City FM ဂီတဆုကို မိခင်နဲ့ဇနီးကို ပေးဖို့စဉ်းစားထားတဲ့ အဆိုတော်ရွှေထူး

City FM ဂီတဆုကို မိခင်နဲ့ဇနီးကို ပေးဖို့စဉ်းစားထားတဲ့ အဆိုတော်ရွှေထူး










[UNICODE FONT]

စီးတီးအက်ဖ်အမ်၏ ပရိသတ်တောင်းဆိုမှု အများဆုံး တေးသံရှင်ဆုရရှိသည့်နှစ်တွင် ဇနီးနှင့်အတူ ပွဲတက်ရသော ကြောင့် ပိုမိုပျော်ရွှင်ကြောင်း ရွှေ ထူးက ပြောသည်။

‘‘သူ့ရဲ့Feeling Confidence တွေကို ခွဲပေးထားတဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်းConfidence (ယုံကြည်မှု) တွေရှိလာ တယ်’’ဟု ရွှေထူးက ၎င်းက ခံစား ချက်ကိုပြောသည်။

ယင်းဆုဆန်ခါတင်စာရင်း တွင်ပါဝင်သော်လည်း မျှော်မှန်း မထားဘဲရရှိခြင်းဖြစ်ပြီး ဆုရရှိ သောကြောင့် အံ့သြဝမ်းသာရသ လို သီချင်းတောင်းပေးသည့်ပရိ သတ်များကိုလည်းကျေးဇူးတင် ကြောင်း ရွှေထူးကပြောသည်။

‘‘ဒီဆုကို အမေ့ကိုပေးရင် ပေး။ မပေးရင် ကျွန်တော့်အမျိုး သမီးကိုပေးမယ်။ ဆုရတဲ့ရွှေကို တော့ ဘုန်းဘုန်းကို သွားလှူမယ်’’ ဟု ရွှေထူးကပြောသည်။ ယခင်က တတိယတစ်ကိုယ် တော်ခွေကို အေးအေးဆေးဆေး လုပ်ရန် စဉ်းစားထားသော်လည်း ယခုနှစ်အတွင်း ထွက်ရှိနိုင်ရန် ကြိုးစားမည်ဟု ရွှေထူးကပြော သည်။

‘‘ကျွန်တော်က အမြဲတမ်း ကျရှုံးမှုနဲ့စတာ။ ရွှေထူးဆိုပြီး စလုပ်တဲ့အချိန်မှာ ကျွန်တော့် မျက်နှာကို ကျွန်တော်ဝေတဲ့အ ခွေနဲ့ ပြန်ပေါက်ခံရတယ်။ ပထမ ဆုံးရှိုးစဆိုတဲ့အချိန် ကိုယ့်မျက်နှာ ကိုစီဒီချပ်နဲ့ အပေါက်ခံရတဲ့အချိန် မှာ စိတ်ဓာတ်အရမ်းကျခဲ့တယ်။ ဘဝတစ်လျှောက်လုံးက စိတ် ဓာတ်ကျစရာတွေပဲ။ ဒါပေမဲ့ နောက်ဆုတ်သွားမယ့်လူ မဟုတ် ဘူး။ လဲကျသွားမယ့်လူမဟုတ် ဘူး။ အစွမ်းအစရှိသလောက်ကြိုး စားသွားမယ်’’ဟု ရွှေထူးက ၎င်း ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံ ကို ပြောသည်။

ထို့အပြင် ငယ်စဉ်ကတည်း က ကျောင်းပညာရေးတွင် စာမေး ပွဲကျသောကြောင့် မိဘခေါ်ရခြင်းသာကြုံခဲ့ရပြီး ပညာရေး၌ ဆုမရဖူးကြောင်း ၎င်းက ဆိုသည်။

‘‘ကိုရွှေထူးက မင်္ဂလာပွဲပြီး တော့ စိတ်ဓာတ်ကျနေတာ။မိန်းမယူသွားလို့ ပရိသတ်တွေက မချစ်တော့ဘူးဆိုပြီး။ ဒါပေမဲ့ ပရိသတ်က အခုလိုချစ်ပေးလို့ ဆုတွေရတဲ့အတွက် တကယ်လည်းကျေးဇူးတင်ပါတယ်’’ ဟု ဇနီး ရွှေမှုံရတီက ပြောသည်။

ခင်ပွန်းယင်းကဲ့သို့ဆုရသော ကြောင့် ဝမ်းသာပီတိဖြစ်ရသည် မှာ ပြောမပြတတ်လောက်အောင် ဖြစ်ပြီး ဆုကြေညာမည့်အချိန် တွင် ရွှေထူးထက်၎င်းကပိုမိုရင်ခုန်နေခဲ့ကြောင်း ရွှေမှုံရတီက ပြောသည်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.