ဟဟတောင် တဝက်ပဲရမယ်လို့ ဟန်ငြိမ်းဦးကို စိန်ခေါ်လိုက်တဲ့ သင်းသင်း

ဟဟတောင် တဝက်ပဲရမယ်လို့ ဟန်ငြိမ်းဦးကို စိန်ခေါ်လိုက်တဲ့ သင်းသင်း







Video Source-Thinthin

[UNICODE FONT]

အလှမယ်သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပြီးဖြစ်ပါတယ်။ သရုပ်ဆောင် ဝေဠုကျော်နဲ့ (၈) လကြာ ချစ်သူတွေအဖြစ် တွဲခဲ့ကြပြီးနောက်မှာတော့ ကာမလိမ်လည်မှုနဲ့ သင်းသင်းက တရားစွဲခဲ့တာပါ။ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲမယ်လို့ အသိပေးခဲ့ပြီးနောက်မှာ အလှမယ်သင်းသင်းကို အွန်လိုင်းကနေပြီးတော့ အမျိုးမျိုးတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဟန်ငြိမ်းဦးဆိုတဲ့အကောင့်ကနေပြီးတော့ အလှမယ်သင်းသင်းရဲ့ ပုံတွေကို ချပြပြီး တိုက်ခိုက်မှုတွေနောက်မှာ သင်းသင်းတစ်ယောက် ဟန်ငြိမ်းဦးကို စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

သင်းသင်းဟာ ဟန်ငြိမ်းဦးကို ဘာရည်ရွယ်ချက်နဲ့ ယခုလိုမျိုးတိုက်ခိုက်နေတာလဲဆိုတာကို မေးမြန်းခဲ့ပေမယ့်လည်း သူ့ဘက်က အမှန်တရားဆိုတဲ့စကားပဲပြောခဲ့ကြောင်းနဲ့ ဟန်ငြိမ်းဦးဆိုတဲ့အကောင့်ပိုင်ရှင်ဟာ မိန်းကလေးအသံနဲ့ဖြစ်နေကြောင်းသူမက Live ထဲမှာပြောခဲ့ပါတယ်။ သူမကို အုပ်စုဖွဲ့တိုက်ခိုက်နေကြတာဖြစ်ပြီးတော့ သူမကတော့ တစ်ယောက်တည်း လမ်းဆက်လျှောက်နေသူဖြစ်ပြီး ဘာကိုမှ မကြောက်တတ်သူဖြစ်ကြောင်း ခြိမ်းခြောက်တိုင်း ကြောက်နေမှာမဟုတ်ကြောင်း ပြောခဲ့ပါသေးတယ်။

သူမအနေနဲ့ အကောင့်စစ်ဖြစ်တာကြောင့် သူမပုံတင်ပြီး ပေါ်တင်သုံးရဲပေမယ့် ဟန်ငြိမ်းဦးအနေနဲ့ ပုံအမှန်တင်ပြီး အကောင့်စစ်နဲ့ သူမကို ရုပ်လုံးထွက်ပြဖို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။ ဖော်လိုဝါ (၄) သိန်းကျော်တဲ့ အကောင့်ကို ဝယ်ပြီးသုံးနေတာလားဆိုတဲ့ မေးခွန်းမျိုးတွေကိုတော့ သူမကိုယ်တိုင်ပြန်မေးခဲ့တာတွေလည်း တွေ့ရပါသေးတယ်။ သူမကို ပြသာနာစဖြစ်တည်းက တိုက်ခိုက်ခဲ့တဲ့ ဟန်ငြိမ်းဦးအကောင့် ဘယ်သူလဲဆိုတာ သူမ မသိစေဖို့အတွက် သတိထားပြီးသုံးပါလို့ သူမက သတိပေးလိုက်ပါတယ်။

ဝဋ်ဆိုတာလည်တတ်တဲ့အမျိုးဖြစ်တာကြောင့် အလှည့်ကျရင်မနွဲ့ဖို့အတွက်ပါ သတိပေးလိုက်ပါတယ်။ သူမအကောင့်ကို Report ထုတဲ့အတွက်ကြောင့် ၂၄ နာရီ ပို့စ်တင်ခွင့်၊ Like ပေးခွင့်တွေပိတ်ခဲ့ပြီးတော့ မနေ့ညကမှ ပြန်ရခဲ့တာကြောင့် Live လွှင့်ပြီး ဟန်ငြိမ်းဦးကို ရုပ်လုံးထွက်ပြဖို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

ဟန်ငြိမ်းဦးကို စိန်ခေါ်ခဲ့တဲ့ သင်းသင်းရဲ့ Live

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Video Source-Thinthin

Comments are closed.