လွမ်းခြင်းတွေအားငယ်ခြင်းတွေထွက်ပြေးချင်တဲ့စိတ်တွေနဲ့ မိခင်ကြီးကို သတိရလွမ်းဆွတ်နေကြောင်းခံစား ချက် တွေကို ရင်ဖွင့်လာတဲ့ အိုင်ရင်းဇင်မာမြင့်

ပရိသတ်ကြီးရေ အိုင်ရင်းဇင်မာမြင့်ကတော့ ပရိသတ်တွေရဲကအားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ် ယော က် ပဲဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့်ကတော့ လတ်တလောမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူရဲ့ မိခင်ကြီးကို လွမ်းဆွတ် တမ်းတသတိရနေကြောင်း ဝမ်းနည်းစွာနဲ့ရင်ဖွင့်လာခဲ့ပါတယ်။

အိုင်ရင်းနဲ့ သူ့ရဲ့မိခင်တို့က အမေတစ်ခုသမီးတစ်ခုနဲ့ သားအမိနှစ်ယောက်နှစ်ယောက် အတူတူ အခက်အခဲတွေကို ရင်ဆိုင်လာခဲ့ပြီး အိုင်ရင်း မှာအားပေးဖော်ရယ်လို့ မိခင်ကြီးပဲရှိခဲ့တဲ့ ဘဝမှာ မိခင်ကြီးက ဆုံးပါးကွယ်လွန်သွားခဲ့တဲ့အတွက် အစားထိုးမရလောက်အောင်ကို ဆုံးရှုံးမှုက ကြီးမားလွန်းခဲ့တာပါ။

အိုင်ရင်းကတော့ မိခင်ကြီးကို ကွယ်လွန်တာ နှစ်ပတ်လည်ကျရောက်တော့မယ့်အချိန်နီးကပ်လာတာနဲကအမျှ မိခင် ကြီး ကို ပိုမိုသတိရလွမ်း ဆွတ်နေခဲ့ပြီး “မနှစ်ကဒီအချိန်လဲ တနည်းတဖုံနဲ့ရုန်းကန်နေရတယ်။ (အခုလောက်တော့ လွမ်းခြင်းတွေအားငယ် ခြင်းတွေထွက်ပြေး ချင် တဲ့စိတ်တော့မဖြစ်ဖူးပေါ့ အမေရှိတယ်ဆိုတဲ့အသိနဲ့လေ) အခုချိန်မှာလဲရုန်းကန်ရ တာပဲ(အရင်ထပ်ပို တဲ့ရုန်းကန်ခြင်းတွေနဲ့ပါပဲ)

ရုန်းကန်ရတာကိုခံစားနိုင်ပေမယ့် လွမ်းတာနဲ့ အရမ်းမြန်ဆန်လွန်းတဲ့အကြောင်းတရားရဲ့အဖြေကိုတော့အခုထိရှာမရသေးဘူးအမေ!” ဆိုပြီး သူ့ရဲ့ခံစားချက်တွေကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။CeleZone ပရိသတ်ကြီးရေ အိုင်ရင်းအတွက် ပရိသတ်တွေက အားပေးနှစ်သိမ့်စကား လေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Advertisement

Source – Irene Zin Mar Myint

Be the first to comment

Leave a Reply

Your email address will not be published.


*