အျမြာသမီးေလးေတြျဖစ္ေပမယ့္ မတူညီၾကတဲ့အခ်က္ေတြကို ေျပာျပလာတဲ့ ေခတ္နဲ႔ သစ္ရဲ႕ ေမေမ ခ်စ္သုေဝ

အျမြာသမီးေလးေတြျဖစ္ေပမယ့္ မတူညီၾကတဲ့အခ်က္ေတြကို ေျပာျပလာတဲ့ ေခတ္နဲ႔ သစ္ရဲ႕ ေမေမ ခ်စ္သုေဝ

ခ်စ္သုေဝရဲ႕ သမီးေလးေတြ ျဖစ္တဲ့ ေခတ္နဲ႔ သစ္ကေတာ့ ပရိ သတ္ေတြရဲ႕ အခ်စ္ေတြကို ပိုင္ဆိုင္ ထားၾကသူေလးေတြပါ။ ၁ႏွစ္နဲ႔ ၇လသာ ရွိေသးေပမယ့္ ဥာဏ္လည္း ေကာင္းၾကၿပီး စကားေတြလည္း တတ္ေနၾကပါၿပီ။ သူတို႔ ေမေမနဲ႔အ တူလည္း ေၾကာ္ျငာေတြ ႐ိုက္ကူးေန ရပါတယ္။ အျမႊာသမီးေလးေတြ ျဖစ္ေပမယ့္ သူတို႔ရဲ႕ ဝါသနာေလး ေတြကေတာ့ အနည္း ငယ္ကြဲျပားမႈ ေတြရွိေနပါတယ္။ သမီးေလးေတြနဲ႔ ပတ္သက္ၿပီး ခ်စ္သုေဝက…

“သမီးေလးေတြ ေၾကာ္ျငာ ႐ိုက္ တာ လက္ခ်ိဳးေရရင္ ဒီဘက္လက္ ေတာင္ မျပည့္ပါဘူး။ မ်ားေသာ အားျဖင့္က ကေလးေတြရဲ႕ ပံုရိပ္ ေလးေတြကို ပရိသတ္အားေပးမ်ား၊Share မ်ားေတာ့ သူတို႔ေတြလုပ္တဲ့ အႏုပညာလႈပ္ရွားမႈလို႔ ထင္ေနၾက တာ။ မထရီဇာ ေတာ္ေတာ္ၫွိၫွိႏိႈင္း ႏႈိင္းလုပ္လို႔ရမွသာ လုပ္တယ္။ ေမြး ထားတာအျမႊာဆိုေတာ့ ႐ိုက္ကူးလို႔ ရွိရင္ သူတို႔ႏွစ္ေယာက္ ၫွိႏႈိင္းဖို႔က အရမ္းခက္တယ္။ တခ်ိဳ႕ေတြက်ေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ လိုခ်င္မႈေတြတအားမ်ားတယ္။

သမီး ေလးေတြအရြယ္နဲ႔ ဘယ္လိုမွအဆင္ မေျပႏိုင္တဲ့ဟာမ်ိဳးက်ရင္ လက္မခံ ေတာ့ဘူး။ ေခတ္ေခတ္နဲ႔ သစ္သစ္မွာ သစ္သစ္ေလးက စိတ္အေႏွာင့္အ ယွက္ေလး အနည္းနဲ႔ အမ်ားျဖစ္ တယ္။ သူက စိတ္အေႏွာင့္အယွက္ ျဖစ္တတ္တဲ့သူမ်ိဳးေပါ့။ အေဖရဲ႕ ဗီဇ ေတြ ပါလာတယ္ထင္ပါတယ္။ ႐ိုက္ ကူးရတာ သူစိတ္ရႈပ္တယ္။ ေခတ္ ေခတ္က ေတာ္ေတာ္ဝါသနာ ပါတာ။ ကင္မရာေရွ႕မွာ သူတအားေပ်ာ္ တယ္။ ႏွစ္ေယာက္က မညီေတာ့ အလုပ္ေတြ လက္ခံတဲ့အခါမွာလည္း သူတို႔ ႏွစ္ေယာက္စလံုးနဲ႔ အဆင္ ေျပေအာင္၊ သမီးေလးႏွစ္ေယာက္ကို တန္ဖိုးထား ခ်စ္ခင္ၿပီး အလုပ္တြဲ လုပ္ခ်င္တာမ်ိဳးပဲ လက္ခံျဖစ္တာပါ” လို႔ေျပာပါတယ္။

