သမီးနှစ်ယောက်ရဲ့ ကြင်ဖော်ဖြစ်လာမယ့်သူတွေကို သူ့လိုပုံစံမျိုးပဲဖြစ်စေချင်တဲ့ ဂရေဟမ်

သမီးနှစ်ယောက်ရဲ့ ကြင်ဖော်ဖြစ်လာမယ့်သူတွေကို သူ့လိုပုံစံမျိုးပဲဖြစ်စေချင်တဲ့ ဂရေဟမ်






[UNICODE FONT]

အဆိုတော် ဂရေဟမ်ကတော့ သမီးချောချောလေးတွေ ပိုင်ဆိုင်ထားသူပါ။ တခေတ်တခါတုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့ ယခုလက်ရှိမှာလည်း သမီးဖြစ်သူနဲ့အတူ အခွေတွေထွက်ရှိပြီး အောင်မြင်နေဆဲဖြစ်တဲ့ သူကတော့ ဂရေဟမ်ပဲဖြစ်ပါတယ်။

သမီးချောချောလေးတွေကိုပိုင်ဆိုင်ထားရတာမို့ မျက်ခုံးလှုပ်နေရမယ့် ဖခင်လည်းဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကတော့ လက်ရှိမှာ ဂီတလောကထဲကိုဝင်ရောက်လာပြီး အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ ဖခင်နဲ့အတူ Wake Up Daddy အယ်ဘမ် ဟာလည်း အောင်မြင်မှုရရှိခဲ့တာလည်းဖြစ်ပါတယ်။ အရွယ်ရောက်နေကြပြီဖြစ်တဲ့ သမီးလေးနှစ်ယောက်ရဲ့ ကြင်ဖော်တွေနဲ့ပတ်သက်ပြီး ဦးဂရေဟမ်ကတော့ သူ့လိုလူမျိုးကိုပဲ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“သမီးတွေရဲ့ ကြင်ဖော်ဖြစ်လာမယ့် သူတွေက ဦးဂရေဟမ်တို့လို လူမျိုးထဲက ဖြစ်စေချင်တယ်။ ဦးဂရေဟမ်က အမှန်တိုင်းပြောရရင် မိသားစုကို အရမ်း ခင်တွယ်ပြီးတော့မှ လောကကြီးမှာ အတတ်နိုင်ဆုံးကောင်းကောင်းနေဖို့ ကြိုးစားတယ် ပြသနာလည်းနည်းတယ်။ ဦးဂရေဟမ် နာမည်ပျက်လည်းမရှိဘူး။ သမီးတွေကိုလည်း အရမ်းချစ်တယ်။ အမျိုးသမီးကိုလည်း ချစ်တယ်။ မိသားစုကိုလည်း အရမ်းအချိန်ပေးတယ်။ မိသားစုဘဝမှာအကောင်းဆုံးနေတယ် ဒီလိုမျိုးခင်ပွန်းကို သမီးတွေကို ရစေချင်တယ်။ ကိုယ့်ကို ကြွားတာတော့မဟုတ်ဘူး ဒါအမှန်ပြောတာ” လို့ သမီးတွေရဲ့ ကြင်ဖော်ဖြစ်လာမယ့် သူတွေရဲ့ Type မျိုးကို ပြောပြခဲ့တာဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

မှတ်ချက်-MC အင်တာဗျူးဖြေကြားချက်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Comments are closed.