အဖြစ်မှန်ကိုလာမေးလို့ သေချာရှင်းပြလိုက်တဲ့အခါ တချို့ကလက်ခံနားလည်လာကြပြီလို့ဆိုတဲ့ ယဉ်လတ်

သရုပ်ဆောင် ယဉ်လတ်ကတော့ နိုင်ငံတော်အကျိုးပြုရုပ်ရှင်ဇာတ်ကားတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်တတ်သူတစ်ယောက် ပဲဖြစ် ပါတယ်။ ယဉ်လတ်ဟာ လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း အဓမ္မဘက်ကရပ်တည်ပြီး ဆိတ်ဆိတ်နေခဲ့တာ ပရိသတ်ကြီးအားလုံး လည်းသိပြီးသားဖြစ်မှာပါ။ မကြာသေးခင်ကလည်း နေအိမ်နားမှာ ဗုံးဖောက်ခွဲခြင်းခံရတဲ့ ယဉ်လတ်ဟာ ဒီကနေ့မှာတော့ သူမရဲ့အ ကြောင်းကို တရားသဘောနဲ့ဆင်ခြင်ပြီးပြောလာတာကိုတွေ့ရပါတယ်။

““လူတိုင်းဟာ ရှိခြင်း,မရှိခြင်းနဲ့ကျေးဇူးပြုကြတယ်” တဲ့။ ချစ်တဲ့သူကြောင့်ကျေးဇူးပြုသလို မုန်းတဲ့သူကလည်း ကျေးဇူးပြုကြပါတယ်။ ချစ်တဲ့ သူကြောင့်ကြည်နူးဝမ်းသာရသလို မုန်းတဲ့သူကြောင့်လဲ သတိထားခြင်းရဲ့ အသိတရားကိုပေးနေတော့ စရိုက်မတူလို့အကြိုက် မတူတဲ့ကြားမှ ဒီဘဝအတွက် ပါလာတဲ့ ကံရဲ့ ပေးဆပ်ရမဲ့ အရာတွေကို တတ်နိုင်သမျှ ပေးဆပ်ရင်း ကုသိုလ်သည်သာအားကိုးရာ အမှန်ဖြစ်ပြီး မေတ္တာထား နိုင်တဲ့စိတ်သည်သာ ကာကွယ်မှု ပေးနိုင်သလောက်ပေးနေခဲ့တာမို့ …”

“ကောင်းခြင်းဆိုးခြင်း အပြစ်တစ်ခုအနေနဲ့ ဘယ်အရာမှ ပြောမနေပဲ .. အားလုံးနဲ့ သင့်တင့်စွာနေဖို့ကြိုးစားရင်း နေတတ်အောင်နေနေပေမဲ့ .. ဝေဒနာတွေနဲ့အပြိုင် အချိန်တန်တော့လဲ ပျောက်ကွယ်သွားမှာပါ။ မပျောက်ခင် တော့ ကျွန်မကိုချစ်ခဲ့ကြတဲ့သူတွေကို ချစ်ချင်သေးတာပေါ့ –လူတွေဟာ အချစ်ပြောရင် ပြော , မပြောရင် အပြစ်ပြောဖို့ပဲ ရှိကြ တဲ့လောကကြီးမှာ စကားလုံးတိုင်းခံစားတတ်တဲ့

ကျွန်မအတွက်တော့ ကိုယ့်စကားနဲ့ ကိုယ်အမှားမဖြစ်အောင် သတိထား နေထိုင်နေရုံပါပဲ။ အဖြစ်အမှန်ကို လာမေးတဲ့အခါ ကျွန်မသေ ချာရှင်းပြလို့ တချို့က တခါတည်း လက်ခံကြပေမဲ့ တချို့ကအချိန်တန်တော့သိလာကြလို့ ပြန်ချစ်ကြတဲ့သူတွေကို ကျွန်မတို့ ဆတိုးပီး ပို ရင်းနှီးချင်ခင်ကြရပါတယ် …” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။

Advertisement

ယဉ်လတ်ကတော့ အဖြစ်မှန်ကိုလာမေးလို့ သေချာရှင်းပြလိုက်တဲ့အခါ တချို့ကလက်ခံနားလည်လာကြပြီလို့ဆိုပြီး ပြောလာတာပဲဖြစ် ပါတယ်။ ဒါပေမယ့် ပြည်သူတွေကတော့ ဓမ္မဘက်မှာမရှိခဲ့တဲ့အနုပညာရှင်တစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။

Source: Yin Let’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*