သမီးေလးေတြက အသက္ ငယ္ ေသးေပမယ့္ သင္ယူခ်င္စိတ္ေတြ လည္း အားေကာင္းလို႔ေနပါတယ္။ ဒါဟာ သမီးေလးေတြကို မိခင္ႏို႔ပဲ ျပည့္ျပည့္ဝဝ တိုက္ေကြၽးတာေၾကာင့္ လည္း တစ္စိတ္တစ္ပိုင္းပါဝင္လို႔ ေနပါတယ္လို႔ ခ်စ္သုေဝကဆိုပါ တယ္။ ဥာဏ္ေကာင္းတဲ့သမီးေလး ေတြနဲ႔ ပတ္သက္ၿပီး…

“သမီးေလးေတြ က အစ္မရဲ႕ေမတၱာ တအားရတာ ေၾကာင့္လည္းပါမယ္။ သူတို႔စိတ္လံု ၿခံဳမႈေတြရေတာ့ အရာရာကို သင္ ယူခ်င္ေန တာလားမသိဘူး။ သူတို႔ ေတြအရြယ္မွာ တတ္တယ္ဆိုရင္ မ်ားေသာအားျဖင့္က Youtube ျပတဲ့ကေလး ေတြတို႔ကေန တတ္တာ ကိုး။ အစ္မရဲ႕သမီးေလးေတြကို အစ္မ Screen လံုးဝမျပဘူး။ ဖုန္း မျပဘူး။ တီဗီမျပဘူး။ သူတို႔ဖတ္ခ်င္ ရင္ စာအုပ္ဖတ္မယ္။ အစ္မတို႔နဲ႔ စကားေျပာမယ္။ ဒါပဲရွိတာေပါ့။ Right Brain အတြက္ Heguru ေက်ာင္းမွာထားတယ္။ ဒါကလည္း တစ္ပတ္မွာ တစ္ရက္၊ တစ္ရက္မွာ တစ္နာရီေပါ့။ မိသားစုေတြ၊ ပတ္ဝန္း က်င္ေတြနဲ႔ပဲ ထိေတြ႔ရတယ္။ သူတို႔ အရြယ္ေလးနဲ႔ သူတို႔ တတ္ေျမာက္ တာေလးကို ေက်နပ္ပါတယ္။ သူတို႔ ထက္ ဥာဏ္ေကာင္းတဲ့ ကေလးေတြ ကိုလည္း ျမင္ဖူးပါတယ္” လို႔ ေျပာပါ တယ္။

မွတ္ခ်က္-ေပၚျပဴလာဂ်ာနယ္မွကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။ XB Media Myanmar

[Unicode]

ချစ်သုဝေရဲ့ သမီးလေးတွေ ဖြစ်တဲ့ ခေတ်နဲ့ သစ်ကတော့ ပရိ သတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင် ထားကြသူလေးတွေပါ။ ၁နှစ်နဲ့ ရလသာ ရှိသေးပေမယ့် ဉာဏ်လည်း ကောင်းကြပြီး စကားတွေလည်း တတ်နေကြပါပြီ။ သူတို့ မေမေနဲ့အ တူလည်း ကြော်ငြာတွေ ရိုက်ကူးနေ ရပါတယ်။ အမြွှာသမီးလေးတွေ ဖြစ်ပေမယ့် သူတို့ရဲ့ ဝါသနာလေး တွေကတော့ အနည်း ငယ်ကွဲပြားမှု တွေရှိနေပါတယ်။ သမီးလေးတွေနဲ့ ပတ်သက်ပြီး ချစ်သုဝေက…

“သမီးလေးတွေ ကြော်ငြာ ရိုက် တာ လက်ချိုးရေရင် ဒီဘက်လက် တောင် မပြည့်ပါဘူး။ များသော အားဖြင့်က ကလေးတွေရဲ့ ပုံရိပ် လေးတွေကို ပရိသတ်အားပေးများ၊Share များတော့ သူတို့တွေလုပ်တဲ့ အနုပညာလှုပ်ရှားမှုလို့ ထင်နေကြ တာ။ မထရီဇာ တော်တော်ညှိညှိနှိုင်း နှိုင်းလုပ်လို့ရမှသာ လုပ်တယ်။ မွေး ထားတာအမြွှာဆိုတော့ ရိုက်ကူးလို့ ရှိရင် သူတို့နှစ်ယောက် ညှိနှိုင်းဖို့က အရမ်းခက်တယ်။ တချို့တွေကျတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုချင်မှုတွေတအားများတယ်။

