ကျေးဇူးရှင် လက်ဦးဆရာဖြစ်သူကို ဝန်ချကန်တော့ခဲ့တဲ့ နေခြည်ဦး

ကျေးဇူးရှင် လက်ဦးဆရာဖြစ်သူကို ဝန်ချကန်တော့ခဲ့တဲ့ နေခြည်ဦး





Photos-Nay Chi Oo

[UNICODE FONT]

Beauty Blogger အဖြစ်ကနေပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့နေခြည်ဦးဟာ မင်းသမီးအဖြစ် အသက်မွေးဝမ်းကျောင်းပြုချိန်မှာလည်း ပရိသတ်တွေအခိုင်အမာရရှိခဲ့ပါတယ်။ နေခြည်ဦးဟာ မိန်းကလေးပရိသတ်များစွာကို ပိုင်ဆိုင်ရရှိထားပြီး သူမရဲ့ Beauty Blogger အလုပ်က မိန်းကလေး ပရိသတ်တွေကို ပိုမိုတိုးပွားစေခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးဟာ သူမရဲ့ ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ Year Planner စာအုပ်ကိုလည်း အောင်မြင်စွာရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နေခြည်ဦးလို့ဆိုလိုက်ရင် အားပေးသူတွေနဲ့အတူ ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း အဖက်ဖက်က ခံနေရဆဲဖြစ်ပါတယ်။

နေခြည်ဦးကတော့ ရေရှည်မှာ သရုပ်ဆောင်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသွားမယ်လို့ သူမရဲ့ အင်တာဗျူးတွေမှာဖြေကြားထားတာလည်း ပရိသတ်ကြီးတွေ့ရမှာပါ။ နေခြည်ဦးဟာ သူမရဲ့ ၄ ကားမြောက်သော ရုပ်ရှင်ကို ရိုက်ကူးနေပြီးတော့ ရှေ့မှာလည်း ရန်သူ၊ ဧည့်သည်၊ အောက်ဖဲမလှန်ကြေး စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ရန်သူဇာတ်ကားကိုတော့ ဒါရိုက်တာ မီးပွား၊ ဧည့်သည်ဇာတ်ကားကိုတော့ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် နဲ့ အောက်ဖဲမလှန်ကြေးဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) တို့နဲ့အတူ တွဲဖက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

နေခြည်ဦးကတော့ သူမကို အနုပညာလမ်းကြောင်းပေါ်ရောက်အောင် တွဲခေါ်လာခဲ့တဲ့ လက်ဦးဆရာဖြစ်သူတွေထဲမှာမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး) ကို ဝန်ချကန်တော့ခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးကတော့ လက်ရှိမှာ သူမရဲ့စတုတ္ထမြောက်ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးနေတာဖြစ်ပြီးတော့ ကျေးဇူးရှင် လက်ဦးဆရာ ဖြစ်သူကိုလည်း ရိုသေစွာနဲ့ ကန်တော့ခဲ့တာတွေ့ရပါတယ်။ ကျေးဇူးရှင် ဆရာသမားတွေအပေါ် သိတတ်တဲ့ နေခြည်ဦးရဲ့ စိတ်လေးကလည်း လေးစားဖွယ်ကောင်းလွန်းပါတယ်နော်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Photos-Nay Chi Oo

Comments are closed.