အယ်ဆိုင်းဇီ နဲ့အတူ တွဲတွေ့လိုက် ရတဲ့ မမှတ်မိနိုင်လောက်အော င် ပြောင်းလဲသွားသူ အဆိုတော် မီးမီးခဲရဲ့ ပုံရိပ်များ
အယ်ဆိုင်းဇီ နဲ့အတူ တွဲတွေ့လိုက် ရတဲ့ မမှတ်မိနိုင်လောက်အော င် ပြောင်းလဲသွားသူ အဆိုတော် မီးမီးခဲရဲ့ ပုံရိပ်များ
Photos-L Seng Zi
[Unicode]
အဆိုတော် မီးမီးခဲကတော့ တခေတ်တခါတုန်းက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူူမရဲ့ အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေဟာဆိုရင် ယခုအချိန်ထိ ပရိသတ်တွေက မေ့မရနိုင်ဖြစ်နေတုန်းပါပဲ။ အနုပညာလောကကနေ အဆက်ပြတ်နေခဲ့တဲ့ မီးမီးခဲတစ်ယောက်ဟာ ပရိသတ်တွေရှေ့ကို ယခုအချိန်ထိ ရောက်ရှိလာခဲ့ခြင်းမရှိသေးပေမယ့်….
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အိမ်ထောင်ရေးပြသနာအချို့ကြောင့်ခင်ပွန်းဖြစ်သူ အဆိုတော်ထူးအယ်လင်းနဲ့ ကွာရှင်းခဲ့ပြီး ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အဆိုတော်ထူးအယ်လင်းဟာ အိမ်ထောင်သစ်တစ်ခုကိုထူထောင်ခဲ့ပြီး ယခုအချိန်မှာ သားလေး (၂) ဦးကိုလည်းပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ မီးမီးခဲနဲ့ရထားတဲ့ သမီးလေး ဖြူဖြူစင်စင်လင်းကိုတော့ ဖခင်ဖြစ်သူ ထူးအယ်လင်းကသာ အုပ်ထိန်းမှုပြုနေတာဖြစ်ပါတယ်။
အဆိုတော်ထူးအယ်လင်းဟာ မကြာသေးခင်ကမှ အရင်အိမ်ထောင်ဘက်ဖြစ်သူ မီးမီးခဲဟာ လက်ရှိ သြစတြေးလျမှာ နောက်ထပ် အိမ်ထောင်သစ်တစ်ခုနဲ့ သားသမီးတွေနဲ့အတူနေထိုင်လျက်ရှိကြောင်း ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ သြစတြေးလျကိုရောက်ရှိနေတဲ့ အဆိုတော် အယ်ဆိုင်းဇီနဲ့အတူ အပြောင်းလဲကြီးပြောင်းလဲသွားတဲ့ မီးမီခဲရဲ့ ပုံရိပ်တွေကို တွေ့ရှိရပါသေးတယ်။ အရင်ထက် ပိုချောပြီးလှလာတဲ့ မီးမီးခဲတစ်ယောက်ရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Photos-L Seng Zi
Comments are closed.