သားဖြစ်သူပြန်လာခဲ့ရင် ကျန်းမာရေးကြောင့် အရင်လို မလှတော့တာကို မြင်ပြီးစိတ်မကောင်းဖြစ်သွားမှာ စိုး ရိမ် နေရတယ် ဆိုတဲ့ ပိုင်တံခွန်ရဲ့မေမေ

သရုပ်ဆောင် မင်းသားချောပိုင်တံခွန် အရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ စိတ်ရောကိုယ်ပါနှစ်ပြီးပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာလည်းဖြစ်ပါတယ်။ 

အခုဆိုရင် ဖမ်းဆီးချုပ်နှောင်ခံထားရတာ (၇)လ ကျော်ရှိနေပြီး သူချစ်ရတဲ့ မိသားစုတွေ၊ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ် ဝေးကွာနေရတာလဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့မေမေကလည်း နေမကောင်းဖြစ်နေတဲ့ကြားထဲကမှ သားဖြစ်သူ အိမ်ပြန်လာမယ့်အချိန်ကို စောင့်မျှော်နေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်မေမေက ဆေးတွေသောက်ရတာများပြီး ဆံပင်ပိုပို ကျွတ်နေတာကြောင့် သားဖြစ်သူပြန်လာချိန်မှာ မလှတော့တာကို မြင်ပြီး စိတ်မကောင်းဖြစ်သွားမှာစိုးရိမ်နေတာလည်းဖြစ်ပါတယ်။ 

“ဆေးသောက်ရများပြီး တစ်နေ့ထက်တစ်နေ့

Advertisement

ဆံပင်တွေပိုကျွတ်လာတဲ့ အမေက 

သူ့ဆံပင်ထွေးကြီးကိုကြည့်ပြီး

စိတ်ပျက်လက်ပျက်နဲ့ ဂတုံး တုံးချင်တယ်တဲ့

(အလှသိပ်ကြိုက်တဲ့ အမေကလေ)

Advertisement

ဒါပေမဲ့ သူ့သားပြန်လာချိန် သူ မလှတော့တာကို

မြင်ပြီး စိတ်မကောင်းဖြစ်သွားမှာလည်း 

စိုးရိမ်သတဲ့ကွယ်.” ဆိုပြီးအစ်မဖြစ်သူ မေချစ်သွေးက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာပဲ ဖြစ်ပါတယ်။

Source: May Chit Thway‘s Facebook Acc

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*