် ဆိုပြီးတော့ သွားဆင်းကြည့်ပြီး စိတ်ထဲကိုက မခံချင်တဲ့စိတ်နဲ့ ပြင်းပြပြီးတော့ ဆင်းဖမ်းတာ ” လို့ ဓားစန်းရီက အဲဒီညကို ပြန်ပြောင်းပြောပြပါတယ်။

တောင်ကိုရီးယား သမ္မတချန်ဒူးဝမ်ကို လုပ်ကြံမှုမှာ တောင်ကိုရီးယားအရာရှိ ၁၇ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် သမိုင်းဝင် အာဇာနည်တွေရဲ့ အုတ်ဂူတွေလည်း ပျက်စီးခဲ့ရပြီး အဲဒီနေရာမှာပဲ ကနေ့ခေတ် မြင်နေရတဲ့ အာဇာနည်ဗိမာန်ကို ပြန်တည်ဆောက်ခဲ့ရတာပါ။

ဒီ လုပ်ကြံမှုမှာ ပါဝင်သူ မြောက်ကိုရီးယား နိုင်ငံသားသုံးဦးအနက် တစ်ဦးကို အသေ ဖမ်းမိခဲ့ပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့ပါတယ်။

ပုဇွန်တောင်ချောင်းမှာ တရားခံ ဇင်မိုကို အရှင်ရအောင် ဖမ်းဆီးပေးခဲ့တဲ့ ဓားစန်းရီကို အစိုးရက ဂုဏ်ပြု မှတ်တမ်းနဲ့ ကက်ဆက်တစ်လုံး၊ ဆုချီးမြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအနေအထားမှာတော့ ဓားစန်းရီ ဟာ မွေးစားသမီးဖြစ်သူရဲ့အိမ်ကလေးမှာ ဆင်းရဲချို့တဲ့စွာနေထိုင်ရင်း တစ်ချိန်က ရဲရင့်တဲ့နှလုံးသားပိုင်ရှင် ဒေါ်စန်းရီဟာ အခု အချိန်မှာတော့ နှလုံးရောဂါဝေဒနာကိုလည်း ခံစားနေရပါတယ်။

အာဇာနည်နေ့နဲ့ အာဇာနည်ဗိမာန်ဟာ ခွဲခြားလို့မရအောင် သမိုင်းအစဉ်အလာကြီးမားလှသလို အာဇာနည်တွေ လဲလျောင်းရာ ဗိမာန်ကို ဗုံးဖေါက်ခဲ့တဲ့ တရားခံကို ဖမ်းပေးခဲ့တဲ့ အရပ်သား အမျိုးသမီး ဓားစန်းရီဟာလည်း သမိုင်းထဲက အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု အခါမှာတော့ အမေ့လျော့ခံ အညတရသူရဲကောင်း ဓားစန်းရီဟာ ဆိုးဝါးလာတဲ့ ကျန်းမာရေးကြောင့် သူရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လူစည်ကားရာနေရာတွေမှာ အလှူခံဖို့တောင် ခက်ခဲနေပြီး လာရောက်ကူညီပေးမယ့်သူတွေကိုသာ နေအိမ်ကစောင့်မျှော်ရင်း ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရရှာပါတယ်။

အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦးရဲ့ အခက်အခဲကို အခုလိုပဲ သူက ခပ်ရှင်းရှင်း ပြောချလိုက်ပါတော့တယ်။
“ အဘွားကို မြေလေးတစ်ကွက်လောက် ၊ တင့်တင့်တယ်တယ် လူကြားထဲမှာ နေနိုင်တဲ့နေရာလေးမှာ မြေတစ်ကွက်လောက်လေးနဲ့ အိမ်လေးတစ်လုံးနဲ့၊ အဘွားဟာ အဘွား စျေးလေးဘာလေး ထိုင်ရင်းနဲ့ ရောင်းစားမယ်။ သူတို့အနေနဲ့ ငွေကြေးလေးထောက်ပံ့မယ်ဆိုရင်တောင် အဘွား ကျေနပ်ပါတယ်တဲ့ဗျာ။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။ XB Media Myanmar

ref:Mizzima

Comments are closed.