မိန်းမလိုချင်နေကြောင်းကို ဗီနိုင်းေ ထာ င်ပြီး ပေါ်တင်ကြေညာခဲ့တဲ့ အမျိုးသား
မိန်းမလိုချင်နေကြောင်းကို ဗီနိုင်းေ ထာ င်ပြီး ပေါ်တင်ကြေညာခဲ့တဲ့ အမျိုးသား
အသက် (၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဇီယို ဆိုသူ အမျိုးသားဟာ သူနေထိုင်တဲ့ ပြည်နယ်အ တွင်းမှာ ဇနီးသည်တစ်ဦးကို ရှာဖွေနေတဲ့အကြောင်း ကြေညာတဲ့ ဗီနိုင်း တွေ ရိုက်နှိပ်ပြီး နေရာ အနှံ့မှာ လိုက်ချိတ်ထားခဲ့တာပါ။
အဇီယို ရဲ့ လုပ်ရပ်က အများအမြင်မှာ ရယ်စရာ ဖြစ်နေခဲ့ပေမယ့်လည်း သူလိုချင်တာကို ပြောင်ြေ ပာင်တင်းတင်းဖော်ပြရဲတဲ့ စိတ်ဓာတ်ကိုတော့ သဘောကျတယ်လို့ မှတ်ချက်ပေး သူတွေ ရှိနေပါတယ်။
Linn
[Unicode]
ဒီနေ့ခေတ်မှာ ချစ်သူရှာတဲ့၊ ကြင်ဖော်ရှာတဲ့ Dating App တွေ ဘယ်လောက်ပဲ ခေတ်စားနေ တ ယ်ပြောပြော နည်းပညာပိုင်းကို လိုက်မမီတဲ့ တချို့တွေအတွက်တော့ အဲဒါတွေက အသုံးမ ၀င်ပါဘူး။ ကိုယ်တိုင်ကလည်း အဲဒီလို App တွေကို မသုံးတတ် ၊ မိန်းမ ကလည်း လိုချင်နေ ၊ ဒါပေမယ့် ရည်းစားတောင်မှ မရှိ။ ဒီလိုအခြေအနေတွေဆိုရင် ကို်ယ့်ကိုယ်ကိုယ်ပဲ အားကိုးရေ တာ့မှာပါ။ ဘေးလူတွေ အားကိုးနေရင်လည်း မိန်းမ ရဖို့ လမ်းမမြင်ဘူးလေ။
မလေးရှားနိုင်ငံ၊ တီရန်ဂါနူ ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ကတော့ မိန်းမ လို ချင် လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး စွန့်စားမှုကြီးတစ်ခုကို ပြုလုပ်လိုက် ပါတော့ တယ်။
အသက် (၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဇီယို ဆိုသူ အမျိုးသားဟာ သူနေထိုင်တဲ့ ပြည်နယ် အ တွင်းမှာ ဇနီးသည်တစ်ဦးကို ရှာဖွေနေတဲ့အကြောင်း ကြေညာတဲ့ ဗီနိုင်း တွေ ရိုက်နှိပ် ပြီး နေရာ အနှံ့့မှာ လိုက်ချိတ်ထားခဲ့တာပါ။
ပြည်နယ်အတွင်းက လူစည်ကားရာ နေရာတွေမှာ အဇီယို ရဲ့ ဗီနိုင်းတွေကို တွေ့နေရပြီး အဲဒီဗီနို င်းပေါ်မှာ သူ့ရဲ့ ဓာတ်ပုံ၊ အသက်၊ ကိုယ်အလေးချိန်၊ အလုပ်အကိုင်တွေနဲ့အတူ ဆက်သွယ်လို့ရမယ့် ဖုန်းနံပတ်တွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။
အဇီယို က အလုပ်အကိုင်နေရာမှာ ကျပန်းလုပ်ကိုင်သူ လို့ ရေးသားထားတာဖြစ်ပြီး အဲဒီ ဗီနို င်းတွေ ချိတ်ဆွဲလို့ နာရီပိုင်းအကြာမှာပဲ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိခဲ့ကြောင်း အဇီယိုက Malay Mail ကို ပြောပါတယ်။
“ကိုယ့်ကိုယ်ကိုယ်ကြေညာတဲ့အနေနဲ့ ဒီလိုလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ အနီးအနား ရွာတွေမှာ ရှိကြသူတွေအနေနဲ့ စိတ်ဝင်စားကြပြီး ကျွန်တော့်ကို ဆက်သွယ်လာမယ်ဆိုတာ ယုံကြည်ထားပါတယ်”လို့ အဇီယို က ဆိုပါတယ်။
အဇီယုုိ ရဲ့ လုပ်ရပ်က အများအမြင်မှာ ရယ်စရာ ဖြစ်နေခဲ့ပေမယ့်လည်း သူလိုချင်တာကို ပြောင်ေြ ပာင်တင်းတင်းဖော်ပြရဲတဲ့ စိတ်ဓာတ်ကိုတော့ သဘောကျတယ်လို့ မှတ်ချက်ပေး သူတွေ ရှိနေပါတယ်။
ကဲ…သင်လည်း မိန်းမလိုချင်နေပြီလား။ အဇီယို လို ကြေညာလိုက်တော့လေ….။
Comments are closed.