သမီး လေးတွေအရွယ်နဲ့ ဘယ်လိုမှအဆင် မပြေနိုင်တဲ့ဟာမျိုးကျရင် လက်မခံ တော့ဘူး။ ခေတ်ခေတ်နဲ့ သစ်သစ်မှာ သစ်သစ်လေးက စိတ်အနှောင့်အ ယှက်လေး အနည်းနဲ့ အများဖြစ် တယ်။ သူက စိတ်အနှောင့်အယှက် ဖြစ်တတ်တဲ့သူမျိုးပေါ့။ အဖေရဲ့ ဗီဇ တွေ ပါလာတယ်ထင်ပါတယ်။ ရိုက် ကူးရတာ သူစိတ်ရှုပ်တယ်။ ခေတ် ခေတ်က တော်တော်ဝါသနာ ပါတာ။ ကင်မရာရှေ့မှာ သူတအားပျော် တယ်။ နှစ်ယောက်က မညီတော့ အလုပ်တွေ လက်ခံတဲ့အခါမှာလည်း သူတို့ နှစ်ယောက်စလုံးနဲ့ အဆင် ပြေအောင်၊ သမီးလေးနှစ်ယောက်ကို တန်ဖိုးထား ချစ်ခင်ပြီး အလုပ်တွဲ လုပ်ချင်တာမျိုးပဲ လက်ခံဖြစ်တာပါ” လို့ပြောပါတယ်။

သမီးလေးတွေက အသက် ငယ် သေးပေမယ့် သင်ယူချင်စိတ်တွေ လည်း အားကောင်းလို့နေပါတယ်။ ဒါဟာ သမီးလေးတွေကို မိခင်နို့ပဲ ပြည့်ပြည့်ဝဝ တိုက်ကျွေးတာကြောင့် လည်း တစ်စိတ်တစ်ပိုင်းပါဝင်လို့ နေပါတယ်လို့ ချစ်သုဝေကဆိုပါ တယ်။ ဉာဏ်ကောင်းတဲ့သမီးလေး တွေနဲ့ ပတ်သက်ပြီး…

“သမီးလေးတွေ က အစ်မရဲ့မေတ္တာ တအားရတာ ကြောင့်လည်းပါမယ်။ သူတို့စိတ်လုံ ခြုံမှုတွေရတော့ အရာရာကို သင် ယူချင်နေ တာလားမသိဘူး။ သူတို့ တွေအရွယ်မှာ တတ်တယ်ဆိုရင် များသောအားဖြင့်က Youtube ပြတဲ့ကလေး တွေတို့ကနေ တတ်တာ ကိုး။ အစ်မရဲ့သမီးလေးတွေကို အစ်မ Screen လုံးဝမပြဘူး။ ဖုန်း မပြဘူး။ တီဗီမပြဘူး။ သူတို့ဖတ်ချင် ရင် စာအုပ်ဖတ်မယ်။ အစ်မတို့နဲ့ စကားပြောမယ်။ ဒါပဲရှိတာပေါ့။ Right Brain အတွက် Heguru ကျောင်းမှာထားတယ်။ ဒါကလည်း တစ်ပတ်မှာ တစ်ရက်၊ တစ်ရက်မှာ တစ်နာရီပေါ့။ မိသားစုတွေ၊ ပတ်ဝန်း ကျင်တွေနဲ့ပဲ ထိတွေ့ရတယ်။ သူတို့ အရွယ်လေးနဲ့ သူတို့ တတ်မြောက် တာလေးကို ကျေနပ်ပါတယ်။ သူတို့ ထက် ဉာဏ်ကောင်းတဲ့ ကလေးတွေ ကိုလည်း မြင်ဖူးပါတယ်” လို့ ပြောပါ တယ်။

မှတ်ချက်-ပေါ်ပြူလာဂျာနယ်မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။ XB Media Myanmar

Comments are closed.