ဇာတ္ကားႏွစ္ကားကို ယွဥ္ၾကည့္ေပးဖို႔ေျပာလုိက္တဲ့ ဒါရိုက္တာ ညႊန္႔ျမန္မာညီညီေအာင္

ဇာတ္ကားႏွစ္ကားကို ယွဥ္ၾကည့္ေပးဖို႔ေျပာလုိက္တဲ့ ဒါရိုက္တာ ညႊန္႔ျမန္မာညီညီေအာင္

“ထာဝရထက္ႏွစ္ဆ” ရုပ္ရွင္ဇာတ္ကားႀကီး ဟာရုပ္ရွင္နမူနာထြက္လာတဲ့အခ်ိန္မွာတင္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြက ျပင္းထန္ခဲ့ပါတယ္။ ေအာင္ျမင္တဲ့ အိႏၵိယ ဇာတ္ကားတစ္ကားကို ျပန္လည္ကူးယူရိုုက္ကူးထားတယ္ဆိုၿပီး ပရိသတ္ေတြ ေဝဖန္ေနၾကတာ ျဖစ္သလို အဓိက မင္းသား၊ မင္းသမီးေနရာေတြနဲ႕ ပတ္သက္လို႕လည္း ေဝဖန္မႈေတြ ရွိေနခဲ့ပါတယ္။

ဒီလိုမ်ိဳး ေဝဖန္မႈေတြ ျပင္းထန္ေနတာနဲ႕ ပတ္သက္ၿပီး “ထာဝရထက္ႏွစ္ဆ” ရုပ္ရွင္ဇာတ္ကားႀကီးကိုု ပံုေဖာ္ရိုက္ကူးထားတဲ့ ဒါရိုက္တာ ညႊန္႕ျမန္မာညီညီေအာင္က ထုိေဝဖန္မႈေတြနဲ႕ ပတ္သက္လို႕ ယခုလို ေျပာျပလာပါတယ္။

“F4 ကားဆုိရင္လည္း ကုိရီးယားကား အရမ္းေအာင္ျမင္တယ္။ ဂ်ပန္မွာလည္း အရမ္းနာမည္ႀကီးတယ္။ အ့ဲဒီလုိပဲ ေဟာလိဝုဒ္ကေန ေဘာလိဝုဒ္၊ ေဟာလိဝုဒ္ ကေန ဂ်ပန္သြားေနတဲ့အခ်ိန္မွာ ဒီဇာတ္ကားကုိ ရုပ္ရွင္ ၾကည့္လုိက္ရင္ေတာ့ ရွင္းသြားမွာပါ။ ဇာတ္လမ္းေၾကာရုိးကုိ ယူထားတာမွန္တယ္၊ ဒါေပမယ့္ တင္ျပထား ပုံျခင္းကေတာ့ လုံးဝမတူပါဘူး။ ကၽြန္ေတာ့္အသိဥာဏ္ေလာက္နဲ႔ ကၽြန္ေတာ္ တင္ျပထားတာပါ။’’ လုိ႔ ဇန္နဝါရီလ ၁၄ ရက္ေန႔ညက ‘’ထာဝရထက္ ႏွစ္ဆ’’ ရုပ္ရွင္ကားႀကီး အထူးပြဲမွာ ေျဖဆုိခဲ့တာပါ။

ဇာတ္ကားနဲ႕ ပတ္သက္ၿပီး ေဝဖန္မႈေတြ ရွိေနခဲ့ေပမယ့္လည္း ဒါရိုက္တာက ပရိသတ္ေတြ လြတ္လပ္စြာ ေျပာဆိုတာေတြနဲ႕ ပတ္သက္ၿပီး ဘာမွ မေျပာလိုပါဘူးလို႕ သူက ဆုိပါတယ္။

‘‘’ကၽြန္ေတာ္ေတြ႔ပါတယ္၊ ပရိသတ္ကေတာ့ သူ႔ဘာသာသူ လြတ္လပ္စြာေျပာဆုိလုိ႔ရပါတယ္။ ဒါက ပရိသတ္ရဲ႕ သေဘာထားကုိ ကၽြန္ေတာ္တုိ႔က သြားေျပာလုိ႔မရပါဘူး။ ပရိသတ္က ကၽြန္ေတာ္တုိ႔ရဲ႕ ေက်းဇူး ရွင္ျဖစ္ေနတဲ့ အတြက္ ပရိသတ္ကုိလည္း ကၽြန္ေတာ့္ဘက္က ဖိတ္ေခၚခ်င္တာက ဇာတ္ကားကို လာၾကည့္ပါ’’ လုိ႔ သူကဆုိ ပါတယ္။

“ထာဝရထက္ႏွစ္ဆ” ဇာတ္ကားဟာ အိႏၵိယဇာတ္ကားကို တစ္ကားလံုး ကူးခ်ထားတာမ်ိဳး မဟုတ္ဘဲ ဇာတ္လမ္းေၾကာရိုးကိုသာ မွီျငမ္းထားျခင္း ျဖစ္တယ္လို႕ ဒါရိုက္တာက ဆုိပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြအေနနဲ႕ ဇာတ္ကားႏွစ္ကားကို ယွဥ္ၿပီး ၾကည့္ေပးဖို႕ သူက ေတာင္းဆိုခဲ့ပါတယ္။

“ထာဝရထက္နွစ္ဆ” ရုပ္ရွင္ဇာတ္ကားႀကီးကို ဒါရိုက္တာ ညႊန္႕ျမန္မာ ညီညီေအာင္က ရိုက္ကူးထားတာ ျဖစ္ၿပီး မင္းေမာ္ကြန္း၊ ျမင့္ျမတ္၊ ေရႊမံႈရတီ၊ ေက်ာ္ေက်ာ္၊ ေငြမံႈရတီတို႕က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။ထုိဇာတ္ကားႀကီးကို ဇန္နဝါရီ(၁၈) ရက္ေန႕မွာ ျမန္မာတစ္ႏိုင္ငံလံုးရွိ အဆင့္ျမင့္ ရုပ္ရွင္ရံုႀကီးမ်ားတြင္ ရံုတင္ျပသသြားမွာ ျဖစ္ပါတယ္။

Credit-Cele Yatkwat

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။ XB Media Myanmar

[Unicode]

“ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီး ဟာရုပ်ရှင်နမူနာထွက်လာတဲ့အချိန်မှာတင် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေက ပြင်းထန်ခဲ့ပါတယ်။ အောင်မြင်တဲ့ အိန္ဒိယ ဇာတ်ကားတစ်ကားကို ပြန်လည်ကူးယူရိုုက်ကူးထားတယ်ဆိုပြီး ပရိသတ်တွေ ဝေဖန်နေကြတာ ဖြစ်သလို အဓိက မင်းသား၊ မင်းသမီးနေရာတွေနဲ့ ပတ်သက်လို့လည်း ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။

ဒီလိုမျိုး ဝေဖန်မှုတွေ ပြင်းထန်နေတာနဲ့ ပတ်သက်ပြီး “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးကိုု ပုံဖော်ရိုက်ကူးထားတဲ့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ထိုဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ယခုလို ပြောပြလာပါတယ်။

“F4 ကားဆိုရင်လည်း ကိုရီးယားကား အရမ်းအောင်မြင်တယ်။ ဂျပန်မှာလည်း အရမ်းနာမည်ကြီးတယ်။ အဲ့ဒီလိုပဲ ဟောလိဝုဒ်ကနေ ဘောလိဝုဒ်၊ ဟောလိဝုဒ် ကနေ ဂျပန်သွားနေတဲ့အချိန်မှာ ဒီဇာတ်ကားကို ရုပ်ရှင် ကြည့်လိုက်ရင်တော့ ရှင်းသွားမှာပါ။ ဇာတ်လမ်းကြောရိုးကို ယူထားတာမှန်တယ်၊ ဒါပေမယ့် တင်ပြထား ပုံခြင်းကတော့ လုံးဝမတူပါဘူး။ ကျွန်တော့်အသိဉာဏ်လောက်နဲ့ ကျွန်တော် တင်ပြထားတာပါ။’’ လို့ ဇန်နဝါရီလ ၁၄ ရက်နေ့ညက ‘’ထာဝရထက် နှစ်ဆ’’ ရုပ်ရှင်ကားကြီး အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။

ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေခဲ့ပေမယ့်လည်း ဒါရိုက်တာက ပရိသတ်တွေ လွတ်လပ်စွာ ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောလိုပါဘူးလို့ သူက ဆိုပါတယ်။

‘‘’ကျွန်တော်တွေ့ပါတယ်၊ ပရိသတ်ကတော့ သူ့ဘာသာသူ လွတ်လပ်စွာပြောဆိုလို့ရပါတယ်။ ဒါက ပရိသတ်ရဲ့ သဘောထားကို ကျွန်တော်တို့က သွားပြောလို့မရပါဘူး။ ပရိသတ်က ကျွန်တော်တို့ရဲ့ ကျေးဇူး ရှင်ဖြစ်နေတဲ့ အတွက် ပရိသတ်ကိုလည်း ကျွန်တော့်ဘက်က ဖိတ်ခေါ်ချင်တာက ဇာတ်ကားကို လာကြည့်ပါ’’ လို့ သူကဆို ပါတယ်။

“ထာဝရထက်နှစ်ဆ” ဇာတ်ကားဟာ အိန္ဒိယဇာတ်ကားကို တစ်ကားလုံး ကူးချထားတာမျိုး မဟုတ်ဘဲ ဇာတ်လမ်းကြောရိုးကိုသာ မှီငြမ်းထားခြင်း ဖြစ်တယ်လို့ ဒါရိုက်တာက ဆိုပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ ဇာတ်ကားနှစ်ကားကို ယှဉ်ပြီး ကြည့်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။

“ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်က ရိုက်ကူးထားတာ ဖြစ်ပြီး မင်းမော်ကွန်း၊ မြင့်မြတ်၊ ရွှေမှုံရတီ၊ ကျော်ကျော်၊ ငွေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ထိုဇာတ်ကားကြီးကို ဇန်နဝါရီ(၁၈) ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Credit-Cele Yatkwat

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။ XB Media Myanmar

Comments are closed.